Unicode

ဒီနေ့မှာ လုံးဝထင်မှတ်မထားတဲ့ Leak တစ်ခု ပေါက်ကြားလာပြီး အဲ့ဒါကတော့ Apple ရဲ့ ၂၀၂၀ ခုနှစ်အတွက် မျိုးဆက်သစ် iPad Pro များရဲ့ Render ဓါတ်ပုံများပဲဖြစ်ပါတယ်။ ဒီပုံထဲမှာပါတဲ့ ထုတ်ကုန်တွေဟာ ၂၀၂၀ ခုနှစ်ရဲ့ iPad Pro 11 နဲ့ iPad Pro 12.9 လို့ဆိုထားတဲ့အပြင် ပိုစတာမှာ ဖော်ပြထားတဲ့အတိုင်းဆိုရင် ၂၀၂၀ မတ်လမှာတင် ထွက်လာမယ်လို့ ဆိုထားတာပါ။

ဓါတ်ပုံထဲမှာမြင်ရတဲ့အတိုင်း တစ်ခုနဲ့တစ်ခု ဒီဇိုင်းပိုင်းမှာ ထပ်တူနီးပါးကျတဲ့ iPad Pro 11 နဲ့ iPad Pro 12.9 တို့မှာ လက်ရှိမျိုးဆက်ရဲ့ နောက်ဘက်ကင်မရာတစ်လုံးတည်းအစား ၂၀၁၉ အိုင်ဖုန်းတွေလိုပဲ Triple-camera သုံးလုံးတွဲကို မြင်တွေ့ရပါတယ်။

ယခင်ကထွက်ထားတဲ့ သတင်းတွေမှာတော့ လာမယ့်နှစ် iPad Pro အသစ်တွေဟာ 3D အာရုံခံ ကင်မရာနည်းပညာ ပါဝင်လာမယ်လို့ ဆိုထားပြီး ရှေ့ဘက်ကင်မရာအတွက်ဖြစ်မယ်လို့ ယူဆရပါတယ်။ အခု Leak ထဲမှာ ၂၀၂၀ ခုနှစ် iPad Pro 11 ရဲ့ အချိုးအစားကို 248 x 178.6 x 5.9mm လို့ ဖော်ပြထားတဲ့အတွက် လက်ရှိမျိုးဆက်နဲ့ အတူတူပါပဲ။

အားလုံးထဲမှာ စိတ်ဝင်စားစရာအကောင်းဆုံးက ထွက်ရှိရက်ပါ။ Apple ဟာ သူတို့ရဲ့ ဈေးချိုလယ်ဗယ် iPad တွေကို မတ်လမှာ ထုတ်ပြလေ့ရှိပေမယ့် ၂၀၁၉ စက်တင်ဘာကမှ iPhone 11 Pro စီးရီးနဲ့အတူ iPad 10.2 အသစ်ကို မိတ်ဆက်ထားတာပါ။

iPad Pro 11 နဲ့ Pro 12.9 တို့ဟာလည်း ပြီးခဲ့တဲ့နိုဝင်ဘာကမှ ထွက်ရှိထားတာဖြစ်ပါတယ်။ Apple အနေနဲ့ ပုံမှန်ထက် ခြောက်လစောပြီး မိတ်ဆက်လာဖို့ဆိုတာ ဖြစ်နိုင်ပေမယ့် သိပ်တော့ မျှော်လင့်ချက်မထားစေချင်ပါဘူး။

Ref – GSM Arena

Zawgyi

ဒီေန႔မွာ လုံးဝထင္မွတ္မထားတဲ့ Leak တစ္ခု ေပါက္ၾကားလာၿပီး အဲ့ဒါကေတာ့ Apple ရဲ႕ ၂၀၂၀ ခုႏွစ္အတြက္ မ်ဳိးဆက္သစ္ iPad Pro မ်ားရဲ႕ Render ဓါတ္ပုံမ်ားပဲျဖစ္ပါတယ္။ ဒီပုံထဲမွာပါတဲ့ ထုတ္ကုန္ေတြဟာ ၂၀၂၀ ခုႏွစ္ရဲ႕ iPad Pro 11 နဲ႔ iPad Pro 12.9 လို႔ဆုိထားတဲ့အျပင္ ပုိစတာမွာ ေဖာ္ျပထားတဲ့အတုိင္းဆုိရင္ ၂၀၂၀ မတ္လမွာတင္ ထြက္လာမယ္လို႔ ဆုိထားတာပါ။

ဓါတ္ပုံထဲမွာျမင္ရတဲ့အတုိင္း တစ္ခုနဲ႔တစ္ခု ဒီဇုိင္းပိုင္းမွာ ထပ္တူနီးပါးက်တဲ့ iPad Pro 11 နဲ႔ iPad Pro 12.9 တုိ႔မွာ လက္ရွိမ်ဳိးဆက္ရဲ႕ ေနာက္ဘက္ကင္မရာတစ္လုံးတည္းအစား ၂၀၁၉ အုိင္ဖုန္းေတြလိုပဲ Triple-camera သုံးလုံးတြဲကို ျမင္ေတြ႕ရပါတယ္။

ယခင္ကထြက္ထားတဲ့ သတင္းေတြမွာေတာ့ လာမယ့္ႏွစ္ iPad Pro အသစ္ေတြဟာ 3D အာရုံခံ ကင္မရာနည္းပညာ ပါဝင္လာမယ္လို႔ ဆုိထားၿပီး ေရွ႕ဘက္ကင္မရာအတြက္ျဖစ္မယ္လို႔ ယူဆရပါတယ္။ အခု Leak ထဲမွာ ၂၀၂၀ ခုႏွစ္ iPad Pro 11 ရဲ႕ အခ်ဳိးအစားကို 248 x 178.6 x 5.9mm လို႔ ေဖာ္ျပထားတဲ့အတြက္ လက္ရွိမ်ဳိးဆက္နဲ႔ အတူတူပါပဲ။

အားလုံးထဲမွာ စိတ္ဝင္စားစရာအေကာင္းဆုံးက ထြက္ရွိရက္ပါ။ Apple ဟာ သူတုိ႔ရဲ႕ ေစ်းခ်ဳိလယ္ဗယ္ iPad ေတြကို မတ္လမွာ ထုတ္ျပေလ့ရွိေပမယ့္ ၂၀၁၉ စက္တင္ဘာကမွ iPhone 11 Pro စီးရီးနဲ႔အတူ iPad 10.2 အသစ္ကို မိတ္ဆက္ထားတာပါ။

iPad Pro 11 နဲ႔ Pro 12.9 တုိ႔ဟာလည္း ၿပီးခဲ့တဲ့ႏုိဝင္ဘာကမွ ထြက္ရွိထားတာျဖစ္ပါတယ္။ Apple အေနနဲ႔ ပုံမွန္ထက္ ေျခာက္လေစာၿပီး မိတ္ဆက္လာဖို႔ဆုိတာ ျဖစ္ႏုိင္ေပမယ့္ သိပ္ေတာ့ ေမွ်ာ္လင့္ခ်က္မထားေစခ်င္ပါဘူး။

Ref – GSM Arena