Zawgyi




အခု News Tab နဲ့ ပတ်သတ်ပြီးတော့ သတင်းအသေးစိတ်ကို မသိရှိရသေးပေမယ့် ဖြစ်နိုင်တာက Facebook ကနေ ဒီ News Tab ကို Newsfeed နဲ့ Watch Tab တွေရဲ့ နေရာမှာပဲ ထည့်သွင်းလာဖို့များနေပါတယ်။


ဘာပဲဖြစ်ဖြစ် Facebook မှာ သတင်းဖတ်ချင်တဲ့သူတွေအတွက်တော့ ဒီ Feature က တော်တော်လေးကိုအဆင်ပြေတယ်လို့ ပြောရမှာပါ။

Ref – Phone Arena

Unicode

Facebook က အခုအချိန်မှာဆိုရင် ပုံမှန် Newsfeed တင်မဟုတ်ဘဲ Facebook Watch လိုမျိုး Video သီးသန့် Tab တစ်ခုကို ထည့်သွင်းပေးထားတာဖြစ်ပါတယ်။ အခုလည်း သတင်းတွေသီးသန့် ဖတ်ရှုနိုင်မယ့် News Tab အသစ်ကိုပါ ထည့်သွင်းပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

Facebook ရဲ့ ပြောကြားချက်အရတော့ ယခု News Tab ကိုလာမယ့် နှစ်ကုန်ပိုင်းမှာ ထည့်သွင်းပေးသွားမယ်လို့ သိရပါတယ်။ Facebook ကနေ နာမည်ကြီး Publishers တွေဖြစ်တဲ့ ABC News ၊ The Washington Post နဲ့ Bloomberg အပါအဝင် Publisher အများအပြားကို တစ်နှစ် ဒေါ်လာ ၃ သန်းလောက်အထိပေးပြီး Headline သတင်းနဲ့ Articles တွေကို News Tab မှာ ထည့်သွင်းနိုင်ဖို့ ကြိုးစားနေတာလည်းဖြစ်တယ်လို့ သိရပါတယ်။

Wall Street Journal ရဲ့ ပြောကြားချက်အရတော့ Facebook ကနေ Publisher တွေကို ဒီ News Tab မှာ Content တွေတင်ပေးဖို့အတွက် ၃ နှစ်စာ စာချူပ်ချုပ်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ အသုံးပြုသူတွေအနေနဲ့ ကိုယ့်ရဲ့ News Tab မှာ ဘယ်လိုသတင်းတွေပေါ်မလဲဆိုတာကိုလည်း ရွေးချယ်နိုင်မှာဖြစ်ပါတယ်။

အခု News Tab နဲ့ ပတ်သတ်ပြီးတော့ သတင်းအသေးစိတ်ကိုလည်း မသိရှိရသေးပေမယ့် ဖြစ်နိုင်တာက Facebook ကနေ ဒီ News Tab ကို Newsfeed နဲ့ Watch Tab တွေရဲ့ နေရာမှာပဲ ထည့်သွင်းလာဖို့များနေပါတယ်။

Mark Zuckerberg ကတော့ ပြီးခဲ့တဲ့ ဧပြီလတုန်းကတော့ ဒီလိုမျိုး News Tab ကို ထည့်သွင်းတာက အသုံးပြုသူတွေအတွက် Fake News မဟုတ်ဘဲ ယုံကြည်ရတဲ့ သတင်းတွေကို အလွယ်တကူရှာဖွေဖတ်ရှုနိုင်မှာဖြစ်သလို Journalist တွေအတွက်လည်း ပိုအဆင်ပြေစေမယ်လို့ ပြောကြားခဲ့ဖူးပါတယ်။

ဘာပဲဖြစ်ဖြစ် Facebook မှာ သတင်းဖတ်ချင်တဲ့သူတွေအတွက်တော့ ဒီ Feature က တော်တေ်ာလေးကိုအဆင်ပြေတယ်လို့ ပြောရမှာပါ။

Ref – Phone Arena