ကျန်းမာရေး စောင့်ရှောက်ပေးမယ့် စမတ်လက်ပတ် အသစ် ၁ လုံး ထွက်လာပြန်ပါပြီ။ Fitbit Charge 5 လို့ နာမည်ပေးထားပြီး Sensor များစွာ ပါလာပါတယ်။ ECG လုပ်ဆောင်ချက်ကို သုံးချင်ရင် လက်ချောင်းကို သတ္တုဖရိမ်အပေါ် စက္ကန့် ၃၀ ကြာ တင်ထားရမှာဖြစ်ပြီး အဲဒီနောက်မှာ လက်ပတ်က Atrial Fibrilation (AFib) လို့ ခေါ်တဲ့ နှလုံး ပြဿနာ ရှိ၊ မရှိ တွက်ချက်ပေးမှာပါ။

Charge 5 မှာ ကိုယ်ခန္တာ အပူချိန်ကို တိုင်းတာပေးတဲ့ လုပ်ဆောင်ချက်ပါတဲ့အတွက် Covid 19 ကပ်ရောဂါ ကာလမှာ အရမ်း အသုံးဝင်ပါတယ်။ EDA Sensor က စိတ်ဖိစီးမှု အခြေအနေကို တိုင်းတာပေးနိုင်ပြီး စိတ်ဖိစီးမှုများနေရင် စိတ်အေးချမ်းစေမယ့် ကုထုံး ၂၀၀ ကျော်ကို သုံးနိုင်ပါတယ်။ နှလုံးခုန်နှုန်း တိုင်းတာတဲ့ Sensor က Heart Rate Variability (HRV) နဲ့ Resting Heart Rate (RHR) ကို တွက်ချက်ပေးနိုင်ပြီး သွေးတွင်းအောက်ဆီဂျင် တိုင်းတာတဲ့ SpO2 Sensor ကလည်း ဒီကာလမှာ အရေးပါပါတယ်။

Fitbit Charge 5 comes with an ECG, EDA and many more sensors, brighter Always On display

ရေအနက် ၅၀ မီတာအထိ ဝတ်ဆင်နိုင်ပြီး GPS က နေအိမ်ပြင်ပ ကိုယ်လက်လှုပ်ရှားမှုတွေကို တိကျစွာ တွက်ချက်ပေးနိုင်ပါတယ်။ Charge 5 ဟာ 4 ထက် ၁၀ ရာခိုင်နှုန်း ပိုမိုပါးလွှာလာပြီး လေ့ကျင့်ခန်းလုပ်ရင် ပိုသက်တောင့်သက်သာဖြစ်စေတဲ့ Infinity Bands တွေ ပါလာပါတယ်။

Charge 5 ရဲ့ မျက်နှာပြင် အသစ်ဟာ 4 ထက် ပိုတောက်ပလာပြီး ၁.၀၄ လက်မ မျက်နှာပြင်ကို Gorilla Glass 3 နဲ့ ကာကွယ်ထားပါတယ်။ အသစ်ပါလာတာက Always-on Display ဖြစ်ပြီး SpO2 Sensor ကို ပိတ်ထားရင် ဘက်ထရီ သက်တမ်းက ၇ နာရီ အသုံးခံပါတယ်။ GPS တောက်လျှောက်ဖွင့်ထားရင် ၅ နာရီ အသုံးခံပြီး ၂ နာရီ အားသွင်းရင် အားအပြည့်ဖြည့်ပေးနိုင်ပါတယ်။ Android ဖုန်းနဲ့ ချိတ်ထားရင် လက်ပတ်ကနေ Notification တွေကို တုန့်ပြန်နိုင်ပါတယ်။ Fitbit Charge 5 ကို ၁၈၀ ဒေါ်လာနဲ့ ကြိုတင်မှာယူခွင့်ပေးလိုက်ပြီဖြစ်ပြီး မြန်မာငွေ ၃ သိန်းလောက်ကျသင့်မှာပါ။

Ref : gsmarena