[Zawgyi]

Samsung ရဲ႕ co-CEO ျဖစ္သူ DJ Koh ဟာ Galaxy Fold ေတြ အဆင္သင့္ မျဖစ္ေသးတဲ့အခ်ိန္မွာ မိတ္ဆက္ပြဲ က်င္းပျပဳလုပ္ၿပီး ေစ်းကြက္ထဲ တင္ပို႔ေရာင္းခ်ဖို႔ သူကိုယ္တိုင္ တြန္းအားေပးခဲ့တာျဖစ္ေၾကာင္း ဖြင့္ဟဝန္ခံလာပါတယ္။ The Independent သတင္းဌာနရဲ႕ အဆိုမ်ားအရ DJ Koh က “ ဒီကိစၥဟာ ရွက္စရာေကာင္းခဲ့ပါတယ္ “ ဆိုၿပီး သတင္းေထာက္ေတြကို ေျပာၾကားခဲ့တယ္လို႔ သိရပါတယ္။

Samsung Galaxy Fold ကို ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလတုန္းက မိတ္ဆက္ခဲ့တာျဖစ္ၿပီး ဧၿပီလ ေႏွာင္းပိုင္းမွာ ေစ်းကြက္ထဲ တင္ပို႔ေရာင္းခ်ဖို႔ စီစဥ္ခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္ Reviewers ေတြက စမ္းသပ္စစ္ေဆးလိုက္တဲ့အခါ Galaxy Fold မွာ အားနည္းခ်က္ေတြ ရွိေနတဲ့အျပင္ Screen ကလည္း အလြယ္တကူ ပ်က္စီးႏိုင္တဲ့ အေျခအေနေတြ ရွိေနခဲ့ပါတယ္။ ဒါ့ေၾကာင့္ Galaxy Fold ေတြဟာ ဒီေန႔အခ်ိန္ထိ ေစ်းကြက္ထဲကို ဝင္ေရာက္လာႏိုင္ျခင္း မရွိေသးတာ ျဖစ္ပါတယ္။

DJ Koh ကေတာ့ Galaxy Fold ေတြရဲ႕ အားနည္းခ်က္နဲ႔ ျပႆနာအားလုံးကို ျပန္လည္ေျဖရွင္း ျပင္ဆင္ေနတဲ့အျပင္ အလုံးေပါင္း ၂၀၀၀ ေက်ာ္ကိုလည္း စမ္းသပ္ထားၿပီး ျဖစ္တယ္လို႔ ေျပာၾကားထားပါတယ္။ ဒါေပမယ့္ DJ Koh က “ က်ဴပ္…Foldable ဖုန္းေတြနဲ႔ ပတ္သက္ၿပီး တစ္ခုခု လြဲေခ်ာ္ခဲ့တယ္ဆိုတာ ဝန္ခံပါတယ္၊ ဒါေပမယ့္ အဲ့ဒီလြဲေခ်ာ္မႈကို ျပန္ၿပီးအဖက္ဆယ္ေနပါတယ္၊ က်ဴပ္တို႔ကို အခ်ိန္နည္းနည္းေလာက္ ထပ္ေပးပါဦး “ ဆိုၿပီး ထပ္မံ ေျပာၾကားထားပါေသးတယ္။ ဒါ့ေၾကာင့္ Galaxy Fold ေတြဟာ လက္ရွိအခ်ိန္ထိ ေစ်းကြက္ထဲ တင္ပို႔ဖို႔အတြက္ အဆင္သင့္ မျဖစ္ေသးဘူးလို႔ ယူဆရပါတယ္။

Ref : TheVerge

[Unicode]

Galaxy Fold တွေ အဆင်သင့် မဖြစ်သေးတဲ့အချိန်မှာ စျေးကွက်ထဲပို့ဖို့ တွန်းအားပေးခဲ့တဲ့ Samsung CEO

Samsung ရဲ့ co-CEO ဖြစ်သူ DJ Koh ဟာ Galaxy Fold တွေ အဆင်သင့် မဖြစ်သေးတဲ့အချိန်မှာ မိတ်ဆက်ပွဲ ကျင်းပပြုလုပ်ပြီး စျေးကွက်ထဲ တင်ပို့ရောင်းချဖို့ သူကိုယ်တိုင် တွန်းအားပေးခဲ့တာဖြစ်ကြောင်း ဖွင့်ဟဝန်ခံလာပါတယ်။ The Independent သတင်းဌာနရဲ့ အဆိုများအရ DJ Koh က “ ဒီကိစ္စဟာ ရှက်စရာကောင်းခဲ့ပါတယ် “ ဆိုပြီး သတင်းထောက်တွေကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။

Samsung Galaxy Fold ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက မိတ်ဆက်ခဲ့တာဖြစ်ပြီး ဧပြီလ နှောင်းပိုင်းမှာ စျေးကွက်ထဲ တင်ပို့ရောင်းချဖို့ စီစဥ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် Reviewers တွေက စမ်းသပ်စစ်ဆေးလိုက်တဲ့အခါ Galaxy Fold မှာ အားနည်းချက်တွေ ရှိနေတဲ့အပြင် Screen ကလည်း အလွယ်တကူ ပျက်စီးနိုင်တဲ့ အခြေအနေတွေ ရှိနေခဲ့ပါတယ်။ ဒါ့ကြောင့် Galaxy Fold တွေဟာ ဒီနေ့အချိန်ထိ စျေးကွက်ထဲကို ဝင်ရောက်လာနိုင်ခြင်း မရှိသေးတာ ဖြစ်ပါတယ်။

DJ Koh ကတော့ Galaxy Fold တွေရဲ့ အားနည်းချက်နဲ့ ပြဿနာအားလုံးကို ပြန်လည်ဖြေရှင်း ပြင်ဆင်နေတဲ့အပြင် အလုံးပေါင်း ၂၀၀၀ ကျော်ကိုလည်း စမ်းသပ်ထားပြီး ဖြစ်တယ်လို့ ပြောကြားထားပါတယ်။ ဒါပေမယ့် DJ Koh က “ ကျူပ်…Foldable ဖုန်းတွေနဲ့ ပတ်သက်ပြီး တစ်ခုခု လွဲချော်ခဲ့တယ်ဆိုတာ ဝန်ခံပါတယ်၊ ဒါပေမယ့် အဲ့ဒီလွဲချော်မှုကို ပြန်ပြီးအဖက်ဆယ်နေပါတယ်၊ ကျူပ်တို့ကို အချိန်နည်းနည်းလောက် ထပ်ပေးပါဦး “ ဆိုပြီး ထပ်မံ ပြောကြားထားပါသေးတယ်။ ဒါ့ကြောင့် Galaxy Fold တွေဟာ လက်ရှိအချိန်ထိ စျေးကွက်ထဲ တင်ပို့ဖို့အတွက် အဆင်သင့် မဖြစ်သေးဘူးလို့ ယူဆရပါတယ်။

Ref : TheVerge