Zawgyi

Samsung ရဲ႕ မ်ဳိးဆက္သစ္ Flagship စမတ္ဖုန္းေတြကို မိတ္ဆက္လာဖို႔ေတာ့ လအနည္းငယ္လိုပါေသးတယ္။ ဒါေပမယ့္ သူ႕မွာ ဘယ္လို Specs ေတြ ပါလာမလဲ ဆုိတာကိုေတာ့ သတင္းေတြ ထြက္စျပဳလာခဲ့ပါၿပီ။ ေရွ႕မွာ Samsung Galaxy S11 မွာ 108MP အဓိက Sensor အသုံးျပဳလာမယ္ ဆုိတဲ့ သတင္းအရင္ထြက္လာခဲ့ၿပီး လက္ရွိေစ်းကြက္ထဲက Xiaomi နဲ႔ ပူးတြဲထုတ္လုပ္ထားတဲ့ ISOCELL Bright HMX Sensor ကို အသုံးျပဳလာမယ္လို႔ ယုံၾကည္ခဲ့ၾကပါတယ္။

ဒါေပမယ့္ ယေန႔မွာထြက္ရွိလာတဲ့ Leak သတင္းအရေတာ့ Galaxy S11 မွာပါဝင္မယ့္ 108MP Sensor ဟာ အသစ္တစ္ခုျဖစ္တယ္လို႔ ဆုိလာခဲ့ပါတယ္။ ဒါေၾကာင့္ Xiaomi CC9 Pro/ Mi Note 10 မွာျမင္ရတဲ့ 108MP ကင္မရာနဲ႔ ကြာျခားသြားေတာ့မွာပါ။ Sensor အသစ္ဟာ မ်ဳိးဆက္သစ္ျဖစ္တယ္ဆုိတာကလြဲလို႔ ဘာအေသးစိတ္အခ်က္အလက္ကိုမွ မသိရေသးပါဘူး။ ဒါကလည္း အခ်ိန္အနည္းငယ္ေစာေနေသးလို႔ ျဖစ္ႏုိင္ပါတယ္။

108MP အဓိကကင္မရာအျပင္ Galaxy S11 မွာ ပါဝင္လာမယ္လို႔ ယုံၾကည္ရတဲ့ Specs ေတြကေတာ့ ခ်စ္ပ္ဆက္အတြက္ Snapdragon 865 သို႔မဟုတ္ လက္ရွိမေၾကညာရေသးတဲ့ Exynos 9830 ၊ မန္မုိရီပုိင္းမွာ LPDDR5 RAM စနစ္သစ္ အသုံးျပဳလာမယ္ဆုိတာပါပဲ။

Galaxy S11 မွာ အသုံးျပဳမယ့္ နည္းပညာနဲ႔ Specs ေတြဟာ လက္ရွိအခ်ိန္မွာ ေစ်းကြက္ထဲကို ေရာက္ရွိကာစ သုိ႔မဟုတ္ရင္ ေရာက္ရွိဖို႔ ျပင္ဆင္ေနဆဲအဆင့္မွာသာ ေတာ္ေတာ္မ်ားမ်ားရွိၾကဦးမွာျဖစ္ပါတယ္။ ဒါေပမယ့္ Flagship စမတ္ဖုန္းေတြကို ရင္ခုန္သူေတြအတြက္ေတာ့ Galaxy S11 ထုတ္ကုန္လိုင္း မိတ္မဆက္ခင္ထိ စိတ္ေက်နပ္စရာသတင္းေတြ အခုလိုပဲ ဆက္ထြက္လာဦးမယ္လို႔ ယူဆရပါတယ္။

Ref – GSM Arena

Unicode

Samsung ရဲ့ မျိုးဆက်သစ် Flagship စမတ်ဖုန်းတွေကို မိတ်ဆက်လာဖို့တော့ လအနည်းငယ်လိုပါသေးတယ်။ ဒါပေမယ့် သူ့မှာ ဘယ်လို Specs တွေ ပါလာမလဲ ဆိုတာကိုတော့ သတင်းတွေ ထွက်စပြုလာခဲ့ပါပြီ။ ရှေ့မှာ Samsung Galaxy S11 မှာ 108MP အဓိက Sensor အသုံးပြုလာမယ် ဆိုတဲ့ သတင်းအရင်ထွက်လာခဲ့ပြီး လက်ရှိဈေးကွက်ထဲက Xiaomi နဲ့ ပူးတွဲထုတ်လုပ်ထားတဲ့ ISOCELL Bright HMX Sensor ကို အသုံးပြုလာမယ်လို့ ယုံကြည်ခဲ့ကြပါတယ်။

ဒါပေမယ့် ယနေ့မှာထွက်ရှိလာတဲ့ Leak သတင်းအရတော့ Galaxy S11 မှာပါဝင်မယ့် 108MP Sensor ဟာ အသစ်တစ်ခုဖြစ်တယ်လို့ ဆိုလာခဲ့ပါတယ်။ ဒါကြောင့် Xiaomi CC9 Pro/ Mi Note 10 မှာမြင်ရတဲ့ 108MP ကင်မရာနဲ့ ကွာခြားသွားတော့မှာပါ။ Sensor အသစ်ဟာ မျိုးဆက်သစ်ဖြစ်တယ်ဆိုတာကလွဲလို့ ဘာအသေးစိတ်အချက်အလက်ကိုမှ မသိရသေးပါဘူး။ ဒါကလည်း အချိန်အနည်းငယ်စောနေသေးလို့ ဖြစ်နိုင်ပါတယ်။

108MP အဓိကကင်မရာအပြင် Galaxy S11 မှာ ပါဝင်လာမယ်လို့ ယုံကြည်ရတဲ့ Specs တွေကတော့ ချစ်ပ်ဆက်အတွက် Snapdragon 865 သို့မဟုတ် လက်ရှိမကြေညာရသေးတဲ့ Exynos 9830 ၊ မန်မိုရီပိုင်းမှာ LPDDR5 RAM စနစ်သစ် အသုံးပြုလာမယ်ဆိုတာပါပဲ။

Galaxy S11 မှာ အသုံးပြုမယ့် နည်းပညာနဲ့ Specs တွေဟာ လက်ရှိအချိန်မှာ ဈေးကွက်ထဲကို ရောက်ရှိကာစ သို့မဟုတ်ရင် ရောက်ရှိဖို့ ပြင်ဆင်နေဆဲအဆင့်မှာသာ တော်တော်များများရှိကြဦးမှာဖြစ်ပါတယ်။ ဒါပေမယ့် Flagship စမတ်ဖုန်းတွေကို ရင်ခုန်သူတွေအတွက်တော့ Galaxy S11 ထုတ်ကုန်လိုင်း မိတ်မဆက်ခင်ထိ စိတ်ကျေနပ်စရာသတင်းတွေ အခုလိုပဲ ဆက်ထွက်လာဦးမယ်လို့ ယူဆရပါတယ်။

Ref – GSM Arena