Galaxy Note20  Series နဲ့ Galaxy Z Flip 5G အတွက် ထုတ်လုပ်ထားမယ့် အရောင်တွေ ထွက်ပေါ်လာပါတယ်။ နာမည်ကျော် Leakster ၁ ယောက်ဖြစ်တဲ့ Ishan Agarwal က ဒီသတင်းအချက်အလက်တွေကို တွစ်တာကနေ မျှဝေလိုက်တာ ဖြစ်ပြီး Note20 5G အတွက် Grey, Green , Copper ၊ Note20+/ Ultra 5G အတွက် Copper, White , Black နဲ့ Galaxy Z Flip 5G အတွက် Black, Grey , Copper အရောင်တွေ ထုတ်လုပ်ထားမယ်လို့ သူက ရေးသားထားပါတယ်။

အဲဒီ အရောင်တွေ အပြင် တခြား အရောင်တွေလည်း ထွက်လာနိုင်ပါတယ်။ Galaxy Z Flip 5G ကို Note20 Series နဲ့အတူ ကြေညာနိုင်ပြီး Samsung က အရင်နှစ်ကထက် Matte အရောင်တွေ ပိုမို ထုတ်လုပ်နိုင်ပါတယ်။ အထက်ပါ အရောင်တွေရဲ့ ဓါတ်ပုံတွေ မကြာခင် ထွက်လာမယ်လို့ ထင်ရပါတယ်။

မကြာခင်က ထွက်ခဲ့တဲ့ သတင်းအရ Galaxy Note20 မှာ မျက်နှာပြင်ပြား ထည့်သွင်းထားမှာ ဖြစ်ပြီး လုပ်ဆောင်ချက်တွေကို မသိရသေးပါဘူး။ တန်ဖိုးပိုကြီးတဲ့ Note20 Version မှာ မျက်နှာပြင်ကွေး ထည့်သွင်းထားနိုင်ပါတယ်။ Samsung က ဒီနှစ်မှာ မျက်နှာပြင် အပြောင်းအလဲတွေ ပြုလုပ်ထားမှာဖြစ်ပြီး  အရင်နှစ်ထုတ် Note10 Series မှာ မျက်နှာပြင်ကွေးပဲ ထည့်သွင်းထားတာပါ။

Ref : gizchina