Square Enix ရဲ့ ဥက္ကဌ Yosuke Matsuda က “ Final Fantasy 14 ကို ဖန်တီးထားတဲ့ ဒီဇိုင်းအရ လက်ရှိမှာ NFT တွေကို ထည့်သွင်းထားမှာ မဟုတ်ပါဘူး။ NFT တွေ ပါဝင်လာမှာကို စိုးရိမ်နေသူတွေအတွက် စိတ်အေးအေးထားဖို့ ကျွန်တော် အာမခံနိုင်ပါတယ်။ “ လို့ Letter to the Producer Livestream မှာ ပြောကြားလိုက်ပါတယ်။
Livestream မှာ သူက Final Fantasy 14 ကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ အခမဲ့ စမ်းသပ် ကစားနိုင်မယ်လို့လည်း ပြောပါတယ်။ Endwalker ဖြန့်ချိပြီးနောက်မှာ ဆာဗာ မတည်ငြိမ်မှုကြောင့် အခမဲ့ စမ်းသပ် ကစားနိုင်မယ့် လျှောက်လွှာတွေကို အရင်က ရပ်နားခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် Yosuke Matsuda က Version 7.0 မှာ ပါလာမယ့် ဂရပ်ဖစ် Update တွေကို ပြသလိုက်ပါတယ်။ ဇာတ်ကောင်တွေရဲ့ ဆံပင်၊ အသားအရည်၊ လက်နက် ကိရိယာတွေရဲ့ Resolution ပိုကောင်းလာပေမယ့် ခန္တာကိုယ် တစ်ခုလုံးရဲ့ ပုံသဏ္ဍာန်က အနည်းငယ်ပဲ ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။ ပတ်ဝန်းကျင်နဲ့ Dungeons တွေရဲ့ Resolution ပိုကောင်းလာတာ မြင်ရပါတယ်။
Square Enix ရဲ့ ဥက္ကဌ Matsuda က “ ဂိမ်းနယ်ပယ်မှာ NFT , Metaverse , Cloud နည်းပညာနဲ့ Cryptocurrency တွေဟာ တွင်ကျယ်လာမှာပါ။ Blockchain ဂိမ်းတွေမှာ NFT တွေ ရနိုင်တဲ့အတွက် စွဲစွဲလမ်းလမ်း ကစားလာကြမှာပါ။ Blockchain ဂိမ်း နယ်ပယ်ကို လူတွေရဲ့ စိတ်ပါဝင်စားမှုကို အနီးကပ် စောင့်ကြည့်မှာ ဖြစ်ပြီး တခြား အဖွဲ့အစည်းတွေရဲ့ ဖန်တီးမှုတွေကိုလည်း လေ့လာမှာပါ။ အဲဒီ ကနေ စီးပွားရေး ၁ ခုကို တည်ထောင်မှာ ဖြစ်ပြီး အနာဂတ်မှာ NFT တွေကို ရောင်းချမှာ ဖြစ်ပါတယ်။ “ လို့ အရင်က ပြောခဲ့ဖူးပါတယ်။
Ref : pcgamer