Unicode

Star Wars: Rise of Skywalker ရုပ်ရှင်ဟာ ပြီးခဲ့တဲ့ ၁၉၇၇ ခုနှစ်တုန်းက Star Wars: A New Hope ကနေ စတင်ခဲ့တဲ့ Saga တစ်ခုကို အဆုံးသတ်လိုက်တဲ့ ရုပ်ရှင်တစ်ခုလည်းဖြစ်ပါတယ်။ အခု Rise of Skywalker ရုပ်ရှင်ဟာ လက်ရှိနာမည်ကြီး Battle Royale Game တစ်ခုဖြစ်တဲ့ Fortnite နဲ့လည်း ပူးပေါင်းပြီး In-Game Event ပြုလုပ်သွားဦးမှာပါ။

အခု Fortnite နဲ့ ပူးပေါင်းမှာဖြစ်တဲ့အတွက် Sty Wars: Rise of Skywalker ထဲက Character တွေဖြစ်တဲ့ Rey ၊ Kylo Ren နဲ့ Finn အပါအဝင် တခြားသော Character တွေအနေနဲ့ ဆော့ကစားနိုင်မှာဖြစ်တဲ့အပြင် Kylo Ren ရဲ့ TIE Silencer ၊ Millennium Falcon နဲ့ TIE Fighter လိုမျိုး နာမည်ကြီး Star Ship တွေလည်း ပါဝင်မှာဖြစ်ပါတယ်။

ဒါပေမယ့် အခုလိုမျိုး Character တွေထက်ပိုတဲ့ Rise of Skywalker ရုပ်ရှင်နဲ့ ဆက်စပ်တဲ့ Easter Egg တစ်ခုကိုလည်း ဒီ Fortnite Event မှာ ထည့်သွင်းလာမှာဖြစ်ပါတယ်။ ဒါကတော့ ရုပ်ရှင်စစခြင်းမှာ စာတန်းထိုးတဲ့ Empire Palpatine ရဲ့ Threat ကို Fortnite Event မှာပဲ ကြားရမှာပါ။ အဲ့ဒီအတွက် ရုပ်ရှင်မှာဆိုရင် အောက်ပါ စာတန်းနဲ့ပဲ အစပြုတာကို မြင်ရမှာဖြစ်ပါတယ်။

“The dead speak! The galaxy has heard a mysterious broadcast, a threat of REVENGE in the sinister voice of the late EMPEROR PALPATINE.”

တကယ်လို့ Fortnite ကို ဆော့ကစားနေတဲ့သူတွေမဟုတ်ရင်လည်း အခု Empire Palpatine က Broadcast လုပ်လိုက်တဲ့ Threat ကို အောက်ပါ Video မှာ ကြည့်ရှုနိုင်မှာပါ။

Star Wars: Rise of Skywalker ရုပ်ရှင်ဟာ ၂၀၁၇ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Star Wars: The Last Jedi လိုမျိုးပဲ မတူညီတဲ့ Review တွေထွက်ရှိနေပြီးတော့ ကြိုက်နှစ်သက်သူနဲ့ မကြိုက်တဲ့သူတွေ ၂ ခြမ်းကွဲနေတုန်းပဲဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် Star Wars Fan တစ်ယောက်ဆိုရင်တော့ အခုအချိန်က Fortnite Game ကို ဆော့ကစားဖို့ အကောင်းဆုံးအချိန်ဖြစ်မှာပါ။

Ref – Tech Rader

Zawgyi


အခု Fortnite နဲ့ ပူးပေါင်းမှာဖြစ်တဲ့အတွက် Star Wars: Rise of Skywalker ထဲက Character တွေဖြစ်တဲ့ Rey ၊ Kylo Ren နဲ့ Finn အပါအဝင် တခြားသော Character တွေအနေနဲ့ ဆော့ကစားနိုင်မှာဖြစ်တဲ့အပြင် Kylo Ren ရဲ့ TIE Silencer ၊ Millennium Falcon နဲ့ TIE Fighter လိုမျိုး နာမည်ကြီး Star Ship တွေလည်း ပါဝင်မှာဖြစ်ပါတယ်။





Ref – Tech Rader