Zawgyi

ယမန္ေန႔က Galaxy A10s မိတ္ဆက္အၿပီးမွာ Samsung ဟာ သူ႕ရဲ႕ A စီးရီး လိုင္းအပ္အတြက္ ဗားရွင္းအသစ္ထုတ္တာကို မရပ္တန္႔ေသးဘဲ ေနာက္ထပ္အဖြဲ႕ဝင္ေတြကိုလည္း “S” ဗားရွင္း Upgrade ထပ္ေပးဖို႔ ျပင္ဆင္ေနပါၿပီ။

မူလဖုန္းေတြ ထြက္ရွိထားတာ ေျခာက္လခန္႔အၾကာမွာေတာ့ Galaxy A30s နဲ႔ A50s တုိ႔ဟာ A10s ကို လာေရာက္ပူးေပါင္းဖုိ႔အတြက္ အသိအမွတ္ျပဳခံေနၿပီျဖစ္ၿပီး ကုဒ္နံပါတ္ SM-A307FN/DS နဲ႔ SM-A507FN/DS အသီးသီးျဖင့္ Wi-Fi Alliance ဆုိက္မွာ အသိအမွတ္ျပဳရရွိခဲ့ေၾကာင္း ေပၚထြက္လာတာပါတယ္။ ဒီဖုန္းေတြမွာ ပါဝင္မယ့္ Specs ေတြကိုေတာ့ Android 9 Pie အသုံးျပဳလာၿပီး Dual-band Wifi စြမ္းေဆာင္ရည္ ပါဝင္မယ္ ဆုိတာေလာက္ပဲ ေဖာ္ျပထားေပမယ့္ မၾကာေသးခင္က ဒီေမာ္ဒယ္နံပါတ္ေတြနဲ႔ Geekbench ေပၚမွာ တက္လာတဲ့ အေျဖေတြကိုေတာ့ ရရွိထားပါတယ္။

A30s ဖုန္းဟာ Exynos 7885 ခ်စ္ပ္ဆက္ကို 3GB RAM နဲ႔တြဲဖက္လာၿပီး မူရင္း A30 မွာပါတဲ့ Dual-camera အစား Triple-camera သုိ႔ တုိးျမင့္လာမွာျဖစ္ပါတယ္။ က်န္တဲ့ Specs ေတြကေတာ့ တူညီတဲ့ 6.4” လက္မအရြယ္ Infinity-V Display နဲ႔ 4,000 mAh ဘကၳရီ စသျဖင့္ အတူတူပါပဲ။

Galaxy A50s ကေတာ့ Exynos 9610 ခ်စ္ပ္ဆက္ကို 4GB RAM နဲ႔တြဲဖက္လာမွာျဖစ္ပါတယ္။ သူကေတာ့ မူရင္း A50 ထက္ ပိုႀကီးတဲ့ ဘကၳရီနဲ႔ ကင္မရာတုိးျမွင့္မႈေတြ ပါလာမယ္လို႔ သတင္းထြက္ထားေပမယ့္ အတိအက်ေတာ့ မသိရေသးပါဘူး။

Galaxy A10s မိတ္ဆက္ၿပီးတဲ့ေနာက္ A30s နဲ႔ A50s တုိ႔ဟာလည္း သိပ္မၾကာခင္ ရက္သတၱပတ္ အနည္းငယ္အတြင္း ေတြ႕ရေတာ့မယ္လို႔ ယူဆရတဲ့အတြက္ ေစာင့္ၾကည့္ရဦးမွာပါ။

Ref – GSM Arena

Unicode

ယမန်နေ့က Galaxy A10s မိတ်ဆက်အပြီးမှာ Samsung ဟာ သူ့ရဲ့ A စီးရီး လိုင်းအပ်အတွက် ဗားရှင်းအသစ်ထုတ်တာကို မရပ်တန့်သေးဘဲ နောက်ထပ်အဖွဲ့ဝင်တွေကိုလည်း “S” ဗားရှင်း Upgrade ထပ်ပေးဖို့ ပြင်ဆင်နေပါပြီ။

မူလဖုန်းတွေ ထွက်ရှိထားတာ ခြောက်လခန့်အကြာမှာတော့ Galaxy A30s နဲ့ A50s တို့ဟာ A10s ကို လာရောက်ပူးပေါင်းဖို့အတွက် အသိအမှတ်ပြုခံနေပြီဖြစ်ပြီး ကုဒ်နံပါတ် SM-A307FN/DS နဲ့ SM-A507FN/DS အသီးသီးဖြင့် Wi-Fi Alliance ဆိုက်မှာ အသိအမှတ်ပြုရရှိခဲ့ကြောင်း ပေါ်ထွက်လာတာပါတယ်။ ဒီဖုန်းတွေမှာ ပါဝင်မယ့် Specs တွေကိုတော့ Android 9 Pie အသုံးပြုလာပြီး Dual-band Wifi စွမ်းဆောင်ရည် ပါဝင်မယ် ဆိုတာလောက်ပဲ ဖော်ပြထားပေမယ့် မကြာသေးခင်က ဒီမော်ဒယ်နံပါတ်တွေနဲ့ Geekbench ပေါ်မှာ တက်လာတဲ့ အဖြေတွေကိုတော့ ရရှိထားပါတယ်။

A30s ဖုန်းဟာ Exynos 7885 ချစ်ပ်ဆက်ကို 3GB RAM နဲ့တွဲဖက်လာပြီး မူရင်း A30 မှာပါတဲ့ Dual-camera အစား Triple-camera သို့ တိုးမြင့်လာမှာဖြစ်ပါတယ်။ ကျန်တဲ့ Specs တွေကတော့ တူညီတဲ့ 6.4” လက်မအရွယ် Infinity-V Display နဲ့ 4,000 mAh ဘက္ထရီ စသဖြင့် အတူတူပါပဲ။

Galaxy A50s ကတော့ Exynos 9610 ချစ်ပ်ဆက်ကို 4GB RAM နဲ့တွဲဖက်လာမှာဖြစ်ပါတယ်။ သူကတော့ မူရင်း A50 ထက် ပိုကြီးတဲ့ ဘက္ထရီနဲ့ ကင်မရာတိုးမြှင့်မှုတွေ ပါလာမယ်လို့ သတင်းထွက်ထားပေမယ့် အတိအကျတော့ မသိရသေးပါဘူး။

Galaxy A10s မိတ်ဆက်ပြီးတဲ့နောက် A30s နဲ့ A50s တို့ဟာလည်း သိပ်မကြာခင် ရက်သတ္တပတ် အနည်းငယ်အတွင်း တွေ့ရတော့မယ်လို့ ယူဆရတဲ့အတွက် စောင့်ကြည့်ရဦးမှာပါ။

Ref – GSM Arena