လျှပ်စစ်ကား Faraday FF91 ကားဟာ ကမ္ဘာ့ နည်းပညာ ပြပွဲကြီး (Consumer Electronics Show) မှာ ကြည့်ရှုသူတွေ ရင်သက်ရှုမော ဖြစ်ခဲ့ရတဲ့ ကားဘဲဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား ပြည်နယ် အခြေစိုက် နည်းပညာ ကုမ္ပဏီလေး Gardena က မနှစ်က ငွေရေးကြေးရေး ခက်ခဲမှုတွေနဲ့ ကြုံတွေ့ခဲ့ရပေမယ့်လည်း ၂၀၁၇ ခုနှစ်မှာတော့ ကားထုတ်လုပ်မှု လောကမှာ ရိုက်ခတ်သွားနိုင်တဲ့ စွမ်းဆောင်ရည်မြင့် Faraday FF91 ကို ထုတ်လုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

FF91 မှာ အလိုအလျောက်မောင်းနှင်တဲ့ စနစ်ပါဝင်တဲ့အပြင် 130kWh ဘက်ထရီကို အသုံးပြုထားပြီး တစ်ခါ အားသွင်းထားရုံနဲ့ မိုင်ပေါင်း ၃၇၈ မိုင်ကို မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။

အရှိန်မြှင့်နှုန်းမှာလည်း ၂.၃၉ စက္ကန့် တစ်နာရီကို မိုင် ၆၀ အရှိန် အတွင်း ရောက်ရှိနိုင်ပါတယ်။

Faraday FF91 ကားတွေကို ၂၀၁၈ ခုနှစ်မှာ စတင် ဖြန့်ဖြူးပေးသွားမှာဖြစ်ပါတယ်။

Gardenaကုမ္ပဏီ ကို ထောက်ပံ့ပေးထားတဲ့ တရုတ် နည်းပညာ ကုမ္ပဏီ LeEco ရဲ့ ပိုင်ရှင် ဘီလီယျံနာ သူဌေး ဂျာ ရိုတင် ကတာ့ ယွမ်ငွေ၂ သန်း (အမေရိကန်ဒေါ်လာ ၃ သိန်း) အောက်တော့ လျော့နည်းမယ်လို့ ဆိုပါတယ်။

နာမည်ကြီးနေတဲ့ လျှပ်စစ်ကား Tesla Model S P100 D ဆိုရင် 100 kWh ဘက်ထရီကို အသုံးပြုထားပြီး တစ်ခါအားသွင်းတာနဲ့ ၃၁၅ မိုင် မောင်းနှင်နိုင်ကာ ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၁၃၅,၇၀၀ ဘဲ ရှိပါတယ်။