Zawgyi

ေတာင္ကုိရီးယား စမတ္ဖုန္းထုတ္လုပ္သူ Samsung ဟာ လာမယ့္ဇြန္လ ၁၁ ရက္မွာ Galaxy M40 ဖုန္းသစ္ကို မိတ္ဆက္လာေတာ့မွာပါ။ ဖုန္းအသစ္အတြက္ စိတ္လႈပ္ရွားခ်င္လာေအာင္လည္း Teaser တစ္ခ်ဳိ႕ ထုတ္ျပန္ခဲ့သလို ဟန္းဆက္ရဲ႕ Specs အခ်ဳိ႕ကို ေဖာ္ျပခဲ့ၿပီးပါၿပီ။

ဒါေၾကာင့္ M စီးရီးဝင္ ဖုန္းအသစ္ဟာ အိႏၵိယရူပီး ႏွစ္ေသာင္း (ျမန္မာေငြေလးသိန္းေလးေသာင္းနီးပါး) က်သင့္မယ္ဆုိတာကိုလည္း သိခဲ့ရၿပီးသားျဖစ္သလို ေနာက္ဘက္အဓိကကင္မရာဟာ 32MP နဲ႔ ေရွ႕ဘက္ဆယ္ဖီ ကင္မရာက 16MP ဆုိတာေတြကိုလည္း သိထားရပါၿပီ။

ဒီေန႔မွာ Samsung M စီးရီး စမတ္ဖုန္းသစ္ရဲ႕ Specs ေတြ ထပ္မံထြက္ေပၚလာၿပီး အံ့ၾသစရာတစ္ခုက အရင္သတင္းထြက္ထားသလို 5,000 mAh ဘကၳရီကို မျမင္ရဘဲ 3,500 mAh သာ ပါဝင္လာတာပဲျဖစ္ပါတယ္။ ေတာ္ေတာ္မ်ားမ်ားက M40 ဟာ M30 လိုပဲ 5,000 mAh ဘကၳရီႀကီး ပါဝင္လာမယ္လို႔ ခန္႔မွန္းထားခဲ့ၾကတာပါ။

Galaxy M40 မွာ 6.3” လက္မအရြယ္ 1080 x 2340p Infinity-O Display ပါဝင္လာၿပီး ဘယ္ဘက္ အေပၚေထာင့္မွာ ဆယ္ဖီကင္မရာအတြက္ Punch-hole ပါဝင္ပါတယ္။ အတြင္းမွာ Snapdragon 675 ခ်စ္ပ္ဆက္ ကို 6GB RAM / 128GB Storage မန္မုိရီတုိ႔နဲ႔ တြဲဖက္ထားတယ္။

ေနာက္ဘက္က 32MP အဓိက ကင္မရာကို 8MP Ultra-wide ကင္မရာနဲ႔ 5MP Depth Sensor ေတြနဲ႔ တြဲဖက္ထားတာပါ။ M40 ဖုန္းဟာ စထြက္ထဲက Android 9 Pie အသုံးျပဳလာတဲ့ ပထမဆုံး M စီးရီး ဖုန္းလည္း ျဖစ္ပါတယ္။

Ref – GSM Arena

Unicode

တောင်ကိုရီးယား စမတ်ဖုန်းထုတ်လုပ်သူ Samsung ဟာ လာမယ့်ဇွန်လ ၁၁ ရက်မှာ Galaxy M40 ဖုန်းသစ်ကို မိတ်ဆက်လာတော့မှာပါ။ ဖုန်းအသစ်အတွက် စိတ်လှုပ်ရှားချင်လာအောင်လည်း Teaser တစ်ချို့ ထုတ်ပြန်ခဲ့သလို ဟန်းဆက်ရဲ့ Specs အချို့ကို ဖော်ပြခဲ့ပြီးပါပြီ။

ဒါကြောင့် M စီးရီးဝင် ဖုန်းအသစ်ဟာ အိန္ဒိယရူပီး နှစ်သောင်း (မြန်မာငွေလေးသိန်းလေးသောင်းနီးပါး) ကျသင့်မယ်ဆိုတာကိုလည်း သိခဲ့ရပြီးသားဖြစ်သလို နောက်ဘက်အဓိကကင်မရာဟာ 32MP နဲ့ ရှေ့ဘက်ဆယ်ဖီ ကင်မရာက 16MP ဆိုတာတွေကိုလည်း သိထားရပါပြီ။

ဒီနေ့မှာ Samsung M စီးရီး စမတ်ဖုန်းသစ်ရဲ့ Specs တွေ ထပ်မံထွက်ပေါ်လာပြီး အံ့သြစရာတစ်ခုက အရင်သတင်းထွက်ထားသလို 5,000 mAh ဘက္ထရီကို မမြင်ရဘဲ 3,500 mAh သာ ပါဝင်လာတာပဲဖြစ်ပါတယ်။ တော်တော်များများက M40 ဟာ M30 လိုပဲ 5,000 mAh ဘက္ထရီကြီး ပါဝင်လာမယ်လို့ ခန့်မှန်းထားခဲ့ကြတာပါ။

Galaxy M40 မှာ 6.3” လက်မအရွယ် 1080 x 2340p Infinity-O Display ပါဝင်လာပြီး ဘယ်ဘက် အပေါ်ထောင့်မှာ ဆယ်ဖီကင်မရာအတွက် Punch-hole ပါဝင်ပါတယ်။ အတွင်းမှာ Snapdragon 675 ချစ်ပ်ဆက် ကို 6GB RAM / 128GB Storage မန်မိုရီတို့နဲ့ တွဲဖက်ထားတယ်။

နောက်ဘက်က 32MP အဓိက ကင်မရာကို 8MP Ultra-wide ကင်မရာနဲ့ 5MP Depth Sensor တွေနဲ့ တွဲဖက်ထားတာပါ။ M40 ဖုန်းဟာ စထွက်ထဲက Android 9 Pie အသုံးပြုလာတဲ့ ပထမဆုံး M စီးရီး ဖုန်းလည်း ဖြစ်ပါတယ်။

Ref – GSM Arena