2018 ရဲ့ ခေတ်အစားဆုံး စမတ်ဖုန်းဖြစ်လာမယ့် Foldable Phone တွေထဲမှာ Xiaomi ကလည်း နေရာယူဖို့ပြင်နေပါတယ်။ မျက်နှာပြင်ကို ခေါက်နိုင်ဖို့ဆိုတာ ထူးဆန်းနေတဲ့အတွက် မို့လို့လည်း ကောလဟာလသတင်းလို့ ဆိုတဲ့သူတွေလည်း ဒုနဲ့ဒေးပါပဲ။ ဒါပေမယ့် Mi Fold ကတော့ 2018 ထဲမှာ ထွက်ရှိမယ်လို့ ကြေညာလိုက်ပါပြီ။

အမြင်ဆန်းသစ်စေမယ့် ဒီစမတ်ဖုန်းကတော့ မျက်နှာပြင် 7″ အကျယ်ရှိပါတယ်။ Oreo 8.0 Version သုံးထားတဲ့ Android Phone ဖြစ်ပြီး Amoled Panel သုံးထားလို့ ပြတ်သားကြည်လင်တဲ့ မြင်ကွင်းနဲ့ Video, MTV တွေကို စိတ်ကြိုက် ကြည့်ရှုနိုင်မှာလည်း ဖြစ်ပါတယ်။ ဖုန်းရဲ့ကင်မရာကတော့ Front-, Back Camera နှစ်ခုလုံး 32MP ပါရှိမယ်လို့ ဆိုပါတယ်။ ဒါကတော့ သိပ်မသေချာသေးပါဘူး။

Battery ကတော့ 6200 mAh ရှိပြီး Battery Life ကောင်းမွန်တဲ့ ဖုန်းတစ်လုံးလို့ သိရှိရပါတယ်။ Fast Charged ဖြစ်အောင်လည်း စီမံထားပါတယ်။ Dual SIM သုံးနိုင်မှာဖြစ်ပြီး Nano SIM အမျိုးအစားပဲ သုံးနိုင်မှာပါ။ Internal Storage 256 GB ရှိပြီး SD Card လည်း ထပ်စိုက်နိုင်ပါသေးတယ်။ အလေးချိန်ကတော့ 198 g ပဲလေးပါတယ်။ Processor က Deca core 2.3 GHz ဖြစ်လို့ လုပ်ဆောင်မှု မြန်ဆန်တဲ့ ဖုန်းတစ်လုံးလို့ ပြောလို့ရပါတယ်။

RAM 8GB ပါရှိပြီး သုံးပျော်တဲ့ ဖုန်းတစ်လုံးဖြစ်လိမ့်မယ်လို့ အကြံပြုကြပါတယ်။ ဈေးနှုန်းအနေနဲ့ကတော့ တိကျတဲ့ရောင်းဈေးကို တရားဝင် သတ်မှတ်ထားခြင်းမရှိသေးပါဘူး။

2018 ထဲမှာ စတင်မိတ်ဆက်မယ်လို့ ပြောရေးဆိုခွင့်ရှိသူ ပုဂ္ဂိုလ်အချို့ဆီက သိရှိရပါတယ်။