[Zawgyi]

ဒီေန႔ေခတ္မွာ Browser ေတြကို ကြန္ပ်ဴတာေတြတင္မကဘဲ စမတ္ဖုန္းေတြ၊ တက္ဘလက္ေတြမွာလည္း တြင္တြင္က်ယ္က်ယ္ အသုံးျပဳေနၾကပါၿပီ။ Device မ်ိဳးစုံမွာ အသုံးျပဳေနတဲ့ Browser ေတြအတြက္ အဓိကေတာင္းဆိုခ်က္က ေပါ့ပါးဖို႔ရယ္၊ အသုံးျပဳရ ျမန္ဆန္ဖို႔ရယ္ပဲ ျဖစ္ပါတယ္။

Mozilla Taiwan ရဲ႕ Firefox Lite ဟာ ေနာက္ထပ္ ဗားရွင္းသစ္အျဖစ္ ထပ္ၿပီး ထြက္လာခဲ့ျပန္ပါၿပီ။ ဒီတစ္ခါေတာ့ Firefox Lite အမည္နဲ႔ပဲ ျပန္ထြက္ခဲ့တာပါ။ ကနဦးတုန္းကေတာ့ Firefox Rocket ဆိုၿပီး အမည္ေပးခဲ့ပါတယ္။ ဒါေပမယ့္ Lite လို႔ နာမည္ျပန္ေျပာင္းခဲ့ပါတယ္။ ေနာက္တစ္ခါက်ေတာ့ Rocket ဆိုၿပီး ျပန္ေျပာင္းခဲ့ျပန္ပါတယ္။

အခုတစ္ေခါက္ကေတာ့ Firefox Lite 2.0 for Android လို႔ နာမည္ျပန္ေပးခဲ့တဲ့ Chromium-based app ဟာ ads ေတြကို အလိုအေလ်ာက္ ေျခရာခံၿပီး တားဆီးေပးမွာလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ Bandwidth ေလ်ာ့နည္းေနရင္လည္း ေပါ့ေပါ့ပါးပါးနဲ႔ ျမန္ျမန္ဆန္ဆန္ Browsing လုပ္ႏိုင္ေအာင္ ဒီဇိုင္းထုတ္ထားတယ္လို႔လည္း သိရပါတယ္။ ဒါဟာ နာမည္ေလးခါေျပာင္းၿပီးမွ ျဖစ္လာတာပါ။

Firefox Lite ရဲ႕ Update သစ္မွာ ႏွစ္သက္စရာေကာင္းတဲ့ လုပ္ေဆာင္ခ်က္အေတာ္မ်ားမ်ား ပါဝင္ေနတယ္လို႔လည္း သိရပါတယ္။ အထူးသျဖင့္ Built-in Full-page screenshots လိုမ်ိဳးလုပ္ေဆာင္ခ်က္ကို ေထာက္ပံ့ေပးလိုက္တာကေတာ့ အေတာ္ေလး ႏွစ္သက္စရာ ေကာင္းတယ္လို႔ဆိုရမွာပါ။ ဒါ့အျပင္ Page ေတြကို တစ္ၿပိဳင္နက္ဖြင့္ရင္လည္း အားလုံးက ျမန္ျမန္ဆန္ဆန္နဲ႔ Load ျပဳလုပ္ႏိုင္တယ္လို႔ ဆိုပါတယ္။

ဒါ့အျပင္ Homepage မွာ ကုန္ပစၥည္းေတြကို ေဈးႏႈန္းခ်င္း ယွဥ္ၾကည့္ႏိုင္တဲ့ ရွာေဖြမႈကိုလည္း ျပဳလုပ္ႏိုင္ပါေသးတယ္။ အခုအခ်ိန္မွာေတာ့ ဒီလုပ္ေဆာင္ခ်က္ကို အာရွႏိုင္ငံအခ်ိဳ႕မွာပဲ ရဦးမွာ ျဖစ္ပါတယ္။ Firefox Lite 2.0 ဟာ Privacy ပိုင္းမွာလည္း စိတ္ခ်ရတယ္လို႔ ၫႊန္းဆိုျခင္းခံရတဲ့ Browser လည္း ျဖစ္ပါတယ္။

Ref: Android Police

[Unicode]

Android တွေအတွက် လိုင်းမကောင်းရင်လည်း ပေါ့ပေါ့ပါးပါး မြန်မြန်ဆန်ဆန် အသုံးပြုနိုင်မယ့် Firefox Lite 2.0 ထွက်လာပြီ

ဒီနေ့ခေတ်မှာ Browser တွေကို ကွန်ပျူတာတွေတင်မကဘဲ စမတ်ဖုန်းတွေ၊ တက်ဘလက်တွေမှာလည်း တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြပါပြီ။ Device မျိုးစုံမှာ အသုံးပြုနေတဲ့ Browser တွေအတွက် အဓိကတောင်းဆိုချက်က ပေါ့ပါးဖို့ရယ်၊ အသုံးပြုရ မြန်ဆန်ဖို့ရယ်ပဲ ဖြစ်ပါတယ်။

Mozilla Taiwan ရဲ့ Firefox Lite ဟာ နောက်ထပ် ဗားရှင်းသစ်အဖြစ် ထပ်ပြီး ထွက်လာခဲ့ပြန်ပါပြီ။ ဒီတစ်ခါတော့ Firefox Lite အမည်နဲ့ပဲ ပြန်ထွက်ခဲ့တာပါ။ ကနဦးတုန်းကတော့ Firefox Rocket ဆိုပြီး အမည်ပေးခဲ့ပါတယ်။ ဒါပေမယ့် Lite လို့ နာမည်ပြန်ပြောင်းခဲ့ပါတယ်။ နောက်တစ်ခါကျတော့ Rocket ဆိုပြီး ပြန်ပြောင်းခဲ့ပြန်ပါတယ်။

အခုတစ်ခေါက်ကတော့ Firefox Lite 2.0 for Android လို့ နာမည်ပြန်ပေးခဲ့တဲ့ Chromium-based app ဟာ ads တွေကို အလိုအလျောက် ခြေရာခံပြီး တားဆီးပေးမှာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် Bandwidth လျော့နည်းနေရင်လည်း ပေါ့ပေါ့ပါးပါးနဲ့ မြန်မြန်ဆန်ဆန် Browsing လုပ်နိုင်အောင် ဒီဇိုင်းထုတ်ထားတယ်လို့လည်း သိရပါတယ်။ ဒါဟာ နာမည်လေးခါပြောင်းပြီးမှ ဖြစ်လာတာပါ။

Firefox Lite ရဲ့ Update သစ်မှာ နှစ်သက်စရာကောင်းတဲ့ လုပ်ဆောင်ချက်အတော်များများ ပါဝင်နေတယ်လို့လည်း သိရပါတယ်။ အထူးသဖြင့် Built-in Full-page screenshots လိုမျိုးလုပ်ဆောင်ချက်ကို ထောက်ပံ့ပေးလိုက်တာကတော့ အတော်လေး နှစ်သက်စရာ ကောင်းတယ်လို့ဆိုရမှာပါ။ ဒါ့အပြင် Page တွေကို တစ်ပြိုင်နက်ဖွင့်ရင်လည်း အားလုံးက မြန်မြန်ဆန်ဆန်နဲ့ Load ပြုလုပ်နိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် Homepage မှာ ကုန်ပစ္စည်းတွေကို ဈေးနှုန်းချင်း ယှဉ်ကြည့်နိုင်တဲ့ ရှာဖွေမှုကိုလည်း ပြုလုပ်နိုင်ပါသေးတယ်။ အခုအချိန်မှာတော့ ဒီလုပ်ဆောင်ချက်ကို အာရှနိုင်ငံအချို့မှာပဲ ရဦးမှာ ဖြစ်ပါတယ်။ Firefox Lite 2.0 ဟာ Privacy ပိုင်းမှာလည်း စိတ်ချရတယ်လို့ ညွှန်းဆိုခြင်းခံရတဲ့ Browser လည်း ဖြစ်ပါတယ်။

Ref: Android Police