Samsung ဟာ သူ့ရဲ့ အမိမြေမှာ နောက်ထပ် Galaxy Quantum မျိုးဆက်သစ်ဖုန်းတွေကို မိတ်ဆက်နေပြီ ဖြစ်ပါတယ်။ Galaxy Quantum စီးရီးဖုန်းတွေဟာ Galaxy A series တွေကို အခြေခံလေ့ရှိတယ်ဆိုပေမဲ့ ဒီတစ်ခါမှာတော့ Samsung က သူ့ရဲ့ Trend ကို ပြောင်းလိုက်ပြီလို့ ဆိုရမှာပါ။

Galaxy Quantum 3 ကို ပွဲထုတ်ခဲ့ပြီး လာမဲ့ ဧပြီလ ၂၂ ရက်နေ့မှာ စတင်ပြီး ကြိုတင်မှာယူနိုင်မှာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ အခုအချိန်အထိတော့ ဈေးနှုန်းကို ထုတ်ဖော်ခြင်းမရှိသေးပါဘူး။ Quantum 3 ဟာ မကြာသေးခင်က ဥရောပဈေးကွက်မှာ တိတ်တဆိတ်မိတ်ဆက်သွားတဲ့ Galaxy M53 5G ကို အခြေခံထားတာ တွေ့ရပါတ်ယ။

Galaxy Quantum 3 မှာ 6.7-inch Super AMOLED infinity-O display ပါရှိပြီး Full HD+ ရုပ်ထွက်နဲ့ 120Hz refresh rate တို့ ပါရှိပါတယ်။ 108MP အဓိက ကင်မရာနဲ့ 8MP ultrawide, 2MP macro, 2MP depth sensor စတဲ့ ကင်မရာလေးလုံးကို ကျောဘက်မှာ တပ်ဆင်ပေးထားပါတယ်။ Selfie ကင်မရာကတော့ 32MP ဖြစ်ပြီး အရှေ့ရော၊ အနောက် ကင်မရာနှစ်လုံးစလံဒးဟာ 4K 30fps ဗီဒီယိုတွေကို ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။

Galaxy Quantum 3 မှာ MediaTek Dimensity 900 chipset နဲ့ 6GB/8GB of RAM, storage 128GB/256GB တို့ကို ထောက်ပံ့ပေးထားပါတယ်။ သိုလှောင်မှုတိုးချဲ့ဖို့အတွက် microSD card slot လည်း ပါဝင်ဖွယ်ရှိပါတယ်။ အခြားအချက်တွေကတော့ 5G, GPS, Wi-Fi 5, Bluetooth, NFC, USB Type-C စတာတွေပါဝင်ပြီး Fingerprint scanner ကတော့ ဘေးဘောင်မှာ တပ်ဆင်ထားပါတယ်။ ဘက်ထရီကတော့ 5,000mAh ပမာဏဖြစ်ပြီး 25W အမြန်အားသွင်းစနစ်ကို ထောက်ပံ့ပေးထားပါတယ်။

Ref: sammobile