[Zawgyi]

အေမရိကန္ႏိုင္ငံ အေျခစိုက္ Federal Trade Commission (FTC) ဟာ တရားမဝင္ Robocalls ေခၚဆိုမႈေတြကို အႀကိမ္ေရ သန္းေထာင္ေပါင္းမ်ားစြာျပဳလုပ္ေနတဲ့ အဖြဲ႕အစည္းႀကီး ၄ခုကို ပိတ္သိမ္းလိုက္ၿပီျဖစ္ေၾကာင္း ေၾကညာခဲ့ပါတယ္။ Robocalls ဆိုတာ ႀကိဳတင္ အသံသြင္းထားတဲ့ Message ေတြကို အလိုအေလ်ာက္ဖုန္းေခၚဆိုၿပီး ေျပာၾကားေပးတဲ့ စနစ္တခုျဖစ္ပါတယ္။ Robocalls ေတြကို မ်ားေသာအားျဖင့္ တယ္လီဖုန္းေခၚဆိုၿပီး အေရာင္းျမႇင့္တင္ေရးျပဳလုပ္တဲ့ Telemarketing ကုမၸဏီေတြနဲ႔ Telecommunication Operators ေတြက အသုံးျပဳၾကပါတယ္။ ဒါ့အျပင္ အမ်ားျပည္သူနဲ႔သက္ဆိုင္တဲ့ ဝန္ေဆာင္မႈနဲ႔ အေရးေပၚ ေၾကညာခ်က္ေတြကိုလည္း အဆိုပါ Robocalls ေတြကေန တစ္ဆင့္ ထုတ္ျပန္ေၾကညာေလ့ ရွိၾကပါတယ္။

အခုဆိုရင္ FTC က ဖုန္းေခၚဆိုမႈနဲ႔ ပတ္သက္တဲ့ သေဘာတူညီခ်က္ေတြကို ခ်ိဴးေဖာက္ၿပီး Robocalls ေခၚဆိုမႈေတြကို တရားမဝင္ ျပဳလုပ္ေနတဲ့ အဖြဲ႕အစည္းႀကီး ၄ခုကို ပိတ္သိမ္းလိုက္ၿပီ ျဖစ္ပါတယ္။ အဖြဲ႕အစည္းႀကီး ၄ခုမွာ NetDotSolutions, Higher Goals Marketing, Veterans of America နဲ႔ Pointbreak Media တို႔ျဖစ္ၾကၿပီး ဒဏ္ေၾကးေငြလည္း ေပးေဆာင္ေစခဲ့တယ္လို႔ သိရပါတယ္။ Engadget ရဲ႕ ျပန္လည္ေဖာ္ျပခ်က္ေတြအရဆိုရင္ NetDotSolutions က အေမရိကန္ေဒၚလာ ၁.၃၅ မီလီယံ၊ Higher Goals Marketing က အေမကန္ေဒၚလာ ၃.၁၅ မီလီယံ၊ Veterans of America က အေမရိကန္ေဒၚလာ ၅၅၀,၀၀၀ ခန္႔နဲ႔ Pointbreak Media က ၃.၆၂ မီလီယံ ဆိုၿပီး အသီးသီး ဒဏ္႐ိုက္ခံခဲ့ရတယ္လို႔ သိရပါတယ္။

အေမရိကန္ႏိုင္ငံရွိ Federal Communications Commission (FCC) မွာ Chairman အျဖစ္ တာဝန္ထမ္းေဆာင္ေနသူ Ajit Pai ကေတာ့ ဖုန္းကုမၸဏီေတြအေနနဲ႔ Caller ID Authentication System ( ေခၚဆိုသူ အစစ္အမွန္ျဖစ္ေၾကာင္း အေထာက္အထားစိစစ္ေရး စနစ္) ကို ဒီႏွစ္ကုန္မွာ ၿပီးစီးေအာင္ ျပဳလုပ္ဖို႔ ၿပီးခဲ့တဲ့လတုန္းက ေျပာၾကားခဲ့ပါတယ္။ ဒါ့အျပင္ သူတို႔ေတြ မလုပ္ဘူးဆိုရင္ FCC က ဝင္ေရာက္ထိန္းသိမ္း လုပ္ေဆာင္သြားဖို႔ ေတြးေတာေနေၾကာင္းကိုလည္း Ajit Pai က ထပ္မံ ေျပာၾကားထားပါေသးတယ္။

Ref : Engadgets, Cnet

[Unicode]

တရားမဝင် Robocalls ခေါ်ဆိုမှုတွေ ပြုလုပ်နေတဲ့ အဖွဲ့အစည်းကြီး ၄ခုကို FCC ပိတ်သိမ်း

အမေရိကန်နိုင်ငံ အခြေစိုက် Federal Trade Commission (FTC) ဟာ တရားမဝင် Robocalls ခေါ်ဆိုမှုတွေကို အကြိမ်ရေ သန်းထောင်ပေါင်းများစွာပြုလုပ်နေတဲ့ အဖွဲ့အစည်းကြီး ၄ခုကို ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ Robocalls ဆိုတာ ကြိုတင် အသံသွင်းထားတဲ့ Message တွေကို အလိုအလျောက်ဖုန်းခေါ်ဆိုပြီး ပြောကြားပေးတဲ့ စနစ်တခုဖြစ်ပါတယ်။ Robocalls တွေကို များသောအားဖြင့် တယ်လီဖုန်းခေါ်ဆိုပြီး အရောင်းမြှင့်တင်ရေးပြုလုပ်တဲ့ Telemarketing ကုမ္ပဏီတွေနဲ့ Telecommunication Operators တွေက အသုံးပြုကြပါတယ်။ ဒါ့အပြင် အများပြည်သူနဲ့သက်ဆိုင်တဲ့ ဝန်ဆောင်မှုနဲ့ အရေးပေါ် ကြေညာချက်တွေကိုလည်း အဆိုပါ Robocalls တွေကနေ တစ်ဆင့် ထုတ်ပြန်ကြေညာလေ့ ရှိကြပါတယ်။

အခုဆိုရင် FTC က ဖုန်းခေါ်ဆိုမှုနဲ့ ပတ်သက်တဲ့ သဘောတူညီချက်တွေကို ချိူးဖောက်ပြီး Robocalls ခေါ်ဆိုမှုတွေကို တရားမဝင် ပြုလုပ်နေတဲ့ အဖွဲ့အစည်းကြီး ၄ခုကို ပိတ်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။ အဖွဲ့အစည်းကြီး ၄ခုမှာ NetDotSolutions, Higher Goals Marketing, Veterans of America နဲ့ Pointbreak Media တို့ဖြစ်ကြပြီး ဒဏ်ကြေးငွေလည်း ပေးဆောင်စေခဲ့တယ်လို့ သိရပါတယ်။ Engadget ရဲ့ ပြန်လည်ဖော်ပြချက်တွေအရဆိုရင် NetDotSolutions က အမေရိကန်ဒေါ်လာ ၁.၃၅ မီလီယံ၊ Higher Goals Marketing က အမေကန်ဒေါ်လာ ၃.၁၅ မီလီယံ၊ Veterans of America က အမေရိကန်ဒေါ်လာ ၅၅၀,၀၀၀ ခန့်နဲ့ Pointbreak Media က ၃.၆၂ မီလီယံ ဆိုပြီး အသီးသီး ဒဏ်ရိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။

အမေရိကန်နိုင်ငံရှိ Federal Communications Commission (FCC) မှာ Chairman အဖြစ် တာဝန်ထမ်းဆောင်နေသူ Ajit Pai ကတော့ ဖုန်းကုမ္ပဏီတွေအနေနဲ့ Caller ID Authentication System ( ခေါ်ဆိုသူ အစစ်အမှန်ဖြစ်ကြောင်း အထောက်အထားစိစစ်ရေး စနစ်) ကို ဒီနှစ်ကုန်မှာ ပြီးစီးအောင် ပြုလုပ်ဖို့ ပြီးခဲ့တဲ့လတုန်းက ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် သူတို့တွေ မလုပ်ဘူးဆိုရင် FCC က ဝင်ရောက်ထိန်းသိမ်း လုပ်ဆောင်သွားဖို့ တွေးတောနေကြောင်းကိုလည်း Ajit Pai က ထပ်မံ ပြောကြားထားပါသေးတယ်။

Ref : Engadgets, Cnet