စွမ်းရည်မြင့် Meizu 17 Series တွေကို မေလ ၈  ရက်နေ့မှာ ကြေညာတော့မှာ ဖြစ်ပြီး Meizu 17 နဲ့ 17 Pro တို့ ပွဲထွက်လာမှာပါ။ ကုမ္ပဏီရဲ့ ပထမဆုံး 5G စမတ်ဖုန်းတွေ ဖြစ်ပြီး အခုတော့ Meizu က ဝီဘိုမှာ Teaser ၁ ခု မျှဝေလိုက်ပါတယ်။ Android 10 အခြေပြု Flyme 8.1 ကို Meizu 17 Series မှာ အစောဆုံးထည့်ပေးထားမှာပါ။

Meizu ရဲ့  ဒီဇိုင်းတွေကို ကမ္ဘာအဝန်းမှာ လူကြိုက်များကြသလို တရုတ်မှာလည်း Flyme Android Skin ဟာ နာမည်ကြီးပါတယ်။ ဒါပေမယ့် နောက်ဆုံးထုတ် Flyme 8 ဟာ Android Pie အခြေပြုပဲရှိပါသေးတယ်။ အခုတော့ Meizu 17 Series တွေမှာ Android 10 အခြေပြု Flyme 8.1 ကို မြင်ရတော့မှာပါ။ Teaser မှာ Flyme 8.1 ရဲ့ သတင်းအချက်အလက်တွေကို မဖော်ပြထားသေးပါဘူး။

ဒါပေမယ့် Flyme 8.1 မှာ Native Android 10 Dark Mode ကို အသုံးပြုထားမယ်လို့ သတင်းထွက်နေပြီး Meizu စမတ်ဖုန်းတွေမှာ Flyme 7 စလို့ Dark Mode ကို Night Mode လို့ နာမည်ပေးထားပါတယ်။ Flyme 8 မှာ Night Mode ကို Version 2.0 အထိ Update လုပ်ပေးခဲ့ပြီး လုပ်ဆောင်ချက် အသစ်တွေနဲ့ တိုးတက်မှုတွေ ပါလာပါတယ်။ အခုလည်း Flyme 8.1 မှာ Google ရဲ့ Stock Android လုပ်ဆောင်ချက်တွေ ပါလာမှာပါ။ Meizu 17 Series ကြေညာပွဲကျမှ Flyme 8.1 ရဲ့ သတင်းအချက်အလက်တွေနဲ့ Update ရမယ့် Device တွေကို သိရမှာပါ။

Ref : gizmochina