[Zawgyi]

ၾသဂုတ္လကုန္ပိုင္းေလာက္မွာ Motorola RAZR Foldable ဖုန္းေတြကို ၂၀၁၉ ႏွစ္ကုန္ပိုင္းမွာ ေရာင္းခ်မယ္လို႔ သတင္းထြက္ခဲ့ပါေသးတယ္။ အထူးသျဖင့္ ဒီဇင္ဘာလတြင္းမွာ ဥေရာပေဈးကြက္ဆီ ျဖန႔္ခ်ိမယ္လို႔ LetsGoDigital က အခိုင္အမာ ဆိုထားတာပါ။ အလားတူပဲ Cnet ကလည္း ေဖေဖာ္ဝါရီလထဲမွာ Motorola RAZR Foldable ေတြကို ႏွစ္ကုန္ပိုင္းေလာက္မွာ ေရာင္းခ်ဖြယ္ရွိတယ္လို႔ ေရးသားေဖာ္ျပခဲ့ဖူးပါေသးတယ္။

လက္ရွိအခ်ိန္မွာ Samsung ဟာ သူတို႔ရဲ႕ Galaxy Fold ကို ေဈးကြက္ထဲပို႔ခဲ့ၿပီျဖစ္သလို၊ Huawei ကလည္း Mate X ကို ေအာက္တိုဘာလဆန္းမွာ တ႐ုတ္ႏိုင္ငံေဈးကြက္နဲ႔ စတင္ဖြင့္လွစ္ေတာ့မွာ ျဖစ္ပါတယ္။ Motorola RAZR Foldable ေတြဟာ Galaxy Fold, Mate X တို႔လို Foldable ဒီဇိုင္းမဟုတ္ေပမယ့္ စိတ္ဝင္စားစရာ အခ်က္အလက္အခ်ိဳ႕ေတာ့ ရွိေနပါေသးတယ္။

မ်က္ႏွာျပင္ကို ေခါက္ခ်ိဳးတဲ့ ဒီဇိုင္းပိုင္းဟာ မိုလ္ဘိုင္းဖုန္းေခတ္ဦးပိုင္းက ေခါက္ဖုန္းပုံစံျဖစ္ၿပီး မ်က္ႏွာျပင္ကလည္း ပုံမွန္စမတ္ဖုန္းနီးပါးသာျဖစ္တဲ့ Motorola RAZR ေတြဟာ ယူ႐ို ၁၅၀၀ ေအာက္ (ျမန္မာေငြ ၂၅ သိန္း ၃ ေသာင္းဝန္းက်င္ေအာက္) ေဈးႏႈန္းသာျဖစ္ျခင္းက ဆြဲေဆာင္မႈတစ္ခု ျဖစ္လာႏိုင္ပါတယ္။ ဒါေပမယ့္ သာမန္စမတ္ဖုန္းတစ္လုံးထက္ ထက္ဝက္ေဈးႀကီးေနတာကိုလည္း ေတြ႕ရမွာ ျဖစ္ပါတယ္။

Motorola RAZR နဲ႔ ပတ္သက္ၿပီးထြက္ခဲ့သမွ်သတင္းေတြကို ျပန္လည္စုစည္းလိုက္ရင္ RAZR Foldable နဲ႔ပတ္သက္တဲ့သတင္းတိုင္းဟာ ကုမၸဏီဘက္က အတိအက်ထုတ္ျပန္တာမ်ိဳး မရွိခဲ့ဘဲ အေပၚယံေလာက္ပဲထုတ္ျပန္တာကို ေရးသားေဖာ္ျပခဲ့ၾကတာေတြပဲျဖစ္ေနတာကို ေတြ႕ရပါတယ္။ အခုအခ်ိန္ထိလည္း RAZR Foldable နဲ႔ပတ္သက္ၿပီး ကုမၸဏီက တရားဝင္ထုတ္ျပန္တဲ့ ႐ုပ္ပုံ တစ္ပုံတစ္ေလမွ မထြက္လာေသးပါဘူး။

ေကာလာဟလေတြအရ 876 x 2142 px resolution နဲ႔ 6.2-inch မ်က္ႏွာျပင္၊ ေက်ာဘက္မွာ မ်က္ႏွာျပင္အေသးတစ္ခုနဲ႔ Fingerprint Scanner ပါဝင္ဦးမွာျဖစ္ၿပီး Snapdragon 710 နဲ႔ 2,730 mAh ဘက္ထရီတို႔ အသုံးျပဳထားမယ္လို႔ သိရပါတယ္။ ဒီသတင္းသာ အမွန္ျဖစ္ခဲ့မယ္ဆိုရင္ေတာ့ သမ႐ိုးက် Flagship တစ္လုံးထက္ Spec ေတြနိမ့္ေနတာကို လက္ခံႏိုင္မွပဲ ျဖစ္ပါလိမ့္မယ္။

Ref: GSM Arena

[Unicode]

Motorola RAZR Foldable က ၂၀၁၉ နှစ်ကုန်ပိုင်းမှာ တကယ်ထွက်လာမှာလား

သြဂုတ်လကုန်ပိုင်းလောက်မှာ Motorola RAZR Foldable ဖုန်းတွေကို ၂၀၁၉ နှစ်ကုန်ပိုင်းမှာ ရောင်းချမယ်လို့ သတင်းထွက်ခဲ့ပါသေးတယ်။ အထူးသဖြင့် ဒီဇင်ဘာလတွင်းမှာ ဥရောပဈေးကွက်ဆီ ဖြန့်ချိမယ်လို့ LetsGoDigital က အခိုင်အမာ ဆိုထားတာပါ။ အလားတူပဲ Cnet ကလည်း ဖေဖော်ဝါရီလထဲမှာ Motorola RAZR Foldable တွေကို နှစ်ကုန်ပိုင်းလောက်မှာ ရောင်းချဖွယ်ရှိတယ်လို့ ရေးသားဖော်ပြခဲ့ဖူးပါသေးတယ်။

လက်ရှိအချိန်မှာ Samsung ဟာ သူတို့ရဲ့ Galaxy Fold ကို ဈေးကွက်ထဲပို့ခဲ့ပြီဖြစ်သလို၊ Huawei ကလည်း Mate X ကို အောက်တိုဘာလဆန်းမှာ တရုတ်နိုင်ငံဈေးကွက်နဲ့ စတင်ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။ Motorola RAZR Foldable တွေဟာ Galaxy Fold, Mate X တို့လို Foldable ဒီဇိုင်းမဟုတ်ပေမယ့် စိတ်ဝင်စားစရာ အချက်အလက်အချို့တော့ ရှိနေပါသေးတယ်။

မျက်နှာပြင်ကို ခေါက်ချိုးတဲ့ ဒီဇိုင်းပိုင်းဟာ မိုလ်ဘိုင်းဖုန်းခေတ်ဦးပိုင်းက ခေါက်ဖုန်းပုံစံဖြစ်ပြီး မျက်နှာပြင်ကလည်း ပုံမှန်စမတ်ဖုန်းနီးပါးသာဖြစ်တဲ့ Motorola RAZR တွေဟာ ယူရို ၁၅၀၀ အောက် (မြန်မာငွေ ၂၅ သိန်း ၃ သောင်းဝန်းကျင်အောက်) ဈေးနှုန်းသာဖြစ်ခြင်းက ဆွဲဆောင်မှုတစ်ခု ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် သာမန်စမတ်ဖုန်းတစ်လုံးထက် ထက်ဝက်ဈေးကြီးနေတာကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။

Motorola RAZR နဲ့ ပတ်သက်ပြီးထွက်ခဲ့သမျှသတင်းတွေကို ပြန်လည်စုစည်းလိုက်ရင် RAZR Foldable နဲ့ပတ်သက်တဲ့သတင်းတိုင်းဟာ ကုမ္ပဏီဘက်က အတိအကျထုတ်ပြန်တာမျိုး မရှိခဲ့ဘဲ အပေါ်ယံလောက်ပဲထုတ်ပြန်တာကို ရေးသားဖော်ပြခဲ့ကြတာတွေပဲဖြစ်နေတာကို တွေ့ရပါတယ်။ အခုအချိန်ထိလည်း RAZR Foldable နဲ့ပတ်သက်ပြီး ကုမ္ပဏီက တရားဝင်ထုတ်ပြန်တဲ့ ရုပ်ပုံ တစ်ပုံတစ်လေမှ မထွက်လာသေးပါဘူး။

ကောလာဟလတွေအရ 876 x 2142 px resolution နဲ့ 6.2-inch မျက်နှာပြင်၊ ကျောဘက်မှာ မျက်နှာပြင်အသေးတစ်ခုနဲ့ Fingerprint Scanner ပါဝင်ဦးမှာဖြစ်ပြီး Snapdragon 710 နဲ့ 2,730 mAh ဘက်ထရီတို့ အသုံးပြုထားမယ်လို့ သိရပါတယ်။ ဒီသတင်းသာ အမှန်ဖြစ်ခဲ့မယ်ဆိုရင်တော့ သမရိုးကျ Flagship တစ်လုံးထက် Spec တွေနိမ့်နေတာကို လက်ခံနိုင်မှပဲ ဖြစ်ပါလိမ့်မယ်။

Ref: GSM Arena