FBI ဟာ Cryptocurrency မှာ အရင်ကထက်ပိုပြီး ပါဝင်ပတ်သက်လာတာကို တွေ့ရပါတယ်။ US Treasury crypto သတင်းအထောက်အထားတွေအရ Blockchain ကမ္ဘာဟာ ငွေကြေးခဝါချခြင်းတွေအတွက် ဆိပ်ခံတစ်ခုဖြစ်လာတဲ့အတွက် FBI ရဲ့ ဝင်ရောက်မှုလည်း ပိုလာတာ အံ့သြစရာတော့ မဟုတ်ပါဘူး။

Hacks ပြုလုပ်မှုတွေကလည်း အရင်ကထက် ပိုပြီးများပြားလာတာကြောင့် FBI ကတော့ ရင်းနှီးမြှုပ်နှံသူတွေရော Developer တွေကိုပါ သတိပေးနေတာ ဖြစ်ပါတယ်။ Crypto ဆိုက်ဘာလုံခြုံရေးကုမ္ပဏီ CertiK က ၂၀၂၂ ခုနှစ် ပထမနှစ်ဝက်အတွက် သူ့ရဲ့လုံခြုံရေးအစီအရင်ခံစာမှာ ထောက်ပြထားတဲ့အတိုင်း ဒီနှစ်မှာ ဆုံးရှုံးမှုတွေဟာ မကြုံစဖူး ဖြစ်နေပါတယ်။

ဇန်နဝါရီနဲ့ ဇွန်လကြားမှာ သုံးစွဲသူတွေဆီက ဒေါ်လာ ၂ ဘီလီယံ တန်ဖိုးနဲ့ညီမှုတဲ့ ပိုင်ဆိုင်မှုတွေဟာ ခိုးယူခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။ ခိုးယူမှုအများစုဟာ ပရောဂျက်တွေရဲ့ ကုဒ်က အားနည်းချက်တွေကို အသုံးချခြင်းကနေ ပေါ်ပေါက်လာတာလည်း ဖြစ်ပါတယ်။ FBI ကတော့ ဒီလို ခိုးယူမှုတွေကို နှိမ်နှင်းဖို့ စီစဉ်နေပြီး ခိုးယူသူတွေကို စတင်အပြစ်ပေးမဲ့ အစီအစဉ်ရှိနေတယ်ဆိုတာလည်း ထင်ရှားလာတာကို တွေ့နိုင်ပါတယ်။

လွန်ခဲ့တဲ့ရက်ပိုင်းက ထုတ်ပြန်တဲ့ကြေညာချက်မှာ ရင်းနှီးမြှုပ်နှံသူတွေနဲ့ Developer တွေအနေနဲ့ အဆိုပါတိုက်ခိုက်မှုတွေကို ကြိုတင်ကာကွယ်ဖို့ FBI က သတိပေးထားတာကို တွေ့ရပါတယ်။ CertiK လိုမျိုးပဲ အေဂျင်စီဟာ အနာဂတ်တိုက်ခိုက်မှုတွေ မဖြစ်ပွားစေဖို့အတွက် သူတို့ရဲ့ ပရောဂျက်တွေကို လုံခြုံစေဖို့ အချိန်ပိုယူဖို့ Developer တွေကို တောင်းဆိုထားတာ ဖြစ်ပါတယ်။

Ref: investorplace