Unicode

Foxconn Technology Group ဟာ စမတ်ဖုန်းလောကမှာ လူသိများပြီးသားနာမည်တစ်ခုဆိုရင်လည်း မမှားပါဘူး။ လက်ရှိ Apple ရဲ့ iPhone တွေအပါအဝင် Google Pixel နဲ့ အခြားသော စမတ်ဖုန်းတွေကို ထုတ်လုပ်တပ်ဆင်ပေးနေတဲ့အကြီးမားဆုံး ကုမ္ပဏီလို့တောင်ပြောနိုင်မှာပါ။ ဒါပေမယ့် ကြည့်ရတာ Foxconn ကနေ စမတ်ဖုန်းတွေထက်တောင် ပိုပြီး နယ်ချဲ့လာတော့မယ့်ပုံစံပါပဲ။

ဘာကြောင့်လဲဆိုရင် အခုပဲ တရုတ်နိုင်ငံမှာ Foxconn ကနေ Fiat Chrysler မော်တော်ကားကုမ္ပဏီနဲ့ Electric Car တွေကို ပူးတွဲထုတ်လုပ်ဖို့ သဘောတူညီမှုရယူလိုက်တာကြောင့်ဖြစ်ပါတယ်။ ဒီပူးပေါင်းမှုဟာ တရုတ်နိုင်ငံရဲ့ Market Observation Post System (MOPS) အောက်မှာပြုလုပ်ခဲ့တာဖြစ်ပြီး ကုမ္ပဏီ ၂ ခုစလုံးက ၅၀ ရာခိုင်နှုန်း အချိုးကျပိုင်ဆိုင်မှာလည်းဖြစ်ပါတယ်။ အခုလိုပူးပေါင်းမှုက တရုတ်နိုင်ငံမှာ IoV (Internet of Vehicle) ကို စတင်ပြီး အကောင်အထည်ဖော်ဖို့ဖြစ်တယ်လို့လည်း သိရှိရပါတယ်။

အဲ့ဒီအတွက် စစခြင်းအနေနဲ့ Fiat Chrysler နဲ့ Foxconn တို့ဟာ တရုတ်နိုင်ငံမှာ အရင်ဆုံး Electric Car တွေကို အမြောက်အများထုတ်လုပ်သွားမှာဖြစ်ပြီးတော့ နောက်ပိုင်းမှာ အရှေ့တောင်အာရှနိုင်ငံတွေနဲ့ တခြားသောနိုင်ငံခြားကုမ္ပဏီတွေကိုပါ တင်ပို့ရောင်းချသွားမှာဖြစ်ပါတယ်။ အခု ပူးပေါင်းမှုက လက်ရှိ ရှိပြီးသား Fiat ရဲ့ မော်တော်ကားမော်ဒယ်တွေကို Electric Version ပြောင်းလဲမှာမဟုတ်ဘဲ ကုမ္ပဏီ ၂ ခု ပူးပေါင်းပြီး လုံးဝအစကနေ ထုတ်လုပ်သွားမှာလည်းဖြစ်ပါတယ်။

အခုလိုမျိုး Foxconn နဲ့ ပူးပေါင်းလိုက်တာက Fiat အတွက်လည်း တရုတ်နိုင်ငံတွင်း ခြေချဖို့ကိုပိုပြီး အထောက်အပံ့ပေးသလို Fiat ရဲ့ ပထမဆုံး Electric Car ကိုလည်း မြင်တွေ့ရတော့မှာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီလိုမျိုး Foxconn ကနေ စတင်ပြီးတော့ နောက်ပိုင်းမှာ တရုတ်နိုင်ငံရဲ့ နည်းပညာကုမ္ပဏီတွေဖြစ်ကြတဲ့ Tencent ၊ Xiaomi နဲ့ Harmony Auto လို ကုမ္ပဏီတွေပါ အလားတူလိုက်လုပ်နိုင်ပါတယ်။

Ref – Gizmo China

Zawgyi

Foxconn Technology Group ဟာ စမတ္ဖုန္းေလာကမွာ လူသိမ်ားၿပီးသားနာမည္တစ္ခုဆိုရင္လည္း မမွားပါဘူး။ လက္ရွိ Apple ရဲ႕ iPhone ေတြအပါအဝင္ Google Pixel နဲ႔ အျခားေသာ စမတ္ဖုန္းေတြကို ထုတ္လုပ္ေပးေနတဲ့အႀကီးမားဆုံး ကုမၸဏီလို႔ေတာင္ေျပာႏိုင္မွာပါ။ ဒါေပမယ့္ ၾကည့္ရတာ Foxconn ကေန စမတ္ဖုန္းေတြထက္ေတာင္ ပိုၿပီး နယ္ခ်ဲ႕လာေတာ့မယ့္ပုံစံပါပဲ။

ဘာေၾကာင့္လဲဆိုရင္ အခုပဲ တ႐ုတ္ႏိုင္ငံမွာ Foxconn ကေန Fiat Chrysler ေမာ္ေတာ္ကားကုမၸဏီနဲ႔ Electric Car ေတြကို ပူးတြဲထုတ္လုပ္ဖို႔ သေဘာတူညီမႈရယူလိုက္တာေၾကာင့္ျဖစ္ပါတယ္။ ဒီပူးေပါင္းမႈဟာ တ႐ုတ္ႏိုင္ငံရဲ႕ Market Observation Post System (MOPS) ေအာက္မွာျပဳလုပ္ခဲ့တာျဖစ္ၿပီး ကုမၸဏီ ၂ ခုစလုံးက ၅၀ ရာခိုင္ႏႈန္း အခ်ိဳးက်ပိုင္ဆိုင္မွာလည္းျဖစ္ပါတယ္။ အခုလိုပူးေပါင္းမႈက တ႐ုတ္ႏိုင္ငံမွာ IoV (Internet of Vehicle) ကို စတင္ၿပီး အေကာင္အထည္ေဖာ္ဖို႔ျဖစ္တယ္လို႔လည္း သိရွိရပါတယ္။

အဲ့ဒီအတြက္ စစျခင္းအေနနဲ႔ Fiat Chrysler နဲ႔ Foxconn တို႔ဟာ တ႐ုတ္ႏိုင္ငံမွာ အရင္ဆုံး Electric Car ေတြကို အေျမာက္အမ်ားထုတ္လုပ္သြားမွာျဖစ္ၿပီးေတာ့ ေနာက္ပိုင္းမွာ အေရွ႕ေတာင္အာရွႏိုင္ငံေတြနဲ႔ တျခားေသာႏိုင္ငံျခားကုမၸဏီေတြကိုပါ တင္ပို႔ေရာင္းခ်သြားမွာျဖစ္ပါတယ္။ အခု ပူးေပါင္းမႈက လက္ရွိ ရွိၿပီးသား Fiat ရဲ႕ ေမာ္ေတာ္ကားေမာ္ဒယ္ေတြကို Electric Version ေျပာင္းလဲမွာမဟုတ္ဘဲ ကုမၸဏီ ၂ ခု ပူးေပါင္းၿပီး လုံးဝအစကေန ထုတ္လုပ္သြားမွာလည္းျဖစ္ပါတယ္။

အခုလိုမ်ိဳး Foxconn နဲ႔ ပူးေပါင္းလိုက္တာက Fiat အတြက္လည္း တ႐ုတ္ႏိုင္ငံတြင္း ေျခခ်ဖို႔ကိုပိုၿပီး အေထာက္အပံ့ေပးသလို Fiat ရဲ႕ ပထမဆုံး Electric Car ကိုလည္း ျမင္ေတြ႕ရေတာ့မွာျဖစ္ပါတယ္။ ဘာပဲျဖစ္ျဖစ္ ဒီလိုမ်ိဳး Foxconn ကေန စတင္ၿပီးေတာ့ ေနာက္ပိုင္းမွာ တ႐ုတ္ႏိုင္ငံရဲ႕ နည္းပညာကုမၸဏီေတြျဖစ္ၾကတဲ့ Tencent ၊ Xiaomi နဲ႔ Harmony Auto လို ကုမၸဏီေတြပါ အလားတူလိုက္လုပ္ႏိုင္ပါတယ္။

Ref – Gizmo China