လက်ရှိအချိန်မှာ PUBG လို့ လူသိများတဲ့ Player Unknown Battle Ground ဂိမ်းထက်တောင် အခုနောက်ပိုင်း ဆော့ကစားသူများပြားလာတဲ့ Fortnite Battle Royale ဂိမ်းဟာ လက်ရှိ iOS မှာ ရရှိနေပြီဖြစ်ပေမယ့် မကြာခင် အချိန်တိုအတွင်းမှာ Android မှာပါဆော့ကစားနိုင်တော့မှာဖြစ်ပါတယ်။

Epic Games ဟာ အခုလိုမျိုး Mobile Devices တွေအပေါ်မှာ ဆော့ကစားနိုင်အောင်ဆောင်ရွက်သွားမှာဖြစ်ပေမယ့်လည်း Gameplay ကို လျော့ချသွားမှာမဟုတ်ပဲ လက်ရှိ PlayStation 4 ၊ Xbox One ၊ PC နဲ့ Mac တွေမှာ ဆော့ကစားနိုင်တဲ့အတိုင်းပဲ တူညီတဲ့ Gameplay ၊ Content ၊ Maps နဲ့ Weekly Updates တွေကိုပါ ရရှိသွားမှာဖြစ်တယ်လို့ ကတိပေးသွားပါတယ်။ အဲ့ဒီအတွက် တစ်ခုပြောစရာရှိလာတာက Mobile Gamer တွေကလည်း PC Gamer တွေနဲ့ တန်းတူနီးပါး အခွင့်အရေးရရှိလာမှာလားဆိုတဲ့ မေးခွန်းဖြစ်ပြီး လက်ရှိ PC နဲ့ Console တွေလိုမျိုးပဲ ဆော့ကစားနိုင်မယ်ဆိုရင်တောင်မှ ဆော့ကစားမယ့် Mobile Devices တွေ အထူးသဖြင့် Android ဖုန်းတွေအနေနဲ့ စွမ်းဆောင်ရည်ကောင်းကောင်းလိုအပ်မှာပဲဖြစ်ပါတယ်။

Epic Games ရဲ့ ပြောကြားချက်အရတော့ အဆိုပါ Mobile Devices တွေအတွက် Fortnite ဟာလည်း သီးခြားဖယ်ထားခြင်းခံရမှာမဟုတ်ပဲ အခြားသော PC နဲ့ Console ဆော့ကစားသူတွေနဲ့အတူ 100 Player Battle Royale ကို Cross-play ဆော့ကစားနိုင်အောင် လုပ်ပေးသွားမယ်လို့ သိရပါတယ်။ ဒီအချက်ဟာ အမှန်တကယ် ဂိမ်းဆော့တဲ့အချိန်မှာ ဘယ်လိုဖြစ်လာမလဲဆိုတာ မပြောနိုင်သေးပေမယ့် လတ်တလောမှာ အခြားသော Mobile Devices တွေကို Port လုပ်ပေးထားတဲ့ Multiplayer ဂိမ်းတွေထက် သိသိသာသာကို သာသွားတဲ့အချက်ဖြစ်လာပါတယ်။

ဒါပေမယ့် အခုလို Cross-play Feature ဟာ Xbox One မှာတော့ ရရှိလာမှာမဟုတ်ဘူးလို့ သိရပါတယ်။ နောက်ပြီး PUBG ကိုယ်တိုင်ကလည်း တရုတ် Tencent နဲ့ ပူးပေါင်းပြီး Chinese Version Mobile PUBG ကို ထုတ်ထားတဲ့အတွက် Fortnite က Mobile Games မှာရော PUBG ကို ကျော်တက်နိုင်မလားဆိုတာကတော့ စိတ်လှုပ်ရှားဖို့ကောင်းနေပါတယ်။