Zawgyi

မိုဘုိင္းဂိမ္းေခတ္ဦးမွာ ရုိးရွင္းတဲ့ ကစားပုံေလးနဲ႔ပဲ လူေပါင္းမ်ားစြာကို ဖမ္းစားခဲ့တဲ့ Flappy Bird ဂိမ္းေလးကို ေတာ္ေတာ္မ်ားမ်ားသတိရေနၾကဦးမွာပါ။ ဒါေပမယ့္ ကိုယ့္ရဲ႕ Flappy Bird စြမ္းရည္ကို အျခား ကစားသမားေတြနဲ႔အၿပိဳင္ PUBG လိုမ်ဳိး Last One Standing စတုိင္လ္ ကစားရမယ္ဆုိရင္ေရာ။

ဒါဟာ Flappy Royale လို႔အမည္ေပးထားတဲ့ ဂိမ္းအသစ္ရဲ႕ အုိင္ဒီယာပါပဲ။ Flappy Royale ကိုေတာ့ Developer ေတြျဖစ္ၾကတဲ့ Orta Therox နဲ႔ Em Lazer-Walker တုိ႔မွ ဖန္တီးထားပါတယ္။ မူလ Endless Runner ဆန္ဆန္ Flappy Bird ကစားပုံကို ေနာက္ဆုံးတစ္ေယာက္က်န္မွ အႏုိင္ရတဲ့ Battle Royale စတုိင္နဲ႔ စတင္ ေပါင္းစပ္ေပးလိုက္ပါၿပီ။

သူ႕ရဲ႕ကစားပုံကလည္း ရုိးရွင္းပါတယ္။ မူရင္းဂိမ္းထဲကလိုပဲ ဌက္ကေလးကို အေပၚေအာက္က ပိုက္ေတြနဲ႔ မထိရေအာင္ Screen ကို Tap လုပ္လုပ္ၿပီး ေဝးႏုိင္သမွ်ေဝးေအာင္ ပ်ံရမွာပါပဲ။ ဒါေပမယ့္ ရည္ရြယ္ခ်က္ကေတာ့ ေျပာင္းလဲသြားပါၿပီ။ အရင္လို တစ္ေယာက္တည္း ပ်ံႏုိင္သမွ်ပ်ံရမွာမဟုတ္ဘဲ က်န္တဲ့ကစားသမား ၉၉ ေယာက္ထက္ ပိုၾကာေအာင္ ပ်ံရမွာပါ။

Flappy Royale ဟာ မၾကာေသးခင္ကထိ Open Beta သာျဖစ္ေပမယ့္ Developer ျဖစ္သူ Therox က တခ်ဳိ႕ႏုိင္ငံေတြမွာ iOS နဲ႔ Android ပလက္ေဖာင္းမ်ားအတြက္ တရားဝင္ဗားရွင္းထုတ္ေပးလိုက္ပါၿပီ။ Flappy Bird ရဲ႕ပရိသတ္ေတြ အခုထိက်န္ရွိေနဆဲဆုိတာကိုေတာ့ စကၠန္႔တုိင္းမွာ ၿပိဳင္ပြဲ ၃၀ ခန္႔ ကစားေနတဲ့ ဒီဂိမ္းက သက္ေသပါပဲ။ ကစားသမား ၁၀၀ ျပည့္မွ ၿပိဳင္ပြဲတစ္ပြဲျဖစ္တာကို သတိရသင့္ပါတယ္။

Ref – The Verge

Unicode

မိုဘိုင်းဂိမ်းခေတ်ဦးမှာ ရိုးရှင်းတဲ့ ကစားပုံလေးနဲ့ပဲ လူပေါင်းများစွာကို ဖမ်းစားခဲ့တဲ့ Flappy Bird ဂိမ်းလေးကို တော်တော်များများသတိရနေကြဦးမှာပါ။ ဒါပေမယ့် ကိုယ့်ရဲ့ Flappy Bird စွမ်းရည်ကို အခြား ကစားသမားတွေနဲ့အပြိုင် PUBG လိုမျိုး Last One Standing စတိုင်လ် ကစားရမယ်ဆိုရင်ရော။

ဒါဟာ Flappy Royale လို့အမည်ပေးထားတဲ့ ဂိမ်းအသစ်ရဲ့ အိုင်ဒီယာပါပဲ။ Flappy Royale ကိုတော့ Developer တွေဖြစ်ကြတဲ့ Orta Therox နဲ့ Em Lazer-Walker တို့မှ ဖန်တီးထားပါတယ်။ မူလ Endless Runner ဆန်ဆန် Flappy Bird ကစားပုံကို နောက်ဆုံးတစ်ယောက်ကျန်မှ အနိုင်ရတဲ့ Battle Royale စတိုင်နဲ့ စတင် ပေါင်းစပ်ပေးလိုက်ပါပြီ။

သူ့ရဲ့ကစားပုံကလည်း ရိုးရှင်းပါတယ်။ မူရင်းဂိမ်းထဲကလိုပဲ ဌက်ကလေးကို အပေါ်အောက်က ပိုက်တွေနဲ့ မထိရအောင် Screen ကို Tap လုပ်လုပ်ပြီး ဝေးနိုင်သမျှဝေးအောင် ပျံရမှာပါပဲ။ ဒါပေမယ့် ရည်ရွယ်ချက်ကတော့ ပြောင်းလဲသွားပါပြီ။ အရင်လို တစ်ယောက်တည်း ပျံနိုင်သမျှပျံရမှာမဟုတ်ဘဲ ကျန်တဲ့ကစားသမား ၉၉ ယောက်ထက် ပိုကြာအောင် ပျံရမှာပါ။

Flappy Royale ဟာ မကြာသေးခင်ကထိ Open Beta သာဖြစ်ပေမယ့် Developer ဖြစ်သူ Therox က တချို့နိုင်ငံတွေမှာ iOS နဲ့ Android ပလက်ဖောင်းများအတွက် တရားဝင်ဗားရှင်းထုတ်ပေးလိုက်ပါပြီ။ Flappy Bird ရဲ့ပရိသတ်တွေ အခုထိကျန်ရှိနေဆဲဆိုတာကိုတော့ စက္ကန့်တိုင်းမှာ ပြိုင်ပွဲ ၃၀ ခန့် ကစားနေတဲ့ ဒီဂိမ်းက သက်သေပါပဲ။ ကစားသမား ၁၀၀ ပြည့်မှ ပြိုင်ပွဲတစ်ပွဲဖြစ်တာကို သတိရသင့်ပါတယ်။

Ref – The Verge