Zawgyi

ဆက္သြယ္ေရးထုတ္ကုန္မ်ားဆုိင္ရာဖက္ဒရယ္ေကာ္မရွင္ FCC ဟာ မၾကာခင္ထြက္လာမယ္လို႔ ယူဆရတဲ့ ZTE စမတ္ဖုန္းႏွစ္လုံးရဲ႕ အခ်က္အလက္ေတြကို ေဖာ္ျပလာခဲ့ၿပီး ပုံမွန္ေဖာ္ျပေနၾကထက္ ပိုတဲ့အခ်က္အလက္ေတြကို ျမင္ေတြ႕ခဲ့ရပါတယ္။ အဆုိပါဖုန္းႏွစ္ခုကေတာ့ Blade 20 နဲ႔ Blade A5 (2020) တုိ႔ပဲျဖစ္ပါတယ္။

အဆုိပါဖုန္းႏွစ္လုံးနဲ႔သက္ဆုိင္တဲ့ ဓါတ္ပုံေတြအပါအဝင္ အခ်က္အလက္မ်ားကို တင္လာခဲ့ၿပီး ပုံမွန္ဆုိရင္ FCC က စက္ပစၥည္းေတြကို တရားဝင္အတည္ျပဳေၾကာင္းေၾကညာခ်က္ပဲ ထုတ္ျပန္ေလ့ရွိပါတယ္။

ZTE Blade 20 စမတ္ဖုန္းမွာ အခုတေလာ Flagship ေတြမွာ ျမင္ေနရတဲ့ ေလးေထာင့္ပုံကင္မရာ Island တစ္ခု ထည့္သြင္းလာခဲ့တာကို ေတြ႕ရပါတယ္။ ေရွ႕ဘက္မ်က္ႏွာျပင္မွာေတာ့ Selfie ကင္မရာအတြက္ Waterdrop Notch တစ္ခုကိုပဲ ျမင္ေတြ႕ရၿပီး ကင္မရာေတြရဲ႕အခ်က္အလက္ကိုေတာ့ မေဖာ္ျပလာေသးပါဘူး။

ဖုန္းရဲ႕ေနာက္ဘက္အကာမပါဘဲ ရုိက္ကူးထားတဲ့ ဓါတ္ပုံထဲမွာေတာ့ Blade 20 စမတ္ဖုန္းကို 5,000mAh ဘကၳရီႀကီးနဲ႔ အားျဖည့္ေထာက္ပံ့ထားတာကို ေတြ႕ရပါတယ္။ သူ႕ကို 18W Fast Charging စနစ္ပါဝင္တဲ့ USB-C အားသြင္းႀကိဳးနဲ႔ တြဲဖက္လာပါတယ္။ 3.5mm Jack အေပါက္ကိုလည္းေတြ႕ျမင္ရၿပီး အတြင္းက ခ်စ္ပ္ဆက္မွာ MediaTek ရဲ႕လိုဂုိကုိ ျမင္ရတဲ့အတြက္ Helio ခ်စ္ပ္ဆက္ကို အသုံးျပဳလာမယ္လို႔ ယူဆရပါတယ္။

ZTE Blade A5 (2020) ကေတာ့ အျပင္ပန္းအျမင္နဲ႔ၾကည့္ရင္ Fingerprint မပါဘဲ ေနာက္ဘက္မွာ Dual-camera နဲ႔ Entry Level ဟန္းဆက္တစ္ခုပါပဲ။ ဘကၳရီကလည္း 3,200 mAh ပဲျဖစ္ၿပီး အားသြင္းစနစ္က 5W ဆုိတာေၾကာင့္ သာမာန္ပဲလို႔ ဆုိႏုိင္ပါတယ္။

ZTE Blade 20 နဲ႔ Blade A5 (2020) ဖုန္းေတြကို ဘယ္ေတာ့ေစ်းကြက္ထဲ ပို႔လာမလဲ ဆုိတာေတာ့ မသိရေသးပါဘူး။ ဒါေပမယ့္ ႏုိင္ငံတကာ အသိအမွတ္ျပဳရရွိၿပီးျဖစ္တဲ့အတြက္ မၾကာခင္မွာ ထြက္ရွိရက္နဲ႔ ေစ်းႏႈန္းေတြကို ေၾကညာလာမယ္လို႔ ယူဆရပါတယ္။

Ref – GSM Arena

Unicode

ဆက်သွယ်ရေးထုတ်ကုန်များဆိုင်ရာဖက်ဒရယ်ကော်မရှင် FCC ဟာ မကြာခင်ထွက်လာမယ်လို့ ယူဆရတဲ့ ZTE စမတ်ဖုန်းနှစ်လုံးရဲ့ အချက်အလက်တွေကို ဖော်ပြလာခဲ့ပြီး ပုံမှန်ဖော်ပြနေကြထက် ပိုတဲ့အချက်အလက်တွေကို မြင်တွေ့ခဲ့ရပါတယ်။ အဆိုပါဖုန်းနှစ်ခုကတော့ Blade 20 နဲ့ Blade A5 (2020) တို့ပဲဖြစ်ပါတယ်။

အဆိုပါဖုန်းနှစ်လုံးနဲ့သက်ဆိုင်တဲ့ ဓါတ်ပုံတွေအပါအဝင် အချက်အလက်များကို တင်လာခဲ့ပြီး ပုံမှန်ဆိုရင် FCC က စက်ပစ္စည်းတွေကို တရားဝင်အတည်ပြုကြောင်းကြေညာချက်ပဲ ထုတ်ပြန်လေ့ရှိပါတယ်။

ZTE Blade 20 စမတ်ဖုန်းမှာ အခုတလော Flagship တွေမှာ မြင်နေရတဲ့ လေးထောင့်ပုံကင်မရာ Island တစ်ခု ထည့်သွင်းလာခဲ့တာကို တွေ့ရပါတယ်။ ရှေ့ဘက်မျက်နှာပြင်မှာတော့ Selfie ကင်မရာအတွက် Waterdrop Notch တစ်ခုကိုပဲ မြင်တွေ့ရပြီး ကင်မရာတွေရဲ့အချက်အလက်ကိုတော့ မဖော်ပြလာသေးပါဘူး။

ဖုန်းရဲ့နောက်ဘက်အကာမပါဘဲ ရိုက်ကူးထားတဲ့ ဓါတ်ပုံထဲမှာတော့ Blade 20 စမတ်ဖုန်းကို 5,000mAh ဘက္ထရီကြီးနဲ့ အားဖြည့်ထောက်ပံ့ထားတာကို တွေ့ရပါတယ်။ သူ့ကို 18W Fast Charging စနစ်ပါဝင်တဲ့ USB-C အားသွင်းကြိုးနဲ့ တွဲဖက်လာပါတယ်။ 3.5mm Jack အပေါက်ကိုလည်းတွေ့မြင်ရပြီး အတွင်းက ချစ်ပ်ဆက်မှာ MediaTek ရဲ့လိုဂိုကို မြင်ရတဲ့အတွက် Helio ချစ်ပ်ဆက်ကို အသုံးပြုလာမယ်လို့ ယူဆရပါတယ်။

ZTE Blade A5 (2020) ကတော့ အပြင်ပန်းအမြင်နဲ့ကြည့်ရင် Fingerprint မပါဘဲ နောက်ဘက်မှာ Dual-camera နဲ့ Entry Level ဟန်းဆက်တစ်ခုပါပဲ။ ဘက္ထရီကလည်း 3,200 mAh ပဲဖြစ်ပြီး အားသွင်းစနစ်က 5W ဆိုတာကြောင့် သာမာန်ပဲလို့ ဆိုနိုင်ပါတယ်။

ZTE Blade 20 နဲ့ Blade A5 (2020) ဖုန်းတွေကို ဘယ်တော့ဈေးကွက်ထဲ ပို့လာမလဲ ဆိုတာတော့ မသိရသေးပါဘူး။ ဒါပေမယ့် နိုင်ငံတကာ အသိအမှတ်ပြုရရှိပြီးဖြစ်တဲ့အတွက် မကြာခင်မှာ ထွက်ရှိရက်နဲ့ ဈေးနှုန်းတွေကို ကြေညာလာမယ်လို့ ယူဆရပါတယ်။

Ref – GSM Arena