Samsung က ၂၀၂၃ ခုနှစ်ထုတ် စွမ်းရည်မြင့်  ဖုန်းတွေအတွက် Galaxy AI ကို ဖြန့်ချိပေးလိုက်ပါတယ်။  Samsung Galaxy S23, S23+, S23 Ultra , S23 FE နဲ့အတူ Foldable Galaxy Z Flip5 , Z Fold5 တို့မှာ Galaxy AI လုပ်ဆောင်ချက်တွေကို One UI 6.1 Update နဲ့ ထည့်သွင်းပေးလိုက်ပါတယ်။

Official Teaser: Galaxy AI is coming | Samsung - YouTube

တက်ဘလက်တွေအတွက် Galaxy Tab S9, Tab S9+ နဲ့ Tab S9 Ultra တို့ရဲ့ WiFi Version တွေဟာလည်း Galaxy AI ကို ရရှိပြီ ဖြစ်ပြီး 5G Version တွေက‌တော့ ဧပြီလကျမှ ရကြမှာပါ။ Tab S9 FE ၂ လုံးလည်း မရသေးပါဘူး။

Galaxy AI: Samsung's new mobile AI platform explained

Galaxy AI ရဲ့ လုပ်ဆောင်ချက်တွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • Circle to Search with Google : Google Lens နဲ့ ဆင်တူပြီး ပိုမို အသုံးပြုရတာ လွယ်ကူအောင် ပြုလုပ်ထားပါတယ်။
  • Live Translate : ဖုန်းပြောရင် အချိန်နဲ့ တစ်ပြေးညီ ဘာသာပြန်ပေးနိုင်ပါတယ်။ (စာသားတွေလည်း ပြပေးနိုင်ပါတယ်။ )
  • Generative Edit : ဓါတ်ပုံထဲက မလိုအပ်တဲ့ အရာဝတ္ထုတွေကို ဖယ်ရှားပေးနိုင်ပြီး Photoshop တတ်စရာ မလိုဘဲ နေရာလွတ်တွေကို ဖြည့်ပေးနိုင်ပါတယ်။
  • Chat Assist : ဒါဟာ Samsung Keyboard အတွက် ဖြစ်ပြီး ဘာသာပြန်တာ၊ စာရေးတဲ့ စတိုင်ကို အကြံပြုတာနဲ့ စာလုံးပေါင်းနဲ့ Grammer ကို စစ်ပေးနိုင်ပါတယ်။

ဒီလုပ်ဆောင်ချက်တွေကို ၂၀၂၅ ခုနှစ်ကုန်အထိ အခမဲ့ အသုံးပြုနိုင်ပြီး အဲဒီနောက်ပိုင်းမှာ အခကြေးငွေ ဘယ်လောက်ပေးရမလဲ ဆိုတာ မသိရသေးပါဘူး။

Ref : gsmarena