Meizu 21 ကို ပြီးခဲ့တဲ့ တစ်ပတ်က ကြေညာခဲ့ပြီး တရုတ်မှာ ရောင်းချပေးလိုက်ပါပြီ။ ကား ကုမ္ပဏီ Geely က ပိုင်တဲ့ Meizu က စတင် ရောင်းချလိုက်တဲ့ စက္ကန့်ပိုင်းအတွင်း ယွမ် သန်း ၁၀၀ ဖိုး ရောင်းချရတယ်လို့ ဝီဘိုမှာ ကြေညာလိုက်ပါတယ်။ စက္ကန့်ပိုင်းအတွင်း အလုံးရေ ၂၅,၀၀၀ ကျော် ရောင်းချနိုင်ခဲ့တာပါ။

Meizu 21 reached CNY 100 million in sales, says the poster

Meizu 21 အတွက် Version ၂ မျိုး ထုတ်လုပ်ထားပြီး 8/256GB ကို ၃,၃၉၉ ယွမ် (၄၈၀ ဒေါ်လာ) နဲ့ 12/512GB ကို ၃,၉၉၉ ယွမ် (၅၆၅ ဒေါ်လာ) သတ်မှတ်ထားပါတယ်။ တွက်ချက်ကြည့်ရင် စက္ကန့်ပိုင်းအတွင်း အလုံးရေ ၂၅,၀၀၀ ကနေ ၂၉,၀၀၀ အတွင်း ရောင်းချနိုင်ခဲ့တာပါ။ ဘယ်မော်ဒယ်ကို လူကြိုက်ပိုများသလဲ ဆိုတာတော့ မသိသေးပါဘူး။

First Meizu 21 sale ends in seconds, over 25,000 units sold

Meizu ကို ကားကုမ္ပဏီက ပိုင်တဲ့အတွက် Meizu 21 ရဲ့ အဓိက လုပ်ဆောင်ချက် တစ်ခုက Meizu စမတ်ဖုန်းနဲ့ Lynk & Co 08 လျှပ်စစ်ကားနဲ့ ချိတ်ဆက် အသုံးပြုနိုင်တဲ့ In-car Infotainment System ဖြစ်တဲ့ FlymeAuto ဖြစ်ပါတယ်။ Geely ဟာ Volvo Cars , Smart, Polestar နဲ့ Lotus တို့ ပိုင်ရှင်လည်း ဖြစ်ပါတယ်။

Meizu 21 မှာ Snapdragon 8 Gen 3 Chipset , 200MP Main ကင်မရာနဲ့ 80W Wired Charging ထည့်သွင်းထားပါတယ်။ Meizu 21 ကို တရုတ် ပြင်ပမှာ ရောင်းချမယ့် သတင်းကို မသိရသေးပါဘူး။

Ref : gsmarena