[Zawgyi]

Samsung ရဲ႕ Galaxy Note 10+ 5G ကေတာ့ ၿပိဳင္ဘက္ လုံးဝမရွိတဲ့ ကင္မရာအေကာင္းဆုံး စမတ္ဖုန္းအျဖစ္ DxOMark က ေပးအပ္တဲ့ သရဖူႀကီးကို ထိုက္ထိုက္တန္တန္ ရရွိသြားၿပီ။ Rear Camera နဲ႔ Selfie Camera ၂မ်ိဴးစလုံးမွာ ကင္မရာအေကာင္းဆုံး စမတ္ဖုန္းအျဖစ္ သတ္မွတ္ခံလိုက္ရတာျဖစ္ၿပီး ၿပိဳင္ဘက္ကုမၸဏီေတြကို ငုတ္တုတ္ေမ့သြားေစခဲ့ပါတယ္။ အထူးသျဖင့္ Leica ကင္မရာနည္းပညာေတြနဲ႔ နာမည္ႀကီးေနတဲ့ ဖုန္းေတြရဲ႕ စံခ်ိန္ကို ႐ိုက္ခ်ိဴးႏိုင္လိုက္တာက Samsung အတြက္ေတာ့ ႀကီးမားတဲ့ ေအာင္ျမင္မႈႀကီးတစ္ခုလို႔ ေျပာရမွာပါ။

Galaxy Note 10+ 5G ဆိုၿပီး ရည္ၫႊန္းေျပာဆိုထားေပမယ့္ Galaxy Note 10+ ကိုလည္း အလားတူ သတ္မွတ္လို႔ ရပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ Galaxy Note 10+ နဲ႔ Note 10+ 5G တို႔မွာ အသုံးျပဳထားတဲ့ Camera Sensor ေတြ အားလုံးက တူညီလို႔ပဲ ျဖစ္ပါတယ္။ Selfie Camera အပိုင္းမွာ Galaxy Note 10 အပါအဝင္ Galaxy Note 10 Series အားလုံး တူညီတဲ့ Camera Sensor ေတြကို တပ္ဆင္အသုံးျပဳထားၾကေပမယ့္ Rear Camera အပိုင္းမွာေတာ့ Galaxy Note 10+ နဲ႔ Note 10+ 5G တို႔က DepthVision Camera (3D ToF) တစ္လုံး ထပ္ေဆာင္းပါဝင္မွာ ျဖစ္ပါတယ္။

Samsung Galaxy Note 10 Series Camera Specifications
Main Camera : 12MP (1.4µm pixels) , f/1.5-2.4, Dual-pixel AF, OIS
Ultra-wide Camera : 16MP (1.0µm pixels) , f/2.2
Telephoto Lens : 12MP (1.0µm pixels) , f/2.1, PDAF, OIS
DepthVision Camera (Only Galaxy Note 10+ | Note 10+ 5G)
Selfie Camera : 10MP (1.22µm pixels) , f/2.2, Dual-pixel AF

 

လက္ရွိ DxOMark အမွတ္ေပးဇယားမွာ Galaxy Note 10+ 5G က ရမွတ္ ၁၁၃မွတ္နဲ႔အတူ နံပါတ္ ၁ ေနရာကို တစ္ဦးတည္း သိမ္းပိုက္ထားပါတယ္။ နံပါတ္ ၂ ေနရာမွာ Galaxy S10 5G နဲ႔ Huawei P30 Pro တို႔က ရမွတ္ ၁၁၂မွတ္နဲ႔အတူ ပူးတြဲရပ္တည္ေနၿပီး၊ နံပါတ္ ၄ ေနရာမွာေတာ့ Honor 20 Pro နဲ႔ OnePlus 7 Pro တို႔က ရမွတ္ ၁၁၁မွတ္နဲ႔အတူ ပူးတြဲရပ္တည္ေနၾကပါတယ္။ Selfie Camera အပိုင္းမွာေတာ့ Galaxy Note 10+ 5G က အျမင့္ဆုံး ၉၉မွတ္၊ Asus ZenFone 6 က ၉၈မွတ္၊ Galaxy S10 5G က ၉၇မွတ္၊ Galaxy S10+ က ၉၆မွတ္နဲ႔ Google Pixel 3 က ၉၂မွတ္ ပိုင္ဆိုင္ထားၾကၿပီး၊ DxOMark Selfie Camera အမွတ္ေပးဇယားထိပ္မွာ အစဥ္လိုက္ ရပ္တည္ေနၾကပါတယ္။

DxOMark ကေန Galaxy Note 10+ 5G ရဲ႕ ကင္မရာကို Huawei P30 Pro , Apple iPhone XS Max တို႔နဲ႔ ႏႈိင္းယွဥ္စမ္းသပ္႐ိုက္ကူးထားတဲ့ ဓာတ္ပုံေတြကို ေအာက္မွာ ၾကည့္ရႈ႕ႏိုင္ပါတယ္။

Ref : DxOMark

[Uniocde]

ပြိုင်ဘက်မရှိ ကင်မရာအကောင်းဆုံး စမတ်ဖုန်းဖြစ်လာတဲ့ Galaxy Note 10+ 5G

Samsung ရဲ့ Galaxy Note 10+ 5G ကတော့ ပြိုင်ဘက် လုံးဝမရှိတဲ့ ကင်မရာအကောင်းဆုံး စမတ်ဖုန်းအဖြစ် DxOMark က ပေးအပ်တဲ့ သရဖူကြီးကို ထိုက်ထိုက်တန်တန် ရရှိသွားပြီ။ Rear Camera နဲ့ Selfie Camera ၂မျိူးစလုံးမှာ ကင်မရာအကောင်းဆုံး စမတ်ဖုန်းအဖြစ် သတ်မှတ်ခံလိုက်ရတာဖြစ်ပြီး ပြိုင်ဘက်ကုမ္ပဏီတွေကို ငုတ်တုတ်မေ့သွားစေခဲ့ပါတယ်။ အထူးသဖြင့် Leica ကင်မရာနည်းပညာတွေနဲ့ နာမည်ကြီးနေတဲ့ ဖုန်းတွေရဲ့ စံချိန်ကို ရိုက်ချိူးနိုင်လိုက်တာက Samsung အတွက်တော့ ကြီးမားတဲ့ အောင်မြင်မှုကြီးတစ်ခုလို့ ပြောရမှာပါ။

Galaxy Note 10+ 5G ဆိုပြီး ရည်ညွှန်းပြောဆိုထားပေမယ့် Galaxy Note 10+ ကိုလည်း အလားတူ သတ်မှတ်လို့ ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Galaxy Note 10+ နဲ့ Note 10+ 5G တို့မှာ အသုံးပြုထားတဲ့ Camera Sensor တွေ အားလုံးက တူညီလို့ပဲ ဖြစ်ပါတယ်။ Selfie Camera အပိုင်းမှာ Galaxy Note 10 အပါအဝင် Galaxy Note 10 Series အားလုံး တူညီတဲ့ Camera Sensor တွေကို တပ်ဆင်အသုံးပြုထားကြပေမယ့် Rear Camera အပိုင်းမှာတော့ Galaxy Note 10+ နဲ့ Note 10+ 5G တို့က DepthVision Camera (3D ToF) တစ်လုံး ထပ်ဆောင်းပါဝင်မှာ ဖြစ်ပါတယ်။

Samsung Galaxy Note 10 Series Camera Specifications
Main Camera : 12MP (1.4µm pixels) , f/1.5-2.4, Dual-pixel AF, OIS
Ultra-wide Camera : 16MP (1.0µm pixels) , f/2.2
Telephoto Lens : 12MP (1.0µm pixels) , f/2.1, PDAF, OIS
DepthVision Camera (Only Galaxy Note 10+ | Note 10+ 5G)
Selfie Camera : 10MP (1.22µm pixels) , f/2.2, Dual-pixel AF

လက်ရှိ DxOMark အမှတ်ပေးဇယားမှာ Galaxy Note 10+ 5G က ရမှတ် ၁၁၃မှတ်နဲ့အတူ နံပါတ် ၁ နေရာကို တစ်ဦးတည်း သိမ်းပိုက်ထားပါတယ်။ နံပါတ် ၂ နေရာမှာ Galaxy S10 5G နဲ့ Huawei P30 Pro တို့က ရမှတ် ၁၁၂မှတ်နဲ့အတူ ပူးတွဲရပ်တည်နေပြီး၊ နံပါတ် ၄ နေရာမှာတော့ Honor 20 Pro နဲ့ OnePlus 7 Pro တို့က ရမှတ် ၁၁၁မှတ်နဲ့အတူ ပူးတွဲရပ်တည်နေကြပါတယ်။ Selfie Camera အပိုင်းမှာတော့ Galaxy Note 10+ 5G က အမြင့်ဆုံး ၉၉မှတ်၊ Asus ZenFone 6 က ၉၈မှတ်၊ Galaxy S10 5G က ၉၇မှတ်၊ Galaxy S10+ က ၉၆မှတ်နဲ့ Google Pixel 3 က ၉၂မှတ် ပိုင်ဆိုင်ထားကြပြီး၊ DxOMark Selfie Camera အမှတ်ပေးဇယားထိပ်မှာ အစဥ်လိုက် ရပ်တည်နေကြပါတယ်။

DxOMark ကနေ Galaxy Note 10+ 5G ရဲ့ ကင်မရာကို Huawei P30 Pro , Apple iPhone XS Max တို့နဲ့႔ နှိုင်းယှဥ်စမ်းသပ်ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို အောက်မှာ ကြည့်ရှု့နိုင်ပါတယ်။

Ref : DxOMark