၂၀၂၄ ခုနှစ် ဇန်နဝါရီလမှာ လူတူစက်ရုပ်တွေ တီထွင်နေတဲ့ Figure ကုမ္ပဏီဟာ တောင်ကယ်ရိုလိုင်းနား ၊ စပါတန်ဘတ်မှ BMW ရဲ့ ကား ထုတ်လုပ်တဲ့ စက်ရုံမှာ သူ့ရဲ့ လူတူစက်ရုပ်ကို အသုံးပြုဖို့ BMW နဲ့ သဘောတူညီခဲ့ပါတယ်။

အခုတော့ Figure က 01 လူတူ စက်ရုပ်ဟာ BMW ရဲ့ ကားစက်ရုံမှာ ကား တပ်ဆင်ပေးနေတဲ့ ဗီဒီယို ၁ ခုကို မျှဝေလိုက်ပါတယ်။ Figure က စက်ရုပ်ဟာ ထိန်းချုပ်စရာ မလိုဘဲ အလိုအလျှောက် အလုပ်လုပ်နိုင်တယ်လို့ ပြောပါတယ်။

Figure 01: Coffee-making humanoid robot now shows car assembly skill at BMW

လွန်ခဲ့တဲ့ လအနည်းငယ်က Mercedes ကလည်း ကားထုတ်လုပ်တဲ့ စက်ရုံမှာ Apptronik ရဲ့ Apollo စက်ရုပ်ကို အလုပ်လုပ်ခိုင်းထားတယ်လို့ ကြေညာခဲ့ပါတယ်။ စက်ရုပ်ဟာ ပစ္စည်းတွေ သယ်ယူပို့ဆောင်တာနဲ့ လူသား ဝန်ထမ်းတွေကို ကူညီပေးတာတွေ ပြုလုပ်နိုင်ပါတယ်။

Figure 01 စက်ရုပ်ဟာ အရပ်အမြင့် ၁.၆ မီတာနဲ့ အလေးချိန် ၁၃၂ ပေါင် ရှိပါတယ်။ လျှပ်စစ်စွမ်းအင်သုံး စက်ရုပ်ဖြစ်ပြီး ၁ ခါ အားအပြည့်သွင်းထားရင် ၅ နာရီ အလုပ်လုပ်နိုင်ပါတယ်။

Figure ကုမ္ပဏီကို Brett Adcock က ၂၀၂၂ ခုနှစ်မှာ တည်ထောင်ခဲ့ပြီး Boston Dynamics , Tesla , Google DeepMink နဲ့ Archer Aviation တို့လို နည်းပညာ ကုမ္ပဏီကြီးတွေရဲ့ ဝန်ထမ်းဟောင်းတွေကို အလုပ်ခေါ်ယူခန့်ထားတဲ့အတွက် Figure ဟာ အချိန်တိုအတွင်း အောင်မြင်လာတာ ဖြစ်ပါတယ်။

Ref : interestingengineering