Microsoft XBox နဲ့ PlayStation 4 ဂိမ်းစက်တွေမှာ နာမည်ကြီးဂိမ်းတစ်ခုဖြစ်တဲ့ FInal Fantasy XV ဂိမ်းကို အခုအချိန်မှာ Google Play Store မှာ Download ပြုလုပ်ပြီးဆော့ကစားနိုင်ပြီပဲဖြစ်ပါတယ်။

အခု Final Fantasy XV Pocket Edition ဂိမ်းဟာ Chapter ၁၀ ခုပါဝင်တဲ့ ဂိမ်းတစ်ခုဖြစ်ပြီး လှပတဲ့ ဂရပ်ဖစ်တွေနဲ့အတူ နိုင်ငံကြီးကို ကယ်တင်ရမှာဖြစ်ပါတယ်။ အခု ဂိမ်းဟာ ပထမ Chapter ကိုပဲ အခမဲ့ဆော့ကစားနိုင်မှာဖြစ်ပြီးတော့ ကျန်တဲ့ Chapter ၉ ခုကိုတော့ ၀.၉၉ ဒေါ်လာနဲ့ ၃.၉၉ ဒေါ်လာပေးပြီး ဝယ်ယူရမှာပဲဖြစ်ပါတယ်။

အခု Final Fantasy XV Pocket Edition ဂိမ်းဟာ အခမဲ့ဆော့ကစားနိုင်တဲ့ဂိမ်းမျိုးမဟုတ်တဲ့အပြင် Game Data ကလည်း အနည်းဆုံး 8GB လိုအပ်မှာဖြစ်ပြီးတော့ Processor ကလည်း Quad Core 1.5Ghz နဲ့ အထက်ရှိဖို့လိုအပ်ပြီး RAM အနေနဲ့လည်း အနည်းဆုံး 2GB ရှိရမှာဖြစ်ပါတယ်။ Android Version 5.0 နဲ့ အထက်တွေပဲ ဆော့ကစားနိုင်ဦးမှာပါ။

Final Fantasy XV Pocket Edition ဂိမ်းဟာ လက်ရှိအချိန်မှာ စမတ်ဖုန်းတွေအတွက် အကောင်းဆုံးဂိမ်းတစ်ခုဖြစ်လာပြီးတော့ အခုလိုမျိုး ကန့်သတ်ချက်များပြားမှုတွေကြောင့် ဆော့ကစားသူများပြားလာဖို့တော့ နည်းပါးနေပါတယ်။