ပြီးခဲ့တဲ့လပိုင်းတုန်းက Google ကနေ Android 11 Stable OS Update ကို Pixel စမတ်ဖုန်းတွေအတွက် အစောဆုံးထုတ်ပေးခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ တခြားသော စမတ်ဖုန်းထုတ်လုပ်သူတွေကလည်း Android 11 ကို အခြေခံထားတဲ့ Beta Update တွေကို ဆက်တိုက်ထုတ်ပေးနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း OnePlus ကနေ OnePlus 8 Series စမတ်ဖုန်းတွေအတွက် Android 11 ကို အခြေခံထားတဲ့ OxygenOS 11 Stable Update ကို ထုတ်ပေးလိုက်ပါတယ်။ ဒါပေမယ့်လည်း Vivo အနေနဲ့ကတော့ အခုထိကို Android 11 Update နဲ့ပတ်သက်ပြီး ပြောကြားထားခြင်းမရှိသေးပါဘူး။

ဒါပေမယ့်လည်း အခုအချိန်မှာတော့ Vivo ရဲ့ Hong Kong Website မှာ Funtouch OS 11 မှာပါဝင်လာမယ့် Feature အသစ်တွေကို ဖော်ပြထားတာကို တွေ့ရှိရပြီဖြစ်ပါတယ်။ လက်ရှိ Vivo ရဲ့ Funtouch OS 10 ဟာ Android 10 ကို အခြေခံထားတဲ့အတွက် Funtouch OS 11 ဟာလည်း Android 11 OS ကို အခြေခံလာမယ်လို့ ယူရပါတယ်။

အရင်ဆုံး Funtouch OS 11 ရဲ့အဓိကပြောင်းလဲမှုကတော့ System App တွေရဲ့ Design ပိုင်းပဲဖြစ်ပြီး အဖြူရောင်မှာမှ အပြာရောင် နဲ့ အနက်ရောင်တွေပဲ ဆင်တူအသုံးပြုလာမှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Always-on Display ကိုလည်း ယခင်တုန်းကထက် သိသိသာသာပိုပြီး ပြင်ဆင်နိုင်မှာပါ။

Gallery App မှာလည်း Memories နာမည်နဲ့ Album အသစ်ပါဝင်လာမှာဖြစ်ပြီး ကိုယ့်ရဲ့ ဓါတ်ပုံတွေကို အချိန်နဲ့ နေရာပေါ်မူတည်ပြီး ပြန်လည်စီစဥ်ပေးသွားမှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Video Editing ပိုင်းမှာလည်း AI Editor Feature ကိုထည့်သွင်းသွားမယ်လို့ သိရပါတယ်။ ဖုန်းရဲ့ Security ပိုင်းအတွက်လည်း iManager ဆိုပြီး Feature အသစ်ပါဝင်လာမှာဖြစ်ပါတယ်။ ကျန်တဲ့ Feature တွေအနေနဲ့ကတေ့ာ Ultra Game Mode ၊ S-Capture လိုမျိုး Feature အသစ်တွေလည်း ထည့်သွင်းလာမှာပါ။

Vivo ကတော့ လက်ရှိအချိန်မှာ Funtouch OS 11 နဲ့ ပတ်သက်ပြီး ဘယ်အချိန်မှာ ဘယ်ဖုန်းတွေ Update ရရှိမလဲဆိုတာကို တရားဝင်ပြောကြားခဲ့ခြင်းမရှိသေးပါဘူး။ ဒါပေမယ့်လည်း ယခုနှစ်မကုန်ခင်မှာတော့ သတင်းထုတ်ပြန်လာဖွယ်ရှိနေပါတယ်။

Ref – Gizmo China