[Zawgyi]

ဒီေန႔မွာေတာ့ Galaxy M စီးရီးေတြရဲ႕ မ်ိဴးဆက္သစ္ စမတ္ဖုန္းျဖစ္တဲ့ Galaxy M40 ဟာ Geekbench ဝက္ဆိုက္ေပၚကို ေရာက္ရွိလို႔ လာခဲ့ပါတယ္။ Geekbench ဝက္ဆိုက္ေပၚကို ေရာက္ရွိလာၿပီ ျဖစ္တဲ့အတြက္ Galaxy M40 ကို သိပ္မၾကာခင္မွာ တရားဝင္ျမင္ေတြ႕ႏိုင္ၿပီး အိႏၵိယႏိုင္ငံမွာ စတင္မိတ္ဆက္သြားႏိုင္တယ္လို႔ ယူဆရပါတယ္။

Galaxy M40 လို႔ ယူဆရတဲ့ ေမာ္ဒယ္နံပါတ္ Samsung SM-M405F အမည္ရွိ စမတ္ဖုန္းဟာ Single-Core Score မွာ ၂၃၆၁မွတ္နဲ႔ Multi-core Score မွာ ၆၄၃၈မွတ္ ရရွိထားတာ ေတြ႕ရပါတယ္။ Operating System အပိုင္းအတြက္ One UI နဲ႔ ျပန္လည္ဆန္းသစ္ထားမယ့္ Android 9 (Pie) OS ကို ထည့္သြင္းေမာင္းႏွင္ထားႏိုင္ပါတယ္။ Motherboard ေနရာမွာ ေဖာ္ျပထားတဲ့ sm6150 ဆိုတာ Snapdragon 675 SoC ကို ရည္ၫႊန္းေျပာဆိုတာ ျဖစ္ၿပီး၊ RAM အေနနဲ႔ 6GB အထိ ပါဝင္တာ ေတြ႕ရပါတယ္။ Memory Storage ကိုေတာ့ 128GB ထည့္သြင္းထားႏိုင္ပါတယ္။

Snapdragon 675 SoC (11nm) ဟာ Galaxy A50 မွာ အသုံးျပဳထားတဲ့ Exynos 9610 SoC (10nm) ေလာက္ မေကာင္းဘူးလို႔ SamMobile က ေျပာၾကားထားပါတယ္။ တကယ္ေတာ့ Exynos 9610 က CPU နဲ႔ Power Consumption အပိုင္းမွာသာ အားသာတာျဖစ္ႏိုင္ၿပီး GPU အပိုင္းမွာေတာ့ Snapdragon 675 မွာ အသုံးျပဳထားတဲ့ Adreno 612 က ပိုေကာင္းတယ္လို႔ ယူဆရပါတယ္။ Galaxy M40 မွာ M20 နဲ႔ M30 တို႔လိုမ်ိဴး 5000mAh ဘက္ထရီႀကီးေတြကို ထည့္သြင္းထားႏိုင္ၿပီး Galaxy S10 5G နဲ႔ Galaxy A70 တို႔မွာ အသုံးျပဳထားတဲ့ 25W အျမန္အားသြင္းစနစ္ ပါဝင္လာႏိုင္ေၾကာင္း ခန္႔မွန္းေျပာဆိုမႈမ်ားလည္း ရွိေနပါတယ္။

Ref : SamMobile

[Unicode]

Snapdragon 675 နဲ့ ပွဲထွက်လာမယ့် Galaxy M40 ကို မကြာခင် မြင်တွေ့နိုင်ဖွယ်ရှိ

ဒီနေ့မှာတော့ Galaxy M စီးရီးတွေရဲ့ မျိူးဆက်သစ် စမတ်ဖုန်းဖြစ်တဲ့ Galaxy M40 ဟာ Geekbench ဝက်ဆိုက်ပေါ်ကို ရောက်ရှိလို့ လာခဲ့ပါတယ်။ Geekbench ဝက်ဆိုက်ပေါ်ကို ရောက်ရှိလာပြီ ဖြစ်တဲ့အတွက် Galaxy M40 ကို သိပ်မကြာခင်မှာ တရားဝင်မြင်တွေ့နိုင်ပြီး အိန္ဒိယနိုင်ငံမှာ စတင်မိတ်ဆက်သွားနိုင်တယ်လို့ ယူဆရပါတယ်။

Galaxy M40 လို့ ယူဆရတဲ့ မော်ဒယ်နံပါတ် Samsung SM-M405F အမည်ရှိ စမတ်ဖုန်းဟာ Single-Core Score မှာ ၂၃၆၁မှတ်နဲ့ Multi-core Score မှာ ၆၄၃၈မှတ် ရရှိထားတာ တွေ့ရပါတယ်။ Operating System အပိုင်းအတွက် One UI နဲ့ ပြန်လည်ဆန်းသစ်ထားမယ့် Android 9 (Pie) OS ကို ထည့်သွင်းမောင်းနှင်ထားနိုင်ပါတယ်။ Motherboard နေရာမှာ ဖော်ပြထားတဲ့ sm6150 ဆိုတာ Snapdragon 675 SoC ကို ရည်ညွှန်းပြောဆိုတာ ဖြစ်ပြီး၊ RAM အနေနဲ့ 6GB အထိ ပါဝင်တာ တွေ့ရပါတယ်။ Memory Storage ကိုတော့ 128GB ထည့်သွင်းထားနိုင်ပါတယ်။

Snapdragon 675 SoC (11nm) ဟာ Galaxy A50 မှာ အသုံးပြုထားတဲ့ Exynos 9610 SoC (10nm) လောက် မကောင်းဘူးလို့ SamMobile က ပြောကြားထားပါတယ်။ တကယ်တော့ Exynos 9610 က CPU နဲ့ Power Consumption အပိုင်းမှာသာ အားသာတာဖြစ်နိုင်ပြီး GPU အပိုင်းမှာတော့ Snapdragon 675 မှာ အသုံးပြုထားတဲ့ Adreno 612 က ပိုကောင်းတယ်လို့ ယူဆရပါတယ်။ Galaxy M40 မှာ M20 နဲ့ M30 တို့လိုမျိူး 5000mAh ဘက်ထရီကြီးတွေကို ထည့်သွင်းထားနိုင်ပြီး Galaxy S10 5G နဲ့ Galaxy A70 တို့မှာ အသုံးပြုထားတဲ့ 25W အမြန်အားသွင်းစနစ် ပါဝင်လာနိုင်ကြောင်း ခန့်မှန်းပြောဆိုမှုများလည်း ရှိနေပါတယ်။

Ref : SamMobile