[Zawgyi]
Samsung အနေနဲ့ ၂၀၁၉ခုနှစ် ဇန်နဝါရီလကစလို့ ယနေ့အချိန်ထိ Galaxy M စီးရီး စမတ်ဖုန်း မော်ဒယ် ၃မျိုးသာ မိတ်ဆက်ရသေးတာ ဖြစ်ပါတယ်။ ကမ္ဘာ့အနှံ့အပြားမှာ ဖြန့်ချိရောင်းချနေတဲ့ Galaxy A စီးရီး စမတ်ဖုန်းတွေကို အာရုံစိုက်နေတဲ့ Samsung ဟာ ယခုအခါမှာတော့ အိန္ဒိယဈေးကွက်ဘက်ကို ပြန်လည် မြှားဦးလှည့်လာပါပြီ။ Samsung အနေနဲ့ Galaxy M စီးရီးတွေရဲ့ စတုတ္ထမြောက် မျိုးဆက်ဖြစ်တဲ့ Galaxy M40 ကို လာမယ့် ဇွန်လဆန်းပိုင်းလောက်မှာ အိန္ဒိယနိုင်ငံမှာ မိတ်ဆက်သွားမယ်လို့ သိရပါတယ်။
အိန္ဒိယနိုင်ငံ အခြေစိုက် သတင်းမီဒီယာတစ်ခုဖြစ်တဲ့ Outlook India ကတော့ Galaxy M40 ဟာ အိန္ဒိယငွေ ၁၇,၉၉၀ ရူပီး ( မြန်မာငွေ ၃၉၀,၀၀၀ ကျပ် ဝန်းကျင်) တန်ကြေးရှိတဲ့ Galaxy M30 ထက် ဈေးပိုကြီးလာမှာ ဖြစ်ပြီး၊ အိန္ဒိယငွေ ၂၅,၀၀၀ ရူပီး ( မြန်မာငွေ ၅သိန်းခွဲ ဝန်းကျင်) အထိ ကျသင့်နိုင်တယ်လို့ ဖော်ပြထားပါတယ်။ ဒါ့ကြောင့် Galaxy M40 ရဲ့ ဈေးနှုန်းဟာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လက်ရှိရောင်းချနေတဲ့ Galaxy A50 နဲ့ A70 တို့ကြားမှာ ရှိနိုင်တယ်လို့ ယူဆရပါတယ်။
Ref: SamMobile
[Unicode]
Infinity-O Display နဲ့ Galaxy M40 ရဲ့ ခန့်မှန်းစျေးနှုန်း ထွက်ပေါ်လာ
Samsung အနေနဲ့ ၂၀၁၉ခုနှစ် ဇန်နဝါရီလကစလို့ ယနေ့အချိန်ထိ Galaxy M စီးရီး စမတ်ဖုန်း မော်ဒယ် ၃မျိူးသာ မိတ်ဆက်ရသေးတာ ဖြစ်ပါတယ်။ ကမ္ဘာ့အနှံ့အပြားမှာ ဖြန့်ချိရောင်းချနေတဲ့ Galaxy A စီးရီး စမတ်ဖုန်းတွေကို အာရုံစိုက်နေတဲ့ Samsung ဟာ ယခုအခါမှာတော့ အိန္ဒိယစျေးကွက်ဘက်ကို ပြန်လည် မြှားဦးလှည့်လာပါပြီ။ Samsung အနေနဲ့ Galaxy M စီးရီးတွေရဲ့ စတုတ္ထမြောက် မျိူးဆက်ဖြစ်တဲ့ Galaxy M40 ကို လာမယ့် ဇွန်လဆန်းပိုင်းလောက်မှာ အိန္ဒိယနိုင်ငံမှာ မိတ်ဆက်သွားမယ်လို့ သိရပါတယ်။
Samsung Galaxy A8s ( Infinity-O Display )
ကောလဟလသတင်းတွေအရဆိုရင် Galaxy M40 ဟာ အရင်မျိူးဆက် Galaxy M စီးရီးတွေလိုမျိူး Waterdrop Notch Display နဲ့ မဟုတ်ဘဲ Galaxy S10 လိုမျိူး Infinity-O Display နဲ့ ပွဲထွက်လာနိုင်ပါတယ်။ Processor အပိုင်းအတွက် Snapdragon 675 SoC ကို အသုံးပြုထားနိုင်ပြီး RAM အနေနဲ့ 6GB ပါဝင်လာနိုင်ပါတယ်။ Memory Storage ကိုတော့ 128GB ထည့်သွင်းထားတယ်လို့ သိရပါတယ်။ Galaxy M40 မှာ Galaxy M စီးရီးတွေရဲ့ ထုံးစံအတိုင်း 5000mAh ဘက်ထရီကြီးကို ထည့်သွင်းထားပြီး USB Type-C ကို အသုံးပြုထားနိုင်ပါတယ်။ နောက်ကျောဘက်မှာလည်း Triple Camera Setup ကို တပ်ဆင်ထားနိုင်ပြီး Ultra-wide Lens ကို အသုံးပြုလာနိုင်ပါတယ်။
အိန္ဒိယနိုင်ငံ အခြေစိုက် သတင်းမီဒီယာတစ်ခုဖြစ်တဲ့ Outlook India ကတော့ Galaxy M40 ဟာ အိန္ဒိယငွေ ၁၇,၉၉၀ ရူပီး ( မြန်မာငွေ ၃၉၀,၀၀၀ ကျပ် ဝန်းကျင်) တန်ကြေးရှိတဲ့ Galaxy M30 ထက် စျေးပိုကြီးလာမှာ ဖြစ်ပြီး၊ အိန္ဒိယငွေ ၂၅,၀၀၀ ရူပီး ( မြန်မာငွေ ၅သိန်းခွဲ ဝန်းကျင်) အထိ ကျသင့်နိုင်တယ်လို့ ဖော်ပြထားပါတယ်။ ဒါ့ကြောင့် Galaxy M40 ရဲ့ စျေးနှုန်းဟာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လက်ရှိရောင်းချနေတဲ့ Galaxy A50 နဲ့ A70 တို့ကြားမှာ ရှိနိုင်တယ်လို့ ယူဆရပါတယ်။
Ref: SamMobile