အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ Truth Social လို့ခေါ်တဲ့ ကိုယ်ပိုင် လူမှုကွန်ရက် App ၁ ခုကို ဖန်တီးတော့မှာ ဖြစ်ပြီး သူ့ကို ပိတ်ပင်ခဲ့တဲ့ Twitter နဲ့ Facebook တို့လို နာမည်ကြီး နည်းပညာ ကုမ္ပဏီတွေကို ယှဉ်ပြိုင်မယ်လို့ သူက ပြောပါတယ်။

Truth Social ကို Trump Media and Technology Group နဲ့ SPAC Company တို့ ပူးပေါင်း တည်ထောင်မယ့် ကုမ္ပဏီ အသစ်ကနေ ဖန်တီးမှာ ဖြစ်ပါတယ်။ ဒီသတင်းကို ကုမ္ပဏီ ၂ ခုစလုံးက  အတည်ပြုထားပြီးပြီ ဖြစ်ပါတယ်။

Trump announces plans to launch new social network 'TRUTH Social' - France  24

ထရမ့်က “ Twitter မှာ တာလီဘန်တွေ တော်တော်ကြီးစိုးနေပြီး အမေရိကန် သမ္မတကိုတော့ နှုတ်ပိတ်ထားကြပါတယ်။ ကျွန်တော်တို့ ဒီလို ကမ္ဘာမှာ နေထိုင်နေရပြီး ဒါဟာ လက်မခံနိုင်စရာပါ။ “ လို့ ထရမ့်က ပြောပါတယ်။

Donald Trump to launch TRUTH Social online app platform

သူက “ Truth Social မှာ ကျွန်တော့်ရဲ့ ပထမဆုံး အမှန်စကားတွေ ပြောကြားဖို့ စိတ်လှုပ်ရှားနေပါတယ်။ နာမည်ကြီး နည်းပညာ ကုမ္ပဏီတွေကို ယှဉ်ပြိုင်မှာပါ။ “ လို့ ပြောပါတယ်။

Truth Social ရဲ့ Beta Version ကို နောက်လမှာ ဖြန့်ချိဖို့သတ်မှတ်ထားပြီး ၂၀၂၂ ခုနှစ် ပထမ ၃ လအတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိမှာပါ။ ကုမ္ပဏီက အဆင့် ၃ ဆင့်နဲ့ ဖြန့်ချိမှာ ဖြစ်ပြီး အဲဒီနောက်မှာ ဖျော်ဖြေရေး၊ သတင်းနဲ့ Podcasts တွေပါတဲ့ TMTG+ Video-on Demand Service ကို အခကြေးငွေနဲ့ ဝန်ဆောင်မှုပေးမှာပါ။

ဇန်နဝါရီလ ၆ ရက်နေ့မှာ လွှတ်တော်ကို ထရမ့် ထောက်ခံသူတွေ စီးနင်းပြီးနောက်မှာ Twitter နဲ့ Facebook တို့က ထရမ့်ကို ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။ အခုတော့ ထရမ့်က Twitter နဲ့ Facebook တို့ကို လက်စားချေတဲ့ အနေနဲ့ Truth Social ကို တည်ထောင်တော့မှာ ဖြစ်ပါတယ်။

Ref : reuters