[Zawgyi]

ကမာၻေက်ာ္ ရွာေဖြေရးအင္ဂ်င္ႀကီး Google က Fitbit ကို $2.1 ဘီလီယံနဲ႔ ဝယ္ယူခဲ့ပါတယ္။ Activity tracker ကုမၸဏီတစ္ခုကို Google က ဝယ္လိုက္တာက သိပ္ၿပီး အံ့အားသင့္စရာမေကာင္းေပမယ့္ သူနဲ႔အၿပိဳင္ဝယ္ယူဖို႔ ႀကိဳးစားခဲ့ေပမယ့္ ရႈံးနိမ့္ခဲ့ရတဲ့ ကုမၸဏီက Facebook ျဖစ္ခဲ့တာကေတာ့ စိတ္ဝင္စားစရာ ေကာင္းပါတယ္။

The Verge မွာ ေရးသားေဖာ္ျပထားတဲ့သတင္းအရ Facebook ဟာ Google ထက္အရင္ Fitbit ကိုဝယ္ယူဖို႔ စကားေျပာခဲ့ေပမယ့္ ေဈးႏႈန္းအရ ေနာက္ေကာက္က်ခဲ့ရတာလို႔ သိရပါတယ္။ Google ကေပးေခ်တဲ့ ပမာဏက Facebook က ဝယ္ယူဖို႔ ကမ္းလွမ္းခဲ့တဲ့ပမာဏရဲ႕ ႏွစ္ဆျဖစ္တယ္လို႔ The Information ရဲ႕ သတင္းေဖာ္ျပခ်က္မွာလည္း ေတြ႕ျမင္ရပါတယ္။

ဒီေတာ့ Google ဟာ Fitbit ကို Facebook ဆီ ပါမသြားေစခ်င္တဲ့ေနာက္ကြယ္မွာ စိတ္ဝင္စားစရာ မဟာဗ်ဴဟာေတြ ရွိေနမယ္ဆိုတာ ေသခ်ာေနပါတယ္။ ဒီကုမၸဏီႏွစ္ခု အၿပိဳင္အဆိုင္ စိတ္ဝင္စားရတဲ့အေၾကာင္းရင္းဟာ Fitbit က မၾကာေသးမီကတင္ ျပဳလုပ္ခဲ့တဲ့ Oculus virtual reality headset ေတြ၊ Portal smart speaker ေတြနဲ႔ AR မ်က္မွန္ေတြနဲ႔ ဆက္စပ္တဲ့ Hardware ေတြေၾကာင့္လို႔ သိရပါတယ္။

ဒါဟာ အနာဂတ္ရဲ႕ AR ဒါမွမဟုတ္ VR headset ေတြမွာ Fitbit smartwatch နဲ႔ fitness tracker ေတြဟာ Accessory အျဖစ္ လုပ္ေဆာင္လာဖြယ္ရွိတာကို လြယ္လြယ္နဲ႔ စိတ္ကူးၾကည့္လို႔ရပါတယ္။ Google က Fitbit ကိုဝယ္ယူျခင္းရဲ႕ အဓိကရည္မွန္းခ်က္က Wearable ေတြမွာလိုအပ္ေနတဲ့ ကြက္လပ္ေတြအတြက္လို႔ ယူဆရပါတယ္။ ဒီယူဆခ်က္ တကယ္မွန္၊ မမွန္ဆိုတာကိုေတာ့ ေစာင့္ၾကည့္ရဦးမွာပါ။

Ref: The Verge

[Unicode]

Facebook လက်ထဲမရောက်အောင် ဈေးနှစ်ဆပေးပြီး Fitbit ကို ဝယ်ယူခဲ့တဲ့ Google

ကမ္ဘာကျော် ရှာဖွေရေးအင်ဂျင်ကြီး Google က Fitbit ကို $2.1 ဘီလီယံနဲ့ ဝယ်ယူခဲ့ပါတယ်။ Activity tracker ကုမ္ပဏီတစ်ခုကို Google က ဝယ်လိုက်တာက သိပ်ပြီး အံ့အားသင့်စရာမကောင်းပေမယ့် သူနဲ့အပြိုင်ဝယ်ယူဖို့ ကြိုးစားခဲ့ပေမယ့် ရှုံးနိမ့်ခဲ့ရတဲ့ ကုမ္ပဏီက Facebook ဖြစ်ခဲ့တာကတော့ စိတ်ဝင်စားစရာ ကောင်းပါတယ်။

The Verge မှာ ရေးသားဖော်ပြထားတဲ့သတင်းအရ Facebook ဟာ Google ထက်အရင် Fitbit ကိုဝယ်ယူဖို့ စကားပြောခဲ့ပေမယ့် ဈေးနှုန်းအရ နောက်ကောက်ကျခဲ့ရတာလို့ သိရပါတယ်။ Google ကပေးချေတဲ့ ပမာဏက Facebook က ဝယ်ယူဖို့ ကမ်းလှမ်းခဲ့တဲ့ပမာဏရဲ့ နှစ်ဆဖြစ်တယ်လို့ The Information ရဲ့ သတင်းဖော်ပြချက်မှာလည်း တွေ့မြင်ရပါတယ်။

ဒီတော့ Google ဟာ Fitbit ကို Facebook ဆီ ပါမသွားစေချင်တဲ့နောက်ကွယ်မှာ စိတ်ဝင်စားစရာ မဟာဗျူဟာတွေ ရှိနေမယ်ဆိုတာ သေချာနေပါတယ်။ ဒီကုမ္ပဏီနှစ်ခု အပြိုင်အဆိုင် စိတ်ဝင်စားရတဲ့အကြောင်းရင်းဟာ Fibit က မကြာသေးမီကတင် ပြုလုပ်ခဲ့တဲ့ Oculus virtual reality headset တွေ၊ Portal smart speaker တွေနဲ့ AR မျက်မှန်တွေနဲ့ ဆက်စပ်တဲ့ Hardware တွေကြောင့်လို့ သိရပါတယ်။

ဒါဟာ အနာဂတ်ရဲ့ AR ဒါမှမဟုတ် VR headset တွေမှာ Fitbit smartwatch နဲ့ fitness tracker တွေဟာ Accessory အဖြစ် လုပ်ဆောင်လာဖွယ်ရှိတာကို လွယ်လွယ်နဲ့ စိတ်ကူးကြည့်လို့ရပါတယ်။ Google က Fitbit ကိုဝယ်ယူခြင်းရဲ့ အဓိကရည်မှန်းချက်က Wearable တွေမှာလိုအပ်နေတဲ့ ကွက်လပ်တွေအတွက်လို့ ယူဆရပါတယ်။ ဒီယူဆချက် တကယ်မှန်၊ မမှန်ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပါ။

Ref: The Verge