ဘယ်လို စမတ်ဖုန်းကိုပဲဖြစ်ဖြစ် အသုံးပြုနေပါစေ၊ စမတ်ဖုန်းအသုံးပြုနေပြီဆိုထဲက အားကုန်သွားရင် Battery အားပြန်သွင်းရတာက အချိန်တစ်ခုပေးနေရတုန်းပါပဲ။ ဖုန်းဝယ်ထဲက Battery mAh ပိုများတာကိုရွေးဝယ်ထားတယ်ဆိုရင် Battery က ပိုခံမှာပေမယ့် အားပြန်သွင်းတဲ့အချိန်ကလည်း ပိုပေးရတတ်ပါတယ်။ အဲ့ဒါကြောင့် အခုအချက် ၅ ချက်ကို ဆောင်ရွက်လိုက်တာနဲ့ သင့်ဖုန်းကို Battery ပိုခံလာအောင်ဆောင်ရွက်နိုင်မှာပါ။

1. AMOLED Screen ဆိုရင် Wallpaper အမည်းရောင်ကိုပဲ သုံးပါ။

Samsung နဲ့ အခုနောက်ပိုင်း စမတ်ဖုန်းအချို့မှာ AMOLED Display တွေကို အသုံးပြုလာကြပြီဖြစ်ပါတယ်။ အဲ့ဒီလိုမျိုး AMOLED Display ကို အသုံးပြုလာတာက Battery ကို ပိုပြီး ကြာရှည်ခံအောင် အလွယ်တကူပြုလုပ်လို့ရတဲ့အချက်တစ်ခုရှိပါတယ်။ အဲ့ဒါကတော့ AMOLED Display တွေဟာ အမည်းရောင်ကို အလင်းမပေးတဲ့အတွက် Wallpaper အမည်း၊ Theme အမည်းရောင် သုံးလိုက်တာနဲ့ Battery ကို ချွေတာပြီးသားဖြစ်သွားပါပြီ။

2. Google ရဲ့ “OK Google” Command ကို ပိတ်ထားပါ။

သင်က Google ရဲ့ Personal Assistant ကို အသုံးမပြုနေဘူးဆိုရင် “OK, Google” လို့ ပြောပြီး Google Assistant ကို ခေါ်လို့ရတဲ့ Feature ကို ပိတ်ထားလိုက်ပါ။ အဆိုပါ Feature က Microphone ကနေ ခေါ်ဆိုတဲ့အသံကို အမြဲတမ်းနားထောင်နေတဲ့အတွက် Battery ကို ပိုစားစေပါတယ်။

3. Applications တွေကို အမြဲ Update ပြုလုပ်နေပါ။

Android Application တွေပဲဖြစ်ဖြစ်၊ iOS App တွေပဲဖြစ်ဖြစ် အမြဲတမ်း ၁ လကို ၁ ကြိမ်လောက်တော့ Update ပေးတတ်ကြပါတယ်။ များသောအားဖြင့် Update တွေဟာ Error Fix တွေနဲ့ Optimization ပိုကောင်းအောင် လုပ်ပေးတာဖြစ်တဲ့အတွက် ကိုယ့်မှာ ရှိတဲ့ Application တွေက Update မလုပ်တာအရမ်းကြာသွားပြီဆိုရင် ဖုန်းကိုပါ Battery ပိုစားလာစေမှာဖြစ်ပါတယ်။

4. “Lite” version Application တွေကို အသုံးပြုပါ။

Facebook ၊ Messenger လို Social Application တွေက Features အသစ်တွေ အမြဲတမ်းထည့်သွင်းနေတဲ့အတွက် ဖုန်းကို ပိုပြီး အလုပ်ပေးသလို ဖုန်းရဲ့ Battery ကိုလည်း ပိုစားစေပါတယ်။ အဲ့ဒီအတွက်ကိုယ်ကလည်း အဲ့ဒီ Features အသစ်တွေကို မလိုအပ်ရင် Facebook Lite, Messenger Lite, Twitter Lite အစရှိတဲ့ Lite Version App တွေကို သုံးတာက Battery ကို သိသိသာသာချွေတာနိုင်မှာပါ။

5. Auto Brightness နဲ့ မသုံးပါနဲ့

လူအများစုက ဖုန်းကို ဝယ်ယူတဲ့အချိန်မှာ Brightness ကို Auto အနေနဲ့ပဲထားပြီး သုံးတတ်ကြပါတယ်။ အဲ့ဒါက အဆင်ပြေတယ်ဆိုပေမယ့် တကယ်တမ်း Battery ကို ပိုပြီးချွေတာချင်တယ်ဆိုရင်တော့ ကိုယ့်အတွက်အဆင်ပြေတဲ့ Brightness Level တစ်ခုပဲထားပြီး Auto Brightness ကို ပိတ်ထားတာက ပိုပြီးကြာရှည်ခံတဲ့ Battery Life ကိုရရှိမှာပါ။