လက်ရှိ Multiplayer ဂိမ်းတွေထဲမှာ ဆော့ကစားတဲ့သူများပြားလာတဲ့ Fortnite ဂိမ်းက လက်ရှိအချိန်မှာ iOS Devices တွေအတွက် App Store မှာ Download ရယူပြီး ဆော့ကစားနိုင်အောင် ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ အခု Fornite ဂိမ်းဟာ PC မှာလိုပဲ iOS မှာလည်း ဆော့ကစားသူအလွန်များပြားပြီးတော့ လက်ရှိအချိန်မှာ ဝင်ငွေအများဆုံး iOS Game ဖြစ်လာခဲ့ပါတယ်။

Sensor Tower ရဲ့ ပြောကြားချက်အရတော့ Fortnite ဂိမ်းကို တည်ထောင်တဲ့ Epic Games ဟာ ဆော့ကစားသူတစ်ယောက်ချင်းစီဟာ အခြားသော ဂိမ်းတွေမှာ သုံးတဲ့ငွေထက် ၃ ဆ များပြီး Fortnite ဂိမ်းမှာ ပိုအသုံးပြုကြတယ်လို့ သိရရပါတယ်။

အဲ့ဒီအတွက် Fortnite ဂိမ်းဟာ အခု ဂိမ်းထွက်ရှိချိန် တစ်လအတွင်းမှာတင် ဝင်ငွေ ဒေါ်လာ ၁၅ သန်းရရှိခဲ့ပြီးတော့ လက်ရှိမှာ ဝင်ငွေအများဆုံးသော iOS ဂိမ်းတစ်ခုဖြစ်လာခဲ့ပါတယ်။ အခုဂိမ်းက Candy Crush ၊ Clash of Clans လို ဂိမ်းတွေထက် ပိုပြီး ဝင်ငွေများနေပြီပဲဖြစ်ပါတယ်။

လက်ရှိအချိန်မှာ Fortnite ဂိမ်းဟာ Download ပြုလုပ်သူပေါင်း ၁၁ သန်းကျော်ရှိနေပြီး နိုင်ငံပေါင်း ၂၀ ကျော်မှာ နံပါတ် (၁) Application ဖြစ်နေတယ်လို့ သိရပါတယ်။