[Zawgyi]

Fossil က Gen 5 Smartwatch ကို ေၾကညာလိုက္ပါတယ္။ Specs ေတြကို အဆင့္ျမွင့္ထားၿပီး ဘက္ထရီ သက္တမ္း ေကာင္းေစတဲ့ Battery Modes အသစ္ေတြ ပါပါတယ္။ ကိုယ္ထည္မွာ စပီကာနဲ႔ မိုက္ကရိုဖုန္းေတြ ပါၿပီး ဖုန္း ေျပာႏုိင္ပါတယ္။

Fossil Gen 5 Smartwatch မွာ ၁.၂၈ လက္မ OLED Display တပ္ဆင္ထားၿပီး မ်က္ႏွာျပင္ အ၀ိုင္း ျဖစ္ပါတယ္။ ကိုယ္ထည္မွာ ခလုတ္ ၃ ခု ပါပါတယ္။ ၁ ခုက OS မွာ Navigate ျပဳလုပ္ႏိုင္မယ့္ Rotating Crown ျဖစ္ပါတယ္။ ေနာက္ ၂ ခုက Customize ျပဳလုပ္ႏိုင္တဲ့ ခလုတ္ေတြ ျဖစ္ပါတယ္။ စမတ္နာရီရဲ႕ အရြယ္အစားဟာ ၄၄ မီလီမီတာ ျဖစ္ၿပီး Carlyle နဲ႔ Julianna Versions ေတြ ထုတ္လုပ္ေပးထားပါတယ္။ Versions ၂ ခုစလံုးကို Stainless Steel နဲ႔ တည္ေဆာက္ထားပါတယ္။ ၂၂ မီလီမီတာ လက္ပတ္ႀကိဳးကို ျဖဳတ္လဲႏုိင္ပါတယ္။

Fossil Gen 5 Smartwatch မွာ Snapdragon 3100 Chipset , 1GB RAM , 8GB Storage ေတြ ထည့္သြင္းထားပါတယ္။ ကိုယ္လက္လႈပ္ရွားမႈေတြနဲ႔ ႏွလံုးခုန္ႏႈန္းကို တိုင္းတာေပးတဲ့ လုပ္ေဆာင္ခ်က္ေတြ ပါပါတယ္။ ဆက္သြယ္မႈ အပိုင္းမွာ GPS, NFC, WiFi နဲ႔ Bluetooth 4.2 ေတြ ထည့္သြင္းထားပါတယ္။ ေရအနက္ ၃၀ မီတာ အထိ ၀တ္ဆင္ႏုိင္ပါတယ္။

Fossil Gen 5 Smartwatch ကို Android 4.4 , iOS 9.3 နဲ႔ သူ႔အထက္ Device ေတြနဲ႔ ခ်ိတ္ဆက္ အသံုးျပဳႏုိင္ပါတယ္။ Fossil ရဲ႕ ၀က္ဘ္ဆိုက္မွာ ၂၉၅ ေဒၚလာနဲ႔ ႀကိဳတင္မွာယူႏိုင္ပါၿပီ။ အေမရိကန္မွာ Amazon , Europe နဲ႔ Middle East တို႔မွာလည္း ၀ယ္ယူႏိုင္ပါၿပီ။ ၾသဂုတ္လ ၂၆ ရက္မွာ တျခား ႏိုင္ငံေတြမွာ ေရာင္းခ်ေပးမွာပါ။

Ref : gsmarena

[Unicode]

Fossil က Gen 5 Smartwatch ကို ကြေညာ

Fossil က Gen 5 Smartwatch ကို ကြေညာလိုက်ပါတယ်။ Specs တွေကို အဆင့်မြှင့်ထားပြီး ဘက်ထရီ သက်တမ်း ကောင်းစေတဲ့ Battery Modes အသစ်တွေ ပါပါတယ်။ ကိုယ်ထည်မှာ စပီကာနဲ့ မိုက်ကရိုဖုန်းတွေ ပါပြီး ဖုန်း ပြောနိုင်ပါတယ်။

Fossil Gen 5 Smartwatch မှာ ၁.၂၈ လက်မ OLED Display တပ်ဆင်ထားပြီး မျက်နှာပြင် အဝိုင်း ဖြစ်ပါတယ်။ ကိုယ်ထည်မှာ ခလုတ် ၃ ခု ပါပါတယ်။ ၁ ခုက OS မှာ Navigate ပြုလုပ်နိုင်မယ့် Rotating Crown ဖြစ်ပါတယ်။ နောက် ၂ ခုက Customize ပြုလုပ်နိုင်တဲ့ ခလုတ်တွေ ဖြစ်ပါတယ်။ စမတ်နာရီရဲ့ အရွယ်အစားဟာ ၄၄ မီလီမီတာ ဖြစ်ပြီး Carlyle နဲ့ Julianna Versions တွေ ထုတ်လုပ်ပေးထားပါတယ်။ Versions ၂ ခုစလုံးကို Stainless Steel နဲ့ တည်ဆောက်ထားပါတယ်။ ၂၂ မီလီမီတာ လက်ပတ်ကြိုးကို ဖြုတ်လဲနိုင်ပါတယ်။

Fossil Gen 5 Smartwatch မှာ Snapdragon 3100 Chipset , 1GB RAM , 8GB Storage တွေ ထည့်သွင်းထားပါတယ်။ ကိုယ်လက်လှုပ်ရှားမှုတွေနဲ့ နှလုံးခုန်နှုန်းကို တိုင်းတာပေးတဲ့ လုပ်ဆောင်ချက်တွေ ပါပါတယ်။ ဆက်သွယ်မှု အပိုင်းမှာ GPS, NFC, WiFi နဲ့ Bluetooth 4.2 တွေ ထည့်သွင်းထားပါတယ်။ ရေအနက် ၃၀ မီတာ အထိ ဝတ်ဆင်နိုင်ပါတယ်။

Fossil Gen 5 Smartwatch ကို Android 4.4 , iOS 9.3 နဲ့ သူ့အထက် Device တွေနဲ့ ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။ Fossil ရဲ့ ဝက်ဘ်ဆိုက်မှာ ၂၉၅ ဒေါ်လာနဲ့ ကြိုတင်မှာယူနိုင်ပါပြီ။ အမေရိကန်မှာ Amazon , Europe နဲ့ Middle East တို့မှာလည်း ဝယ်ယူနိုင်ပါပြီ။ သြဂုတ်လ ၂၆ ရက်မှာ တခြား နိုင်ငံတွေမှာ ရောင်းချပေးမှာပါ။

Ref : gsmarena