[Zawgyi]

လူေတာ္ေတာ္မ်ားမ်ားက စမတ္ဖုန္းကာဗာဝယ္ေတာ့မယ္ဆိုရင္ မ်ားေသာအားျဖင့္ ကန္ေဒၚလာ ၁၅ ကေန ၂၀ ေဒၚလာေလာက္ပဲ သုံးၾကတာပါ။ ျပည္တြင္းမွာဆိုရင္ေတာ့ ၅၀၀၀ ကေန ၁၅၀၀၀ က်ပ္ ဝန္းက်င္ေပါ့။ ဒါေပမယ့္ GRAY ကေတာ့ လူေတာ္ေတာ္မ်ားမ်ားထဲက မဟုတ္တဲ့ လူခ်မ္းသာေတြအတြက္ အလြန္အင္မတန္ တန္ဖိုးႀကီးတဲ့ စမတ္ဖုန္းကာဗာေတြကို ထုတ္လုပ္လိုက္ပါၿပီ။

Titanium

GRAY ထုတ္လုပ္လိုက္တဲ့ စမတ္ဖုန္းကာဗာေတြမွာ Titanium, Stealth, Gold နဲ႔ Aurora ဆိုတဲ့ အမ်ိဴးအစား ၄မ်ိဴးရွိၿပီး ကန္ေဒၚလာ ၇၀၁ ကေန ၁၃၀၆ ေဒၚလာ အထိ က်သင့္မွာ ျဖစ္ပါတယ္။ GRAY အေနနဲ႔ စမတ္ဖုန္းကာဗာေတြကို Samsung Galaxy S10+ တစ္မ်ိဴးတည္း အတြက္သာ ထုတ္လုပ္ထားတာ ျဖစ္ပါတယ္။ သင္က ကာဗာေတြကို ႀကိဳက္လို႔ဝယ္မယ္ဆိုရင္ေတာင္မွ သင့္မွာ Samsung Galaxy S10 ဒါမွမဟုတ္ iPhone XS Max ဒါမွမဟုတ္ တျခားေသာ စမတ္ဖုန္းပဲ ရွိတယ္ဆိုရင္ေတာ့ စိတ္မေကာင္းပါဘူးလို႔ ေျပာလိုက္ပါရေစ။

Gold

ေစ်းႏႈန္းေတြအေနနဲ႔ Titanium က ကန္ေဒၚလာ ၇၀၁ ( ျမန္မာေငြ ၁၀၇,၀၀၀၀ က်ပ္ ဝန္းက်င္)၊ Stealth က ကန္ေဒၚလာ ၈၀၂ ( ျမန္မာေငြ ၁၂သိန္း ဝန္းက်င္)၊ Gold က ကန္ေဒၚလာ ၁၁၅၆ ( ျမန္မာေငြ ၁၇၆,၀၀၀၀ က်ပ္ ဝန္းက်င္) နဲ႔ Aurora က ကန္ေဒၚလာ ၁၃၀၆ ( ျမန္မာေငြ သိန္း ၂၀ ဝန္းက်င္) ဆိုၿပီး အသီးသီး က်သင့္မွာ ျဖစ္ပါတယ္။ Titanium က ကန္႔သတ္ထုတ္ကုန္ မဟုတ္ေပမယ့္ Stealth ကို အခု ၁၀၀၊ Gold နဲ႔ Aurora ကို အခု ၅၀ စီပဲ ကန္႔သတ္ထုတ္လုပ္ထားတယ္လို႔ ဆိုပါတယ္။

Aurora

အဆိုပါ ကာဗာေတြအတြက္ Pre-order စတင္လက္ခံေနၿပီ ျဖစ္တာေၾကာင့္ မွာယူလိုပါက ဒီလင့္မွာ သြားေရာက္စစ္ေဆးၾကည့္ရႈ႕ႏိုင္ပါတယ္။

Ref : Android Police

[Unicode]

ငွေကျပ် သိန်း ၂၀ ဝန်းကျင် တန်ကြေးရှိတဲ့ Samsung Galaxy S10+ ဖုန်းကာဗာ

လူတော်တော်များများက စမတ်ဖုန်းကာဗာဝယ်တော့မယ်ဆိုရင် များသောအားဖြင့် ကန်ဒေါ်လာ ၁၅ ကနေ ၂၀ ဒေါ်လာလောက်ပဲ သုံးကြတာပါ။ ပြည်တွင်းမှာဆိုရင်တော့ ၅၀၀၀ ကနေ ၁၅၀၀၀ ကျပ် ဝန်းကျင်ပေါ့။ ဒါပေမယ့် GRAY ကတော့ လူတော်တော်များများထဲက မဟုတ်တဲ့ လူချမ်းသာတွေအတွက် အလွန်အင်မတန် တန်ဖိုးကြီးတဲ့ စမတ်ဖုန်းကာဗာတွေကို ထုတ်လုပ်လိုက်ပါပြီ။

Titanium

GRAY ထုတ်လုပ်လိုက်တဲ့ စမတ်ဖုန်းကာဗာတွေမှာ Titanium, Stealth, Gold နဲ့ Aurora ဆိုတဲ့ အမျိူးအစား ၄မျိူးရှိပြီး ကန်ဒေါ်လာ ၇၀၁ ကနေ ၁၃၀၆ ဒေါ်လာ အထိ ကျသင့်မှာ ဖြစ်ပါတယ်။ GRAY အနေနဲ့ စမတ်ဖုန်းကာဗာတွေကို Samsung Galaxy S10+ တစ်မျိူးတည်း အတွက်သာ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ သင်က ကာဗာတွေကို ကြိုက်လို့ဝယ်မယ်ဆိုရင်တောင်မှ သင့်မှာ Samsung Galaxy S10 ဒါမှမဟုတ် iPhone XS Max ဒါမှမဟုတ် တခြားသော စမတ်ဖုန်းပဲ ရှိတယ်ဆိုရင်တော့ စိတ်မကောင်းပါဘူးလို့ ပြောလိုက်ပါရစေ။

Gold

စျေးနှုန်းတွေအနေနဲ့ Titanium က ကန်ဒေါ်လာ ၇၀၁ ( မြန်မာငွေ ၁၀၇,၀၀၀၀ ကျပ် ဝန်းကျင်)၊ Stealth က ကန်ဒေါ်လာ ၈၀၂ ( မြန်မာငွေ ၁၂သိန်း ဝန်းကျင်)၊ Gold က ကန်ဒေါ်လာ ၁၁၅၆ ( မြန်မာငွေ ၁၇၆,၀၀၀၀ ကျပ် ဝန်းကျင်) နဲ့ Aurora က ကန်ဒေါ်လာ ၁၃၀၆ ( မြန်မာငွေ သိန်း ၂၀ ဝန်းကျင်) ဆိုပြီး အသီးသီး ကျသင့်မှာ ဖြစ်ပါတယ်။ Titanium က ကန့်သတ်ထုတ်ကုန် မဟုတ်ပေမယ့် Stealth ကို အခု ၁၀၀၊ Gold နဲ့ Aurora ကို အခု ၅၀ စီပဲ ကန့်သတ်ထုတ်လုပ်ထားတယ်လို့ ဆိုပါတယ်။

Aurora

အဆိုပါ ကာဗာတွေအတွက် Pre-order စတင်လက်ခံနေပြီ ဖြစ်တာကြောင့် မှာယူလိုပါက ဒီလင့်မှာ သွားရောက်စစ်ဆေးကြည့်ရှု့နိုင်ပါတယ်။

Ref : Android Police