လူတူ စက်ရုပ်က ရေးဆွဲတဲ့ ကမ္ဘာ့ ပထမဆုံး ပန်းချီကားကို လေလံတင်ရောင်းချနိုင်ခဲ့ပြီး အင်္ဂလိပ် သင်္ချာ ပညာရှင် Alan Turing ရဲ့ ရုပ်ပုံကို ရေးဆွဲထားတာ ဖြစ်ပါတယ်။ ပန်းချီကား အမည်က A.I. God. Portrait of Alan Turing ဖြစ်ပြီး ဒေါ်လာ ၁.၀၈ သန်းနဲ့ လေလံတင်ရောင်းချနိုင်ခဲ့ပါတယ်။

AI artist Ai-Da set to make auction history with portrait | Daily Sabah

AI နည်းပညာ ပါတဲ့ Ai-Da လူတူစက်ရုပ်က ရေးဆွဲထားတာ ဖြစ်ပြီး ၂.၂ မီတာ အမြင့် ရှိပါတယ်။ အဆင့်အမြင့်ဆုံး လူတူစက်ရုပ်တွေထဲက တစ်ခု ဖြစ်တဲ့ Ai-Da မှာ AI Algorithm ကို အသုံးပြုထားပြီး မျက်လုံးမှာ ကင်မရာတွေ တပ်ဆင်ထားပါတယ်။ စက်ရုပ်လက်တံတွေ တပ်ဆင်ထားပြီး အနုပညာလက်ရာတွေကို ဖန်တီးနိုင်ပါတယ်။

အဲဒီ စက်ရုပ်ကို အောက်စဖို့နဲ့ ဘာမင်ဂမ် တက္ကသိုလ်တွေမှ AI ပညာရှင်တွေနဲ့ Aidan Meller တို့ ပူးပေါင်း ဖန်တီးထားတာ ဖြစ်ပါတယ်။ အနာဂတ်မှာ AI ရဲ့ စွမ်းအားကို တိုးတက်အောင် တီထွင်ဖို့ ရည်မှန်းထားပါတယ်။ အနုပညာလောကမှာ ဒီပန်းချီကားဟာ AI လူတူစက်ရုပ်က ဖန်တီးတဲ့ ကမ္ဘာ့ ပထမဆုံး အဖြစ် မှတ်တမ်းဝင်သွားပါတယ်။

Robot artist Ai-Da powered by AI to make history as its portrait of Alan Turing goes to auction at Sotheby's | Malay Mail

AI ဟာ လူသားတွေရဲ့ ဘဝကို များစွာ အကျိုးပြုလာပြီး  နယ်ပယ်မျိုးစုံမှာ အသုံးချလာကြပါတယ်။ အခုတော့ အနုပညာလောကမှာလည်း AI ကို အသုံးပြုလာကြပါတယ်။

Ref: myelectricsparks