[Zawgyi]
Ref : gsmarena
[Unicode]
Galaxy S10, S10+ နဲ့ S10e တို့အတွက် Night Mode for Selfies ရပြီ
ဥရောပက Samsung Galaxy S10 , S10+ နဲ့ S10e တို့အတွက် Software Update အသစ် ၁ ခုကို ဖြန့်ချိပေးလိုက်ပါတယ်။ အဲဒီ Update မှာ Note 10 Series နဲ့ မိတ်ဆက်ခဲ့တဲ့ Live Focus Video နဲ့ Night Mode for Selfies စတဲ့ လုပ်ဆောင်ချက် အသစ်တွေနဲ့အတူ September 2019 Security Patches ပါလာပါတယ်။ ဒါ့အပြင် Link to Windows နဲ့ DeX for PC Support တွေ ထည့်ထားပါတယ်။
Camera App မှာ AR Doodle Function ပါလာပေမယ့် Video Mode မှာ Selfies အတွက်သာ သုံးနိုင်ပါတယ်။ အဲဒီ လုပ်ဆောင်ချက်တွေ အားလုံးကို Note 10 Series တွေမှာ ထည့်သွင်းပေးထားပြီး Android 10 နဲ့ မဟုတ်ဘဲ S10 Series တွေအတွက် အမြန်ဆုံး ထုတ်လုပ်ပေးလိုက်တာ ကောင်းပါတယ်။
Software Update ရဲ့ အရွယ်အစားဟာ 1.2GB ရှိပါတယ်။ သင်ဟာ S10e ကိုင်ထားတာ ဆိုရင် G97xFXXU3ASIG Firmware Version ဖြစ်ပါတယ်။ S10 ဆိုရင်တော့ x နေရာမှာ 3 ဖြစ်မှာပါ။ S10+ ကိုင်ထားရင် x နေရာမှာ 5 ဖြစ်သွားမှာပါ။ ဥရောပမှာ ၁ နိုင်ငံပြီး ၁ နိုင်ငံ ဖြန့်ချိပေးမှာ ဖြစ်တဲ့ အတွက် သင့်မှာ အဲဒီ Update မရသေးရင် ရက်အနည်းငယ် စောင့်ဆိုင်းရမှာ ဖြစ်ပါတယ်။
Ref : gsmarena