[Unicode]

Samsung က Galaxy M11 နဲ့ M31 တွေကို စတင် ဖန်တီးနေပြီလို့ ဒီလ အစောပိုင်းက သတင်းထွက်လာပါတယ်။ အခုတော့ Sammobile က ကုမ္ပဏီဟာ Galaxy M21 ကိုပါ စတင် ဖန်တီးနေပြီလို့ ပြောပါတယ်။ M21 အတွက် 64GB နဲ့ 128GB တွေ ထုတ်လုပ်ထားမယ်လို့ သတင်းထွက်လာပါတယ်။ နောက်ဆုံးထုတ် Android 10 OS ပါလာမှာကမိုက်ပါတယ်။

Exynos 9609 or Exynos 9611 Chipset ကို သုံးထားနိုင်ပြီး အနောက်ကင်မရာ ၃ လုံးပါလာမှာပါ။ Galaxy M11, M21 နဲ့ M31 အတွက် အနက်နဲ့ အပြာရောင်တွေ ထုတ်လုပ်ထားမယ်လို့ သိရပါတယ်။ ဒါပေမယ့် မော်ဒယ် ၁ ခုချင်းစီအတွက် မတူတဲ့ အရောင် ၁ မျိုးစီထုတ်လုပ်ထားနိုင်ပါတယ်။ M11 အတွက် ခရမ်းနဲ့ M21 , M31 အတွက် အစိမ်းနဲ့ အနီရောင် အသီးသီး ပါလာနိုင်ပါတယ်။

Samsung က Galaxy M51 ကိုလည်း ဖန်တီးနေပြီလို့ မကြာခင်က သတင်းထွက်လာပါတယ်။ M51 ရဲ့ သတင်းအချက်အလက်နဲ့ အရောင်တွေကို မသိရသေးပါဘူး။ ဒီနှစ်ထဲ ကြေညာခဲ့တဲ့ Galaxy M40 ရဲ့ မျိုးဆက်သစ် M41 သတင်းတော့ မထွက်လာသေးပါဘူး။ M40 မှာ Punch-hole မျက်နှာပြင် ပါလာပြီး ၂၀၂၀ ခုနှစ်မှာ ထုတ်မယ့် M Series တချို့မှာလည်း Punch-hole မျက်နှာပြင် ပါလာနိုင်ပါတယ်။

Galaxy M10 နဲ့ M20 ဖုန်းတွေကို အိန္ဒိယမှာ ဇန်နဝါရီလက ကြေညာခဲ့ပါတယ်။ အဲဒီအတွက် နောက်မျိုးဆက် M Series တွေကို ၂၀၂၀ ခုနှစ် ပထမ ၃ လအတွင်းမှာ ချပြနိုင်ပါတယ်။ အဲဒီ ဖုန်းတွေရဲ့ သတင်းတွေကို ၂၀၂၀ ခုနှစ် အစပိုင်းမှာ ပိုသိလာရမှာပါ။

Ref : gizmochina

[Zawgyi]

Samsung Galaxy M11, M21 နဲ႔ M31 ရဲ႕ အခ်က္အလက္တခ်ိဴ႕ ထြက္ေပၚလာ

Samsung က Galaxy M11 နဲ႔ M31 ေတြကို စတင္ ဖန္တီးေနၿပီလို႔ ဒီလ အေစာပိုင္းက သတင္းထြက္လာပါတယ္။ အခုေတာ့ Sammobile က ကုမၸဏီဟာ Galaxy M21 ကိုပါ စတင္ ဖန္တီးေနၿပီလို႔ ေျပာပါတယ္။ M21 အတြက္ 64GB နဲ႔ 128GB ေတြ ထုတ္လုပ္ထားမယ္လို႔ သတင္းထြက္လာပါတယ္။ ေနာက္ဆံုးထုတ္ Android 10 OS ပါလာမွာကမိုက္ပါတယ္။

Exynos 9609 or Exynos 9611 Chipset ကို သံုးထားႏိုင္ၿပီး အေနာက္ကင္မရာ ၃ လံုးပါလာမွာပါ။ Galaxy M11, M21 နဲ႔ M31 အတြက္ အနက္နဲ႔ အျပာေရာင္ေတြ ထုတ္လုပ္ထားမယ္လို႔ သိရပါတယ္။ ဒါေပမယ့္ ေမာ္ဒယ္ ၁ ခုခ်င္းစီအတြက္ မတူတဲ့ အေရာင္ ၁ မ်ိဳးစီထုတ္လုပ္ထားႏုိင္ပါတယ္။ M11 အတြက္ ခရမ္းနဲ႔ M21 , M31 အတြက္ အစိမ္းနဲ႔ အနီေရာင္ အသီးသီး ပါလာႏုိင္ပါတယ္။

Samsung က Galaxy M51 ကိုလည္း ဖန္တီးေနၿပီလို႔ မၾကာခင္က သတင္းထြက္လာပါတယ္။ M51 ရဲ႕ သတင္းအခ်က္အလက္နဲ႔ အေရာင္ေတြကို မသိရေသးပါဘူး။ ဒီႏွစ္ထဲ ေၾကညာခဲ့တဲ့ Galaxy M40 ရဲ႕ မ်ိဳးဆက္သစ္ M41 သတင္းေတာ့ မထြက္လာေသးပါဘူး။ M40 မွာ Punch-hole မ်က္ႏွာျပင္ ပါလာၿပီး ၂၀၂၀ ခုႏွစ္မွာ ထုတ္မယ့္ M Series တခ်ိဳ႕မွာလည္း Punch-hole မ်က္ႏွာျပင္ ပါလာႏုိင္ပါတယ္။

Galaxy M10 နဲ႔ M20 ဖုန္းေတြကို အိႏၵိယမွာ ဇန္န၀ါရီလက ေၾကညာခဲ့ပါတယ္။ အဲဒီအတြက္ ေနာက္မ်ိဳးဆက္ M Series ေတြကို ၂၀၂၀ ခုႏွစ္ ပထမ ၃ လအတြင္းမွာ ခ်ျပႏုိင္ပါတယ္။ အဲဒီ ဖုန္းေတြရဲ႕ သတင္းေတြကို ၂၀၂၀ ခုႏွစ္ အစပိုင္းမွာ ပိုသိလာရမွာပါ။

Ref : gizmochina