[Zawgyi]

Google ရဲ႕ လာမယ့္္ OS ျဖစ္တဲ့ Fuchsia ဟာ Chrome OS နဲ႔ ပူးေပါင္းၿပီး Android Apps ေတြကိုလည္း ေထာက္ပံ့ေပးႏိုင္မလားဆိုတာကို ေစာင့္ၾကည့္ေနခဲ့တာ ၾကာၿပီျဖစ္ပါတယ္။ အခုအခ်ိန္မွာေတာ့ ေစာင့္ၾကည့္ခဲ့တာအတြက္ အေျဖတစ္ခုေတာ့ထြက္လာပါၿပီ။

Android Open Source Project မွာေတြ႕ရတဲ့ ေျပာင္းလဲမႈအရ Fuchsia ဟာ Android Runtime ကတစ္ဆင့္ Android App ေတြကို Run ႏိုင္ၿပီလို႔ ေျပာလို႔ရပါၿပီ။ ၿပီးခဲ့တဲ့လတုန္းက Android Open Source Project (AOSP) မွာ Fuchsia နဲ႔ သက္ဆိုင္တဲ့ လုပ္ေဆာင္မႈ ႏွစ္ခုကိုေတြ႕ခဲ့ရပါတယ္။

ပထမတစ္ခုက “platform/prebuilts/fuchsia_sdk” ျဖစ္ၿပီး Fuchsia application ဖန္တီးဖို႔ software development kit ျဖစ္ပါတယ္။ ေနာက္တစ္ခုကေတာ့ “device/google/fuchsia” ျဖစ္ၿပီး Fuchsia ကို Run ဖို႔ Android Emulator ျဖစ္ပါတယ္။ အခု ျမင္ေတြ႕ရတဲ့ ေျပာင္းလဲမႈအသစ္မွာေတာ့ Google ရဲ႕ Fuchsia OS ဟာ သီးသန႔္ Android Runtime နဲ႔ ျဖစ္သြားပါၿပီ။

လက္ရွိအခ်ိန္အထိ ေတြ႕ျမင္ရသေလာက္ ေျပာရမယ္ဆိုရင္ Android Application ေတြကို Fuchsia OS မွာ Run ႏိုင္တယ္ဆိုေပမယ့္ အကုန္လုံးကို Run ႏိုင္မလားဆိုတဲ့ အေျဖေတာ့ ရွင္းရွင္းလင္းလင္း မရွိေသးပါဘူး။ ေနာက္တစ္ခုက Fuchsia OS ကို ဘယ္ Devices ေတြမွာ သုံးႏိုင္မလဲဆိုတာပါပဲ။ Android ဆိုတာ လက္ရွိအခ်ိန္မွာ ကမာၻ႔အသုံးအမ်ားဆုံး Operating System တစ္ခုပါ။ ဒီေတာ့ Google ရဲ႕ ႀကိဳးပမ္းခ်က္ေတြအတြက္ သိသာတဲ့ အေျပာင္းအလဲကို ျမင္ရဖို႔ အခ်ိန္အတိုင္းအတာတစ္ခုေတာ့ လိုေနေသးတယ္လို႔ ဆိုရဦးမွာပဲ ျဖစ္ပါတယ္။

Ref: 9TO5Google

[Unicode]

Google ရဲ့ Fuchsia OS မှာ Android Apps တွေ သုံးနိုင်တော့မယ်

Google ရဲ့ လာမယ့်် OS ဖြစ်တဲ့ Fuchsia ဟာ Chrome OS နဲ့ ပူးပေါင်းပြီး Android Apps တွေကိုလည်း ထောက်ပံ့ပေးနိုင်မလားဆိုတာကို စောင့်ကြည့်နေခဲ့တာ ကြာပြီဖြစ်ပါတယ်။ အခုအချိန်မှာတော့ စောင့်ကြည့်ခဲ့တာအတွက် အဖြေတစ်ခုတော့ထွက်လာပါပြီ။

Android Open Source Project မှာတွေ့ရတဲ့ ပြောင်းလဲမှုအရ Fuchsia ဟာ Android Runtime ကတစ်ဆင့် Android App တွေကို Run နိုင်ပြီလို့ ပြောလို့ရပါပြီ။ ပြီးခဲ့တဲ့လတုန်းက Android Open Source Project (AOSP) မှာ Fuchsia နဲ့ သက်ဆိုင်တဲ့ လုပ်ဆောင်မှု နှစ်ခုကိုတွေ့ခဲ့ရပါတယ်။

ပထမတစ်ခုက “platform/prebuilts/fuchsia_sdk” ဖြစ်ပြီး Fuchsia application ဖန်တီးဖို့ software development kit ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ “device/google/fuchsia” ဖြစ်ပြီး Fuchsia ကို Run ဖို့ Android Emulator ဖြစ်ပါတယ်။ အခု မြင်တွေ့ရတဲ့ ပြောင်းလဲမှုအသစ်မှာတော့ Google ရဲ့ Fuchsia OS ဟာ သီးသန့် Android Runtime နဲ့ ဖြစ်သွားပါပြီ။

လက်ရှိအချိန်အထိ တွေ့မြင်ရသလောက် ပြောရမယ်ဆိုရင် Android Application တွေကို Fuchsia OS မှာ Run နိုင်တယ်ဆိုပေမယ့် အကုန်လုံးကို Run နိုင်မလားဆိုတဲ့ အဖြေတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။ နောက်တစ်ခုက Fuchsia OS ကို ဘယ် Devices တွေမှာ သုံးနိုင်မလဲဆိုတာပါပဲ။ Android ဆိုတာ လက်ရှိအချိန်မှာ ကမ္ဘာ့အသုံးအများဆုံး Operating System တစ်ခုပါ။ ဒီတော့ Google ရဲ့ ကြိုးပမ်းချက်တွေအတွက် သိသာတဲ့ အပြောင်းအလဲကို မြင်ရဖို့ အချိန်အတိုင်းအတာတစ်ခုတော့ လိုနေသေးတယ်လို့ ဆိုရဦးမှာပဲ ဖြစ်ပါတယ်။

Ref: 9TO5Google