[Zawgyi]

Samsung က Resolution အျမင့္မားဆံုး စမတ္ဖုန္း ကင္မရာ ျဖစ္တဲ့ 108MP ISOCELL Bright HMX ကို ၿပီးခဲ့တဲ့လက ေၾကညာခဲ့ပါတယ္။ Xiaomi ဟာ အဲဒီ ကင္မရာ ပထမဆုံး သံုးထားတဲ့ စမတ္ဖုန္းကို ထုတ္လုပ္မွာ ျဖစ္ၿပီး အဲဒီ စမတ္ဖုန္းဟာ Mi Mix 4 ျဖစ္မယ္လို႔ သတင္းထြက္ေနပါတယ္။ ေအာက္တိုဘာလမွာ Mi Mix 4 ကို ေၾကညာႏုိင္ပါတယ္။

အခုေတာ့ XDA Developers က Xiaomi ဟာ အနာဂတ္မွာ ထုတ္မယ့္ အျခား စမတ္ဖုန္း ၄ လံုးမွာလည္း 108MP Camera ကို အသံုးျပဳထားမယ္လို႔ ေျပာပါတယ္။ အဲဒီ စမတ္ဖုန္းေတြရဲ႕ လွ်ိဳ႕၀ွက္ နာမည္ေတြက “tucana”, “draco”, “umi” နဲ႔ “cmi” တို႔ ျဖစ္ၿပီး MIUI Mi Gallery App ရဲ႕ Code ေတြကေန သိခဲ့ရတာပါ။ အဲဒီ App မွာ 108MP Photos ေတြကို Full Resolution နဲ႔ ၾကည့္ႏုိင္မယ့္ စြမ္းရည္ ထည့္သြင္းေပးထားပါတယ္။

XDA Developers က Pop-up Selfie Cameras ေတြ ပါလာမယ့္ Xiaomi စမတ္ဖုန္း ၂ လံုးကိုလည္း အရင္က ေဖာ္ထုတ္ခဲ့ၿပီး အဲဒီ စမတ္ဖုန္းေတြဟာ Redmi K20/Mi 9T နဲ႔ Redmi K20 Pro/Mi 9T Pro တို႔ ျဖစ္လာပါတယ္။ Gallery App မွာ 108MP Photos ေတြကို ၾကည့္ႏုိင္တဲ့ စြမ္းရည္ ထည့္သြင္းေပးလိုက္တယ္ဆိုတာဟာ Xiaomi ရဲ႕ စမတ္ဖုန္း ၄ လံုးမွာ 108MP Camera ပါမယ္လို႔ ရာႏႈန္းျပည့္ မသတ္မွတ္ႏုိင္ပါဘူး။ ဒါေပမယ့္ ျဖစ္ႏုိင္ေျခမ်ားေနပါတယ္။

ေနာက္ ၁ မ်ိဳးစဥ္းစားလို႔လည္း ရပါေသးတယ္။ Xiaomi က 108MP Camera ပါတဲ့ စမတ္ဖုန္း ၁ လံုးပဲ လက္ရွိမွာ ထုတ္လုပ္ေရာင္းခ်ဖို႔ စဥ္းစားထားတယ္ ဆိုရင္ေတာင္ အဲဒီ ကင္မရာနဲ႔ ရိုက္ကူးထားတဲ့ ဓါတ္ပံုေတြကို အျခား စမတ္ဖုန္းေတြမွာပါ ၾကည့္လို႔ရေအာင္ ျပဳလုပ္ေပးထားတာလည္း ျဖစ္ႏုိင္ပါတယ္။

Ref : gsmarena

[Unicode]

Xiaomi ရဲ့ အနာဂတ် စမတ်ဖုန်း ၄ လုံးမှာ Samsung ရဲ့ 108MP Camera သုံးလာနိုင်

Samsung က Resolution အမြင့်မားဆုံး စမတ်ဖုန်း ကင်မရာ ဖြစ်တဲ့ 108MP ISOCELL Bright HMX ကို ပြီးခဲ့တဲ့လက ကြေညာခဲ့ပါတယ်။ Xiaomi ဟာ အဲဒီ ကင်မရာ ပထမဆုံး သုံးထားတဲ့ စမတ်ဖုန်းကို ထုတ်လုပ်မှာ ဖြစ်ပြီး အဲဒီ စမတ်ဖုန်းဟာ Mi Mix 4 ဖြစ်မယ်လို့ သတင်းထွက်နေပါတယ်။ အောက်တိုဘာလမှာ Mi Mix 4 ကို ကြေညာနိုင်ပါတယ်။

အခုတော့ XDA Developers က Xiaomi ဟာ အနာဂတ်မှာ ထုတ်မယ့် အခြား စမတ်ဖုန်း ၄ လုံးမှာလည်း 108MP Camera ကို အသုံးပြုထားမယ်လို့ ပြောပါတယ်။ အဲဒီ စမတ်ဖုန်းတွေရဲ့ လျှို့ဝှက် နာမည်တွေက “tucana”, “draco”, “umi” နဲ့ “cmi” တို့ ဖြစ်ပြီး MIUI Mi Gallery App ရဲ့ Code တွေကနေ သိခဲ့ရတာပါ။ အဲဒီ App မှာ 108MP Photos တွေကို Full Resolution နဲ့ ကြည့်နိုင်မယ့် စွမ်းရည် ထည့်သွင်းပေးထားပါတယ်။

XDA Developers က Pop-up Selfie Cameras တွေ ပါလာမယ့် Xiaomi စမတ်ဖုန်း ၂ လုံးကိုလည်း အရင်က ဖော်ထုတ်ခဲ့ပြီး အဲဒီ စမတ်ဖုန်းတွေဟာ Redmi K20/Mi 9T နဲ့ Redmi K20 Pro/Mi 9T Pro တို့ ဖြစ်လာပါတယ်။ Gallery App မှာ 108MP Photos တွေကို ကြည့်နိုင်တဲ့ စွမ်းရည် ထည့်သွင်းပေးလိုက်တယ်ဆိုတာဟာ Xiaomi ရဲ့ စမတ်ဖုန်း ၄ လုံးမှာ 108MP Camera ပါမယ်လို့ ရာနှုန်းပြည့် မသတ်မှတ်နိုင်ပါဘူး။ ဒါပေမယ့် ဖြစ်နိုင်ခြေများနေပါတယ်။

နောက် ၁ မျိုးစဉ်းစားလို့လည်း ရပါသေးတယ်။ Xiaomi က 108MP Camera ပါတဲ့ စမတ်ဖုန်း ၁ လုံးပဲ လက်ရှိမှာ ထုတ်လုပ်ရောင်းချဖို့ စဉ်းစားထားတယ် ဆိုရင်တောင် အဲဒီ ကင်မရာနဲ့ ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေကို အခြား စမတ်ဖုန်းတွေမှာပါ ကြည့်လို့ရအောင် ပြုလုပ်ပေးထားတာလည်း ဖြစ်နိုင်ပါတယ်။

Ref : gsmarena