Samsung နဲ့ သတင်းပေါက်ကြားမှုဆိုတာ အတော်လေးကိုအတွဲညီတဲ့ မိတ်ဖက်တွေလို့ ပြောရတော့မလိုပါပဲ။ တစ်ယောက်ယောက်က သွားတိုက်ဆေးဆိုတာနဲ့ ဘာကိုပြေးမြင်သလဲလို့မေးလိုက်တာနဲ့ သွားပွတ်တံလို့ ဖြေကြသလို၊ Samsung ဆိုတာနဲ့ Leak လို့ဖြေရတော့မလိုပါပဲ။

ဒီတစ်ခါ ပေါက်ကြားလာတာက Samsung Galaxy S22 တွေအကြောင်းပဲလားဆိုရင်တော့ မဟုတ်ပါဘူး။ Galaxy S22 ရောင်းချချိန်မှာ Pre-order တင်ထားသူတွေကိုလက်ဆောင်အဖြစ်ပေးမှာက အနက်ရောင် Galaxy Buds Pro ဖြစ်တယ်ဆိုတဲ့အကြောင်းပါပဲ။ သတင်းပေါက်ကြားမှုကို ဖြစ်ပေါ်စေတာက ပိုလန်ဝက်ဘ်ဆိုက်က ဖြစ်ပါတယ်။

ဝက်ဘ်ဆိုက်မှာ မတော်တဆဖော်ပြခဲ့ပြီး ချက်ချင်းဆိုသလို ပြန်ဖျက်ခဲ့တယ်ဆိုပေမဲ့ Screen Shot အချို့က ကျန်ရစ်ခဲ့ပြီး တွစ်တာနဲ့အခြားမီဒီယာတွေမှာပါ ပျံ့နှံ့ခဲ့ပြီဖြစ်ပါတယ်။ ဒီပေါက်ကြားမှုက မတော်တဆလား၊ ရည်ရွယ်ချက်နဲ့လားဆိုတာတော့ Samsung ကပဲ သိနိုင်ပါလိမ့်မယ်။

Galaxy Buds Pro ဟာ ပြီးခဲ့တဲ့နှစ်က ထွက်ခဲ့တာပါ။ Active Noise Cancellation (ANC) လုပ်ဆောင်ချက်နဲ့ Dolby Atmos surround sound တွေကို ယူဆောင်လာပြီး IPX7 ရေစိုခံနိုင်မှုလည်း ထောက်ပံ့ထားပါတယ်။ Galaxy S22 Ultra ကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ စတင်ဖြန့်ချိမှာဖြစ်ပြီး အခြားမော်ဒယ်နှစ်ခုကို မတ်လ ၁၁ ရက်နေ့မှာ ရောင်းချမယ်လို့ အတည်ပြုနိုင်တာလည်း ဖြစ်ပါတယ်။ Pre-order တွေကို ဖေဖော်ဝါရီလ ၉ ရက်နေ့မှာစတင်မှာဖြစ်ပါတယ်။

Ref: Phone Arena