[Zawgyi]

Pixel 4 Smartphones ေတြကို ျမင္ရဖို႔ ၂ ပတ္ေလာက္ပဲ လိုပါေတာ့တယ္။ အဲဒီ ဖုန္းေတြရဲ႕ သတင္းအခ်က္အလက္ေတြလည္း နည္းနည္းခ်င္းစီ မၾကာခဏ ေပါက္ၾကားထြက္ေပၚေနပါတယ္။ အခုေတာ့ Pixel 4 နဲ႔ Pixel 4 XL ရဲ႕ Specs အျပည့္အစံုကို 9to5Google က ခ်ျပလိုက္ပါတယ္။

အံ့အားသင့္စရာေကာင္းတာက ဘက္ထရီေတြ ျဖစ္ပါတယ္။ Pixel 4 မွာ 2,800mAh နဲ႔ 4 XL မွာ 3,700mAh Battery ေတြ ထည့္သြင္းထားတယ္လို႔ ေဖာ္ျပထားပါတယ္။ ဒါဟာ အရင္မ်ိဳးဆက္ေတြထက္ေတာင္ အားနည္းသြားပါတယ္။ Pixel 3 မွာ 2,915mAh နဲ႔ Pixel 3a မွာ 3,000mAh Battery ေတြ ထည့္သြင္းထားတာ ျဖစ္ပါတယ္။ 4 XL ရဲ႕ Battery က တိုးတက္မလာဘဲ Pixel 3a XL နဲ႔ တူေနပါတယ္။

Pixel 4 Series ေတြမွာ Snapdragon 855+ မဟုတ္ဘဲ 855 သာ ထည့္သြင္းထားမယ္လို႔ သတင္းထြက္ေနပါတယ္။ ထံုးစံအတိုင္းပဲ ဘူးခြံထဲမွာ နားၾကပ္ ထည့္သြင္းထားမွာ မဟုတ္ပါဘူး။ ဒါေပမယ့္ Google က Pixel 4 Series ေတြနဲ႔အတူ Pixel Buds 2 ႀကိဳးမဲ့နားၾကပ္ကိုပါ ေၾကညာမယ္လို႔ သတင္းထြက္ေနပါတယ္။ 3.5mm Audio to USB-C Cable လည္း ပါလာမွာ မဟုတ္ပါဘူး။ အဲဒီအတြက္ USB-C Headphones ကို သံုးရင္သံုး ဒါမွမဟုတ္ Bluetooth Headphones ကို သံုးရမွာပါ။

ေအာက္တိုဘာလ ၁၅ ရက္ေန႔မွာ Pixel 4 နဲ႔ Pixel 4 XL တို႔ကို ေၾကညာေတာ့မွာပါ။ အဲဒီ ဖုန္းေတြရဲ႕ ေစ်းႏႈန္းနဲ႔ ေရာင္းခ်မယ့္ ႏုိင္ငံေတြလို သတင္းအခ်က္အလက္ေတြကိုေတာ့ မသိရေသးပါဘူး။

Ref : gsmarena

[Unicode]

Google Pixel 4 နဲ့ Pixel 4 XL ရဲ့ Specs အပြည့်အစုံထွက်ပေါ်လာ

Pixel 4 Smartphones တွေကို မြင်ရဖို့ ၂ ပတ်လောက်ပဲ လိုပါတော့တယ်။ အဲဒီ ဖုန်းတွေရဲ့ သတင်းအချက်အလက်တွေလည်း နည်းနည်းချင်းစီ မကြာခဏ ပေါက်ကြားထွက်ပေါ်နေပါတယ်။ အခုတော့ Pixel 4 နဲ့ Pixel 4 XL ရဲ့ Specs အပြည့်အစုံကို 9to5Google က ချပြလိုက်ပါတယ်။

အံ့အားသင့်စရာကောင်းတာက ဘက်ထရီတွေ ဖြစ်ပါတယ်။ Pixel 4 မှာ 2,800mAh နဲ့ 4 XL မှာ 3,700mAh Battery တွေ ထည့်သွင်းထားတယ်လို့ ဖော်ပြထားပါတယ်။ ဒါဟာ အရင်မျိုးဆက်တွေထက်တောင် အားနည်းသွားပါတယ်။ Pixel 3 မှာ 2,915mAh နဲ့ Pixel 3a မှာ 3,000mAh Battery တွေ ထည့်သွင်းထားတာ ဖြစ်ပါတယ်။ 4 XL ရဲ့ Battery က တိုးတက်မလာဘဲ Pixel 3a XL နဲ့ တူနေပါတယ်။

Pixel 4 Series တွေမှာ Snapdragon 855+ မဟုတ်ဘဲ 855 သာ ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။ ထုံးစံအတိုင်းပဲ ဘူးခွံထဲမှာ နားကြပ် ထည့်သွင်းထားမှာ မဟုတ်ပါဘူး။ ဒါပေမယ့် Google က Pixel 4 Series တွေနဲ့အတူ Pixel Buds 2 ကြိုးမဲ့နားကြပ်ကိုပါ ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။ 3.5mm Audio to USB-C Cable လည်း ပါလာမှာ မဟုတ်ပါဘူး။ အဲဒီအတွက် USB-C Headphones ကို သုံးရင်သုံး ဒါမှမဟုတ် Bluetooth Headphones ကို သုံးရမှာပါ။

အောက်တိုဘာလ ၁၅ ရက်နေ့မှာ Pixel 4 နဲ့ Pixel 4 XL တို့ကို ကြေညာတော့မှာပါ။ အဲဒီ ဖုန်းတွေရဲ့ ဈေးနှုန်းနဲ့ ရောင်းချမယ့် နိုင်ငံတွေလို သတင်းအချက်အလက်တွေကိုတော့ မသိရသေးပါဘူး။

Ref : gsmarena