Fitbit Charge 3 သုံးစွဲသူတွေဟာ 1.88.11 Version Update ကို ရရှိနေပြီ ဖြစ်ပြီး Major Update ၁ ခု ဖြစ်ပါတယ်။ Update မှာ Fitbit Charge 4 လုပ်ဆောင်ချက်တွေ ပါလာပြီး စမတ်လက်ပတ် အသုံးပြုရတာ ပိုကောင်းလာပါတယ်။

Update အသစ်မှာ စမတ်လက်ပတ်ကနေ Smart Wake Alarm ကို သတ်မှတ်နိုင်လာတဲ့အတွက် စမတ်ဖုန်း App ကို ဖွင့်စရာ မလိုတော့ပါဘူး။ ဒုတိယ ပြောင်းလဲမှု ၁ ခုက Screen Timeout ဖြစ်ပြီး ပိုကြာတဲ့ အချိန်တွေ သတ်မှတ်နိုင်လာပါတယ်။

စမတ်လက်ပတ်ရဲ့ Agenda App ကနေ Events နဲ့ Meetings တွေကို Calendar မှာ မှတ်သားထားနိုင်သလို လွယ်လွယ်ကူကူ သုံးနိုင်အောင် Quick Settings Menu မှာ Sleep Mode နဲ့ DND တို့ကို ထားရှိလို့ရလာပါတယ်။ ဒါ့အပြင် Charge 3 ရဲ့ Fitbit Clock Gallery မှာ Watch Faces အသစ်တွေ ထည့်သွင်းထားပြီး Indonesia, Brazilian Portuguese, Czech, Romanian, Russian နဲ့ Polish စတဲ့ ဘာသာစကား အသစ် ၆ မျိုးကို ထောက်ပံ့ပေးလာပါတယ်။

Ref : gsmarena