Samsung ကနေ Galaxy A12 နာမည်နဲ့ Budget စမတ်ဖုန်းအသစ်ကို မိတ်ဆက်ဖို့ရှိနေတယ်ဆိုတာ ပြီးခဲ့တဲ့လပိုင်းတုန်းထဲက သတင်းတွေထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာ Galaxy A12 ဖုန်းရဲ့ Specification တွေက Geekbench Benchmarking Website ကနေ တစ်ဆင့် ပေါက်ကြားလာခဲ့ပါပြီ။

Samsung Galaxy A12 စမတ်ဖုန်းဟာ Model Number အနေနဲ့ SM-A125F လို့ နာမည်ပေးထားတယ်လို့ သိရပြီးတော့ Storage အနေနဲ့ 32GB နဲ့ 64GB ဆိုပြီး ၂ မျိုး မိတ်ဆက်လာမှာဖြစ်ပါတယ်။ Geekbench Website မှာတော့ Qualcomm Chipset အစား MediaTek ရဲ့ Helio P35 Chipset ကို ပြောင်းလဲအသုံးပြုထားပြီးတော့ RAM 3GB ပါဝင်လာမယ်လို့ ဖော်ပြခဲ့ပါတယ်။

အခုလိုမျိုး MediaTek Helio P35 Chipset ကို ပြောင်းလဲလိုက်တာက အခုနှစ်မှာထွက်ရှိထားတဲ့ Galaxy A11 ဖုန်းရဲ့ Qualcomm Snapdragon 450 Chipset ထက်တော့ အနည်းငယ်ပိုပြီး စွမ်းဆောင်ရည်ကောင်းမွန်လာမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကျန်တဲ့စမတ်ဖုန်းရဲ့ Design တွေနဲ့ Feature တွေကိုတော့ အတိအကျမသိရသေးပါဘူး။

Samsung ဟာ Galaxy A12 စမတ်ဖုန်းကို ယခုနှစ်ကုန်ပိုင်းမှာ တရားမိတ်ဆက်သွားနိုင်ပြီးတော့ Galaxy A11 လိုမျိုးပဲ Budget A Series ဖုန်းတစ်လုံးဖြစ်လာမှာဖြစ်ပါတယ်။ အရောင်အနေနဲ့ကတော့ Black ၊ White ၊ Red နဲ့ Blue ဆိုပြီး ၄ မျိုးရွေးချယ်နိုင်မယ်လို့ သိရပါတယ်။

Ref – Gizmo China