Zawgyi Font Version
Unicode Version
Samsung ဟာ သူ့ရဲ့ Galaxy ပရိတ်သတ်တွေကို Galaxian တွေလို့နာမည်ပေးထားပါတယ်။ မနေ့ (၂၈)ရက်နေ့က Samsung ကနေ ပြီးတော့ သူ့ရဲ့ Galaxian တွေအတွက် Galaxy Session နဲ့ Galaxy Party ကို Myanmar Plaza မှာရှိတဲ့ Hard Rock cafe မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပေးခဲ့ပါတယ်။ ပွဲမစခင်က Samsung ရဲ့ Ambassador အဖြစ် နာမည်ကြီးအဆိုတော် တစ်ယောက်လာမယ်ဆိုပြီး ပရိတ်သတ်ကို ရင်ခုန်စောင့်စားစေခဲ့ပြီး ပွဲစတင်ပြီး ခဏအကြာမှာ အဆိုပါ နာမည်ကြီးအဆိုတော်ဟာ G-Fatt ဖြစ်နေတာကိုတွေ့ခဲ့ရတယ်။ Galaxian တွေ Special Guest တွေနဲ့ တစ်ခြားဖိတ်ကြားထားတဲ့ Media တွေနဲ့အတူ Galaxy Session ကိုစတင်ကျင်းပခဲ့ကြပါတယ်။
ပထမ Galaxy Session မှာ Next Generation Archiever တွေဖြစ်တဲ့ Dr. Seint San Phyu, TBH Lab Founder ကိုအောင်ချမ်းမြေ့နဲ့အတူ Samsung Users Myanmar Group ရဲ့ Admin ဖြစ်သူ John Smith တို့ကနေပြီး နေ့စဉ်ဘဝ လုပ်ငန်းဆောင်တာ ကိစ္စတွေမှာ Smartphone တစ်လုံးရဲ့အရေးပါမှုနဲ့အသုံးဝင်ပုံတွေကိုပြောကြားသွားပါတယ်။ ဒုတိယ Galaxy Session မှာတော့ Travel Blogger တွေဖြစ်တဲ့ Su Wai Go, He & She နဲ့ Me and My Backpack တို့က Your Travel Companion ဆိုတဲ့ခေါင်းစဉ်နဲ့ သူတို့ရဲ့ အတွေ့အကြုံလေးတွေကိုဝေမျှပေးသွားပါတယ်။
Galaxy Session အပြီးမှာ Galxy Party ကိုဆက်လက်ဆင်နွဲခဲ့ကြပြီး Hard Rock Cafe ရဲ့ Signature အစားအသောက်များနဲ့ ပွဲတက်ရောက်လာကြတဲ့ Galaxy Fan တွေဖြစ်တဲ့ Galaxian တွေနဲ့ Special Guest တွေအပြင် Media တွေကိုပါ ကျွေးမွေးဧည့်ခံခဲ့ပါတယ်။ ပွဲလာရောက်ကြတဲ့ Fan တွေအကုန်လုံး အတူတစ်ကွ Game တွေဆော့ကစားခဲ့ကြပြီး ဆုလက်ဆောင်တွေပေးခဲ့ပါတယ်။ နာမည်ကြီး Hip Hop အဆိုတော် J-Me ကလည်း ဒီပွဲမှာ ထူးထူးခြားခြား အဆိုတော်တစ်ယောက်အနေနဲ့မဟုတ်ပဲ DJ တစ်ယောက်အဖြစ် မြိုင်မြိုင်ဆိုင်ဆိုင် တီးလုံးတွေနဲ့ ဖျော်ဖြေသွားပါတယ်။ အဆိုပါ Galaxy Fan Party ဟာ မြန်မာနိုင်ငံမှာ ပထမဆုံးပွဲဖြစ်ပါတယ်။