[Zawgyi]

Samsung အေနနဲ႔ Galaxy Note 10 Series အတြက္ UNPACKED Event ကို ၾသဂုတ္လ ၇ရက္ေန႔မွာ က်င္းပမွာျဖစ္ေၾကာင္း တရားဝင္ ေၾကညာထားၿပီး ျဖစ္ပါတယ္။ တလနီးပါးသာ လိုေတာ့တဲ့ Galaxy Note 10 Series မိတ္ဆက္ပြဲ အခမ္းအနားဟာ တေန႔ၿပီး တေန႔ အခ်ိန္ေတြနီးကပ္လာတာနဲ႔အမွ် ေပါက္ၾကားထြက္ေပၚမႈေတြကလည္း ပိုလို႔မ်ားလာခဲ့ပါတယ္။

ဒီေန႔မွာဆိုရင္လည္း Galaxy Note 10 Series ထဲက ႐ိုး႐ိုးေမာ္ဒယ္ျဖစ္လာမယ့္ Galaxy Note 10 ရဲ႕ ရွင္းလင္းျပတ္သားတဲ့ Renders ဓာတ္ပုံေတြ ေပၚထြက္လာခဲ့ပါတယ္။ ဒါေပမယ့္ စိတ္မေကာင္းစြာပဲ Galaxy Note 10+ (Pro) ေမာ္ဒယ္ရဲ႕ ဓာတ္ပုံေတြေတာ့ ပါဝင္လာျခင္း မရွိပါဘူး။ Galaxy Note 10 နဲ႔ ပတ္သက္ၿပီး ဒီတေခါက္ ေပါက္ၾကားထြက္ေပၚလာခဲ့တဲ့ အရင္းအျမစ္ေတြဟာ အၿမဲလိုလိုမွန္ကန္ေလ့ရွိတာေၾကာင့္ Galaxy Note 10 ဟာ Renders ဓာတ္ပုံေတြထဲက ဒီဇိုင္းအတိုင္း တကယ္ထြက္ရွိလာမယ္ဆိုတာကို ရာႏႈန္းျပည့္မဟုတ္ေတာင္ ရာႏႈန္းျပည့္နီးပါး ယုံၾကည့္လို႔ရမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

Galaxy Note 10 ရဲ႕ Renders ဓာတ္ပုံေတြဟာ Ishan Agarwal နဲ႔ Roland Quandt ဆိုတဲ့ တြစ္တာအေကာင့္ပိုင္ရွင္ေတြဆီကေန ထြက္ေပၚလာတာ ျဖစ္ပါတယ္။ အရင္တုန္းက ေပါက္ၾကားထြက္ေပၚမႈနဲ႔ ေကာလဟလသတင္းေတြေၾကာင့္ Galaxy Note 10 က Punch-hole ကို Display ရဲ႕ ထိပ္ အလယ္တည့္တည့္ မွာ ေဖာက္ထားၿပီး Triple Camera Setup ကို ေနာက္ေက်ာဘက္မွာ ေဒါင္လိုက္တပ္ဆင္ထားမယ္ဆိုတာကို အားလုံးသိၾကၿပီးသား ျဖစ္မွာပါ။ ဒါေပမယ့္ အဲ့ဒီအခ်ိန္တုန္းက သူရဲ႕ ဒီဇိုင္း၊ ကာလာ၊ အေနအထားေတြကို တိတိက်က် မသိခဲ့ရပါဘူး။ ဒီတေခါက္ထြက္ေပၚလာတဲ့ ပုံေတြမွာေတာ့ ဒီဇိုင္းကစလို႔ အေရာင္ေတြအထိ ရွင္းလင္းျပတ္သားစြာ ျမင္ေတြ႕ရပါၿပီ။ အထူးသျဖင့္ အေရာင္ေျပးဒီဇိုင္းပုံေဖာ္ထားတဲ့ Galaxy Note 10 က ပိုၿပီး လွပေက်ာ့ရွင္းတယ္လို႔ ေျပာရမွာပါ။

ကိုယ္ထည္ဒီဇိုင္းအပိုင္းမွာ Bixby Key (Button) ပါဝင္တာကို မေတြ႕ရတဲ့အျပင္ Bezels ေတြကလည္း Galaxy Note 9 ထက္ ေတာ္ေတာ္ေလးကို ေသးငယ္သြားပါတယ္။ ဒါေပမယ့္ Marketing ဓာတ္ပုံေတြဟာ တကယ္ရွိတာထက္ Bezels ေတြကို မသိမသာေလး ပိုေသးထားတတ္တာကိုေတာ့ သတိျပဳဖို႔ လိုအပ္ပါလိမ့္မယ္။ ဒါ့ေၾကာင့္ တကယ့္လက္ေတြ႕ဘဝထဲက Galaxy Note 10 ဟာ ဘယ္ေလာက္ထိ ေသသပ္လွပမလဲဆိုတာကို ထပ္မံေစာင့္ၾကည့္ရဦးမွာပါ။

[Unicode]

လှပကျော့ရှင်းတဲ့ Galaxy Note 10 ရဲ့ Renders ဓာတ်ပုံတွေ ပေါ်ထွက်လာ

Samsung အနေနဲ့ Galaxy Note 10 Series အတွက် UNPACKED Event ကို သြဂုတ်လ ၇ရက်နေ့မှာ ကျင်းပမှာဖြစ်ကြောင်း တရားဝင် ကြေညာထားပြီး ဖြစ်ပါတယ်။ တလနီးပါးသာ လိုတော့တဲ့ Galaxy Note 10 Series မိတ်ဆက်ပွဲ အခမ်းအနားဟာ တနေ့ပြီး တနေ့ အချိန်တွေနီးကပ်လာတာနဲ့အမျှ ပေါက်ကြားထွက်ပေါ်မှုတွေကလည်း ပိုလို့များလာခဲ့ပါတယ်။

ဒီနေ့မှာဆိုရင်လည်း Galaxy Note 10 Series ထဲက ရိုးရိုးမော်ဒယ်ဖြစ်လာမယ့် Galaxy Note 10 ရဲ့ ရှင်းလင်းပြတ်သားတဲ့ Renders ဓာတ်ပုံတွေ ပေါ်ထွက်လာခဲ့ပါတယ်။ ဒါပေမယ့် စိတ်မကောင်းစွာပဲ Galaxy Note 10+ (Pro) မော်ဒယ်ရဲ့ ဓာတ်ပုံတွေတော့ ပါဝင်လာခြင်း မရှိပါဘူး။ Galaxy Note 10 နဲ့ ပတ်သက်ပြီး ဒီတခေါက် ပေါက်ကြားထွက်ပေါ်လာခဲ့တဲ့ အရင်းအမြစ်တွေဟာ အမြဲလိုလိုမှန်ကန်လေ့ရှိတာကြောင့် Galaxy Note 10 ဟာ Renders ဓာတ်ပုံတွေထဲက ဒီဇိုင်းအတိုင်း တကယ်ထွက်ရှိလာမယ်ဆိုတာကို ရာနှုန်းပြည့်မဟုတ်တောင် ရာနှုန်းပြည့်နီးပါး ယုံကြည့်လို့ရမယ်လို့ မျှော်လင့်ရပါတယ်။

Galaxy Note 10 ရဲ့ Renders ဓာတ်ပုံတွေဟာ Ishan Agarwal နဲ့ Roland Quandt ဆိုတဲ့ တွစ်တာအကောင့်ပိုင်ရှင်တွေဆီကနေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ အရင်တုန်းက ပေါက်ကြားထွက်ပေါ်မှုနဲ့ ကောလဟလသတင်းတွေကြောင့် Galaxy Note 10 က Punch-hole ကို Display ရဲ့ ထိပ် အလယ်တည့်တည့် မှာ ဖောက်ထားပြီး Triple Camera Setup ကို နောက်ကျောဘက်မှာ ဒေါင်လိုက်တပ်ဆင်ထားမယ်ဆိုတာကို အားလုံးသိကြပြီးသား ဖြစ်မှာပါ။ ဒါပေမယ့် အဲ့ဒီအချိန်တုန်းက သူရဲ့ ဒီဇိုင်း၊ ကာလာ၊ အနေအထားတွေကို တိတိကျကျ မသိခဲ့ရပါဘူး။ ဒီတခေါက်ထွက်ပေါ်လာတဲ့ ပုံတွေမှာတော့ ဒီဇိုင်းကစလို့ အရောင်တွေအထိ ရှင်းလင်းပြတ်သားစွာ မြင်တွေ့ရပါြပီ။ အထူးသဖြင့် အရောင်ပြေးဒီဇိုင်းပုံဖော်ထားတဲ့ Galaxy Note 10 က ပိုပြီး လှပကျော့ရှင်းတယ်လို့ ပြောရမှာပါ။

ကိုယ်ထည်ဒီဇိုင်းအပိုင်းမှာ Bixby Key (Button) ပါဝင်တာကို မတွေ့ရတဲ့အပြင် Bezels တွေကလည်း Galaxy Note 9 ထက် တော်တော်လေးကို သေးငယ်သွားပါတယ်။ ဒါပေမယ့် Marketing ဓာတ်ပုံတွေဟာ တကယ်ရှိတာထက် Bezels တွေကို မသိမသာလေး ပိုသေးထားတတ်တာကိုတော့ သတိပြုဖို့ လိုအပ်ပါလိမ့်မယ်။ ဒါ့ကြောင့် တကယ့်လက်တွေ့ဘဝထဲက Galaxy Note 10 ဟာ ဘယ်လောက်ထိ သေသပ်လှပမလဲဆိုတာကို ထပ်မံစောင့်ကြည့်ရဦးမှာပါ။