Fitbit ဟာ Fitness Tracker ထုတ်လုပ်တဲ့ကုမ္ပဏီတွေထဲမှာ အောင်မြင်မှုရရှိနေတယ်လို့ပြောနိုင်ပါတယ်။ Google ကနေ ဝယ်ယူပြီးနှစ်ပိုင်းအကြာမှာ Apple Watch နဲ့ Samsung Galaxy Watch 3 ကို ယှဥ်ပြိုင်နိုင်တဲ့ Smartwatch တစ်ခုကို Fitbit ကနေ မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။

အဆိုပါ Smartwatch ကိုတော့ Fitbit Sense လို့ ခေါ်ဆိုထားပြီး ယခင် Fitbit Versa Smartwatch တွေနဲ့ Design ပိုင်းတူညီတယ်ဆိုပေမယ့် Hardware ပိုင်းမှာ သိသိသာသာကို Improve ပြုလုပ်ထားတာဖြစ်ပါတယ်။ အထူးသဖြင့် Apple Watch နဲ့ Galaxy Watch 3 လိုမျိုးပဲ ECG Feature ကို Support ပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း Fitbit ရဲ့ ပြောကြားချက်အရတော့ အဆိုပါ ECG Feature ဟာ ချက်ချင်းအသုံးပြုနိုင်ဦးမှာမဟုတ်သေးဘဲ US နဲ့ တခြားနိုင်ငံတွေမှာ တရားဝင်အသုံးပြုနိုင်ဖို့အတွက် FDA Certification ရရှိအောင် စောင့်ဆိုင်းနေရတယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် နောက်ပိုင်းမှပဲ Software Update ကနေ တစ်ဆင့်အသုံးပြုနိုင်ဖွယ်ရှိနေပါတယ်။

နောက်ထပ်လည်း EDA Scan App ကနေ တစ်ဆင့် အသုံးပြုသူရဲ့ Stress Level ကို Electrodermal Activity ကိုအခြေခံပြီး တိုင်းတာနိုင်ဦးမှာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ EDA Scan Feature ဟာ တခြားသော Stress Level တိုင်းတာတဲ့ Feature တွေထက် ပိုပြီးတိကျမှာလည်းဖြစ်ပါတယ်။

ကျန်တဲ့ ကျန်းမာရေးနဲ့သက်ဆိုင်တဲ့ Feature တွေအနေနဲ့ကတော့ Stress Level ပေါ်မှုတည်ပြီး Meditation Data တွေ၊ Relaxing Sound တွေ ဖွင့်ပေးနိုင်မယ့် Mindfulness Feature ၊ Skin Temperature Sensor နဲ့ အဆင့်မြှင့်တင်ထားတဲ့ Heart-rate Tracking Sensor တွေပါဝင်မှာဖြစ်ပါတယ်။ Smartwatch တစ်ခုအနေနဲ့ကတော့ Edge-to-Edge AMOLED Display ၊ GPS ၊ ဖုန်းပြောဆိုမှုတွေအတွက် Speaker ၊ Always-on Display ၊ Auto-Brightness နဲ့ NFC တွေပါဝင်မှာဖြစ်ပါတယ်။

နောက်ထပ် ထူးခြားချက်တစ်ခုအနေနဲ့ကတော့ Fitbit Sense ဟာ Wear OS ကို အသုံးပြုထားတာမဟုတ်ပေမယ့်လည်း Google Assistant Feature ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါက Wear OS မဟုတ်တဲ့ Smartwatch တစ်လုံးအတွက်တော့ ပထမဆုံးဖြစ်လာတာဖြစ်ပြီး Google Assistant အပြင် Amazon Alexa ကိုပါ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ Battery Life အနေနဲ့ကတော့ အများဆုံး ၆ ရက်ကျော် အသုံးပြုနိုင်မယ်လို့ ကြေညာထားပါတယ်။

စျေးနှုန်းအနေနဲ့ကတော့ US မှာ လာမယ့် စက်တင်ဘာလကုန်ဝန်းကျင်မှာ $329 (မြန်မာငွေ ၄ သိန်းခွဲဝန်းကျင်) နဲ့ရောင်းချသွားမှာဖြစ်ပြီး ကျန်တဲ့ Region တွေအနေနဲ့ကတော့ စျေးနှုန်းကွာခြားနိုင်တယ်လို့ သိရပါတယ်။

Ref – 9to5Google