[Unicode]

Xiaomi က လာမယ့်လမှာ Mi 10 Series ကို ကြေညာတော့မယ်လို့ ထင်ပါတယ်။ အဲဒီဖုန်းတွေရဲ့ ဓါတ်ပုံများစွာ ပေါက်ကြားထွက်ပေါ်ခဲ့ဖူးပါတယ်။ အခုတော့ Mi 10 Pro ရဲ့ Hands-on ဓါတ်ပုံတွေ ပထမဆုံး အကြိမ်ထွက်ပေါ်လာပီး အနောက်ဘက်ဟာ Mi Note 10 နဲ့ ဆင်တူပါတယ်။

ကင်မရာ ၃ လုံးကို ပူးတွဲ တပ်ဆင်ထားပြီး နောက် ၁ လုံးကို သီးခြား ခွဲထုတ်ထားပါတယ်။ Dual-LED Flash ထည့်သွင်းထားပြီး မတူညီတဲ့ အလင်းရောင်တွေကို ထုတ်လုပ်ပေးနိုင်မယ့်ပုံပေါ်ပါတယ်။ ဖုန်းကို ပါဝါ ပိတ်ထားတဲ့အတွက် နမူနာမော်ဒယ် ဖြစ်နိုင်ပါတယ်။ ဖုန်းဘူးခွံ ဓါတ်ပုံလည်း ပါလာပြီး 10 စာသားကို ကြီးကြီး ရေးထားတာ မြင်ရပါတယ်။ ဒါ့အပြင် အောက်ခြေမှာ Pro နဲ့ 5G စာသားတွေကို ရေးသားထားပါတယ်။

အောက်ခြေမှာ USB-C Port တပ်ဆင်ထားပြီး ဘေးဘက်မှာ စပီကာအပေါက်နဲ့ SIM Slot ထည့်သွင်းထာပါတယ်။ ထိပ်ဖက်မှာလည်း စပီကာ ၁ လုံး တပ်ဆင်ထားပြီး Noise-cancellation Mic နဲ့ အရွယ်သေး IR Blaster ၁ လုံး ပါပါတယ်။ မော်ဒယ်နံပါတ် M2001J1C ပါတဲ့ဖုန်းရဲ့ 65W Charger ဓါတ်ပုံကို မြင်ရပြီး နိုဝင်ဘာလက ထွက်ခဲ့တဲ့ သတင်းအတိုင်း Mi 10 Sereis တွေဟာ Xiaomi ရဲ့ ဖုန်းတွေထဲမှာ အားသွင်းအမြန်ဆုံး ဖြစ်လာမှာပါ။ ကင်မရာက 108MP ဖြစ်နိုင်ပြီး Mi 10 Pro ရဲ့ ဓါတ်ပုံတချို့ကို နောက်ထပ် Mi 10 Pro ၁ လုံးနဲ့ ရိုက်ကူးထားတာပါ။

Ref : gsmarena

[Zawgyi]

65W Charger နဲ႔အတူ Xiaomi Mi 10 Pro ရဲ႕ ဓါတ္ပုံေတြ ထြက္ေပၚလာ

Xiaomi က လာမယ့္လမွာ Mi 10 Series ကို ေၾကညာေတာ့မယ္လို႔ ထင္ပါတယ္။ အဲဒီဖုန္းေတြရဲ႕ ဓါတ္ပုံမ်ားစြာ ေပါက္ၾကားထြက္ေပၚခဲ့ဖူးပါတယ္။ အခုေတာ့ Mi 10 Pro ရဲ႕ Hands-on ဓါတ္ပုံေတြ ပထမဆုံး အႀကိမ္ထြက္ေပၚလာပီး အေနာက္ဘက္ဟာ Mi Note 10 နဲ႔ ဆင္တူပါတယ္။

ကင္မရာ ၃ လုံးကို ပူးတြဲ တပ္ဆင္ထားၿပီး ေနာက္ ၁ လုံးကို သီးျခား ခြဲထုတ္ထားပါတယ္။ Dual-LED Flash ထည့္သြင္းထားၿပီး မတူညီတဲ့ အလင္းေရာင္ေတြကို ထုတ္လုပ္ေပးႏိုင္မယ့္ပုံေပၚပါတယ္။ ဖုန္းကို ပါဝါ ပိတ္ထားတဲ့အတြက္ နမူနာေမာ္ဒယ္ ျဖစ္ႏိုင္ပါတယ္။ ဖုန္းဘူးခြံ ဓါတ္ပုံလည္း ပါလာၿပီး 10 စာသားကို ႀကီးႀကီး ေရးထားတာ ျမင္ရပါတယ္။ ဒါ့အျပင္ ေအာက္ေျခမွာ Pro နဲ႔ 5G စာသားေတြကို ေရးသားထားပါတယ္။

ေအာက္ေျခမွာ USB-C Port တပ္ဆင္ထားၿပီး ေဘးဘက္မွာ စပီကာအေပါက္နဲ႔ SIM Slot ထည့္သြင္းထာပါတယ္။ ထိပ္ဖက္မွာလည္း စပီကာ ၁ လုံး တပ္ဆင္ထားၿပီး Noise-cancellation Mic နဲ႔ အ႐ြယ္ေသး IR Blaster ၁ လုံး ပါပါတယ္။ ေမာ္ဒယ္နံပါတ္ M2001J1C ပါတဲ့ဖုန္းရဲ႕ 65W Charger ဓါတ္ပုံကို ျမင္ရၿပီး ႏိုဝင္ဘာလက ထြက္ခဲ့တဲ့ သတင္းအတိုင္း Mi 10 Sereis ေတြဟာ Xiaomi ရဲ႕ ဖုန္းေတြထဲမွာ အားသြင္းအျမန္ဆုံး ျဖစ္လာမွာပါ။ ကင္မရာက 108MP ျဖစ္ႏိုင္ၿပီး Mi 10 Pro ရဲ႕ ဓါတ္ပုံတခ်ိဳ႕ကို ေနာက္ထပ္ Mi 10 Pro ၁ လုံးနဲ႔ ႐ိုက္ကူးထားတာပါ။

Ref : gsmarena