Apple ဟာ ပြိုင်ဖက်ကုမ္ပဏီတွေရဲ့ Foldable စမတ်ဖုန်းတွေကို ယှဉ်ပြိုင်မယ့် Foldable iPhone ကို ထုတ်လုပ်ရောင်းချဖို့ ကြိုးစားနေတယ်လို့ သတင်းထွက်နေပါတယ်။ အခုတော့ Apple က Foldable iPhone ရဲ့ Patent အသစ် ၁ ခုကို မှတ်ပုံတင်ထားပါတယ်။ ကုမ္ပဏီဟာ ထိခိုက်မှုကို အလိုလို ကုစားနိုင်တဲ့ မျက်နှာပြင် Patent ၁ ခုကို အရင်က မှတ်ပုံတင်ထားပြီး အခု Patent မှာ ခြစ်ရာတွေကို အလိုလို ကုစားနိုင်တဲ့ မျက်နှာပြင် ပါပါတယ်။

 

Apple ဟာ ခြစ်ရာလို အသေးစား ထိခိုက်မှုတွေကို အလိုလို ပြင်ဆင်နိုင်တဲ့ မျက်နှာပြင်  နည်းပညာပါတဲ့ Patent ၁ ခုကို အရင်ကတည်းက မှတ်ပုံတင်ထားပါတယ်။ Galaxy Z Fold 4 နဲ့ Galaxy Z Flip 4 တို့လို Samsung ရဲ့ Foldable တွေက မျက်နှာပြင်တွေမှာ ခြစ်ရာဖြစ်စေတဲ့ ပြဿနာတွေ ရှိနေတာဖြစ်ပြီး Apple က Foldable iPhone မှာ အဲဒီ ပြဿနာကို ဖြေရှင်းချင်နေပုံရပါတယ်။

the world's first foldable iPhone is here - and it wasn't made by apple

Apple ရဲ့ အခု Patent အသစ်အရ မျက်နှာပြင်ကို အလွှာ ၃ ခုနဲ့ တည်ဆောက်ထားပါတယ်။ ပထမ အလွှာက ပါးလွှာတဲ့ Substrate ဖြစ်ပြီး ဒုတိယ အလွှာက ပါးလွှာတဲ့ Film Transistor ဖြစ်ပါတယ်။ တတိယ အလွှာက Protective Layer ဖြစ်ပြီး ပထမအလွှာကို ကာကွယ်ပေးဖို့ ဖြစ်ပါတယ်။

Apple ဟာ ဒီ Patent နည်းပညာကို iPhone မှာ ထည့်သွင်းမလား၊ iPad မှာ ထည့်သွင်းမလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အခု နည်းပညာဟာ Patent အဆင့်ပဲ ရှိသေးတဲ့အတွက် တကယ့် ထုတ်ကုန်အဖြစ် ထုတ်လုပ်ရောင်းချမလားဆိုတာ မသေချာသေးပါဘူး။

Ref : gizchina